သင်ဘာကို သက်သေပြချင်နေတာလဲ❓

သင်ဘာကို သက်သေပြချင်နေတာလဲ❓

===========================

အချို့ သူများဟာ သူများထက်လှတာကို အခွင့်ကြုံတိုင်း သက်သေပြချင်ကြသလို

အချို့ ကျတော့ သူများထက် ထူးချွန်
ကြောင်း သက်သေပြချင်ကြတယ်။

အချို့ လည်း ကိုယ့်သားသမီးက ပိုတော်
ကြောင်း သက်သေပြချင်ကြသလို

စည်းစိမ်ချမ်းသာ၊ ရာထူး၊ ဂုဏ် စသည်တို့ကို ပြချင်တဲ့သူတွေလည်း အများကြီး ရှိကြပါတယ်။

သင်ကော ဘာကို သက်သေပြချင်နေတာလဲ။

စိတ်ပညာရှင်များရဲ့ အဆိုအရ…
ဘာပဲ သက်သေပြချင် ပြချင်

အဲဒီ ပြချင်တဲ့ စိတ်ကိုက စိတ်ဓါတ်အား
နည်းချက်လို့ ဆိုပါတယ်။

သူများထက်လှတယ်လို့ သက်သေပြချင်တဲ့သူဟာ စပြတဲ့အချိန်ကစလို့ စတင်ရုပ်ဆိုးနေပါပြီ။

ဘာကြောင့်လည်းဆိုတော့ ပြင်ဆင်ခြင်းအလှ တောက်ပပြီး ကျက်သရေ အလှ
ပျောက်ဆုံးသွားလို့ပါပဲ။

ပိုထူးချွန်ကြောင်း ပိုချမ်းသာကြောင်း၊ ဂုဏ်ပိုရှိကြောင်း၊ ဒါတွေဟာလည်း တူတူပါပဲ

စတင်သက်သေပြတဲ့ နေ့ကစပြီး အကျဉ်းတန် စိတ်ဆင်းရဲ ရပါပြီ။

ဘာကြောင်လည်းဆိုတော့ ဘယ်သူကမှ ကိုယ်ထက်သာကြောင်း၊ ကိုယ်ထက်ထူးချွန်ကြောင်း မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊ ရိုးပြနေတဲ့လူကို မနှစ်သက်ကြပါဘူး။

သက်သေပြတယ်ဆိုတာ ပညာသားပါတဲ့
ကြွားဝါခြင်း တစ်မျိုးပါ။

လူဆိုတာ ကိုယ့်အားနည်းချက် ( သို့ ) ယုံ
ကြည်ချက် မရှိတဲ့ အကြောင်းအရာတွေကို ပိုမိုကြွားလိုကြပါတယ်။

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပိုက်ဆံကိုခဏခဏ ကြွားတဲ့လူများဟာ ပိုက်ဆံအရာမှာ မလုံခြုံသေးလို့ပါ။

ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ ထူးချွန်တာကို ထုတ်ကြွားနေသေးရင်
ကိုယ့်ကိုယ်ကို ယုံကြည်မူ မရှိသေးလို့ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ သူ့အရည်အချင်းနဲ့သူ၊ သူ့အလှနဲ့သူ ပိုင်ဆိုင်ကြပါတယ်။

ကိုယ့်ကိုယ်ကို လုံးဝ သက်သေပြစရာ
မလိုတဲ့ တစ်နေ့….
သဘာဝအလှနဲ့ ယုံကြည်ခြင်း အလှ သင်စတင်ပိုင်ဆိုင်နေပါပြီ။

အားလုံး ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်
လှပနိုင်ကြပါစေ။

Credit -🖋 ဆရာအောင်ကိုလတ်