HP (မြင်းကောင်ရေ) ဆိုတာ ဘာလဲ …… ?

HP (မြင်းကောင်ရေ) ဆိုတာ ဘာလဲ …… ?

(လူတွေအမှတ်မှားနေတဲ့ မြင်းကောင်ရေအကြောင်း)

မြင်းကောင်ရေ …
( HP)ဆိုတာ ဘာလဲ … ? ဆိုပြီး
ငယ်ငယ်က ……
ရူပဗေဒသင်္ခန်းစာထဲမှာ
သင်ခဲ့ရဖူးပါတယ်။
ရူပဗေဒထဲမှာတော့
မြင်းကောင်ရေဆိုတာ
(Work done)
အလုပ်ပြီးမြောက်နိုင်မှုကို
ဖော်ပြတာလို့ ဆိုပါတယ်။
ဒီလို သင်ခဲ့ရပေမယ့်
HP ဆိုတာ
မြင်းတွေရဲ့ ….
အကောင်အရေအတွက်ကို
စံထားပြီး ….
သတ်မှတ်တိုင်းတာတာလို့
အခုထိ ….
မှတ်ယူနေဆဲဖြစ်ပါတယ်။

Tesla S P90D
အမျိုးအစား လျှပ်စစ်ကားမှာ
ရှေ့ပိုင်းဟာ HP 250 ဖြစ်ပြီး၊
နောက်ပိုင်းကတော့
HP 503 ဖြစ်ပါတယ်။
နှစ်ခုပေါင်း HP ဟာ
(700) ကျော်နေပြီး၊
အဆိုပါကားရဲ့ စွမ်းအင်ဟာ
အားကောင်းမောင်းသန်
မြင်းပေါင်း (၇၀၀)ကျော်နဲ့
ညီမျှတယ်လို့
ဆိုလိုတာ မဟုတ်ပါဘူး။
အဓိပ္ပါယ်တွေက
သီးခြားဆီ ဖြစ်ပါတယ်။

သို့ပေမယ့်….
မြင်းတစ်ကောင်ဟာ
စွမ်းအင်ထုတ်လုပ်မှု
အမြင့်ဆုံးအချိန်မှာ
HP 14.9 အထိ ရှိပြီး၊
လူတစ်ယောက်ကတော့
HP 5 ဖြစ်ပါတယ်။
ဒါပေမယ့် ….
လူတိုင်းက စူပါဟီးရိုးတွေ
မဟုတ်တဲ့အတွက်
လူတိုင်းဟာ……
မြင်း (၅)ကောင်နဲ့တူတဲ့
စွမ်းအားတွေ …..
ထုတ်နိုင်နေတာ မဟုတ်ပါဘူး။

ဆိုတော့ …..
HP တစ်ယူနစ်ဟာ
မြင်းတစ်ကောင်ကို
ရည်ညွှန်းတာ မဟုတ်ပါဘူး။
ဒါပေမယ့်…..
မြင်းတစ်ကောင်ကို
အလေးချိန်တစ်ခုခု
ကျောပေါ်မှာ သယ်စေပြီး
အချိန်အတိုင်းအတာ
တစ်ခုအတွင်းမှာ သွားနိုင်တဲ့
ခရီးအတိုင်းအတာကိုတော့
HP က ညွှန်းဆိုနိုင်ပါတယ်။
အမေရိကန် ….
စံသတ်မှတ်ချက်ဆိုရင်တော့
1 HP ဟာ
33000 foot-pounds per minute ဖြစ်ပါတယ်။

ဒါဟာ …..
ဘာကို ဆိုလိုသလဲဆိုရင်
မြင်းတစ်ကောင်ပေါ်မှာ
(၃၃)ပေါင် အလေးချိန်ရှိတဲ့
ဝန်စည်တစ်ခုကို တင်ပြီး
မောင်းနှင်တယ်ဆိုပါစို့၊
အဆိုပါ မြင်းဟာ
တစ်မိနစ်အတွင်းမှာ
ပေ(၁၀၀၀) စွဲနိုင်ပါတယ်။
ဒီလိုပဲ……
ပေါင် (၃၃၀)အလေးချိန်ရှိတဲ့
ဝန်စည်နဲ့ …….
မြင်းကို မောင်းမယ်ဆိုပါက
တစ်မိနစ်မှာ ပေ (၁၀၀)သာ
သွားနိုင်မယ်လို့ ဆိုလိုတာပါ။

HP ဆိုတဲ့
ယူနစ်ကို ….
ဂျိမ်းစ်ဝပ်က
တီထွင်ခဲ့တာ ဖြစ်ပါတယ်။
HP ဟာ….
မြင်းတစ်ကောင်ရဲ့
အလုပ်လုပ်နိုင်စွမ်းကို
အခြေခံတွက်ချက်တာဖြစ်ပြီး
1 HP က….
မြင်းတစ်ကောင်နဲ့ ညီတာကို
ပြောတာမဟုတ်ပါဘူး။
ဂျိမ်းစ်ဝပ်ရဲ့နည်းကို
မက်ထရစ်စနစ်အသုံးပြုတဲ့
နိုင်ငံတွေက
foot-lb အစား
meter-kg နဲ့
အစားထိုးတွက်ကြပါတယ်။
ဂျာမန်တွေကတော့
HP ကို …….
pferdestärke
(PS) လို့ ပြောင်းခေါ်ပြီး၊
အီတလီတွေကတော့
cavalli vapore
(CV) လို့ ခေါ်ဝေါ်ကြပါတယ်။
သို့ပေမယ့် …..
အခြေခံအားဖြင့် တူပေမယ့်
အမေရိကန်စံနှုန်းထက်
(၁.၄)% အထိ လျှော့နည်းနေပါတယ်

Credit

(Shwemom)
source:
Copy by Arkar Lay