သား ကို မရိုက်ပါနဲ့ ဦးကြီးရယ်

သား ကို မရိုက်ပါနဲ့ ဦးကြီးရယ်

*************************
ဖတ်ကြည့်နော်…

ရပ်ကွက်ထဲမှာ…
ပိုက်ဆံရှိတဲ့ လူကြီးတစ်ယောက်က အလှူပေးတဲ့
အနေနဲ့
မရှိဆင်းရဲသား ကလေးသူငယ်တွေကို ထမင်းကျွေးတာ
ပေါ့။

ကလေးတွေ အများကြီး လာစားကြပါတယ်။

ဝက်သားဟင်းနဲ့ ချဉ်ရည်ဟင်းရယ် ဟင်းကြမ်းတစ်ခွက်
ရယ်ပါ။

တစ်ယောက်ကို ဟင်းတုံးနှစ်တုံးစီ ထည့်ပေးပါတယ်။

အလှူအတန်းလုပ်ပြီးတော့ ကလေးတွေ စားနေကြတာကို
လိုက်ကြည့်ကာ
အလှူရှင်ကလည်း ပီတိဖြစ်နေတာပေါ့။

အဲဒီလိုလိုက်ကြည့်တဲ့အခါ ကလေးလေး တစ်ယောက်
က
ဦးထုပ်မချွတ်ပဲ ထမင်းစား နေတယ်တဲ့။

ပန်းကန်ထဲမှာလည်း ဟင်းတုံးတစ်တုံးမှ မရှိတော့ဘူး။

ချဉ်ရည်ဟင်းလေး ဆမ်းစားနေတာ တွေ့တော့…

ဟာ…
ဟိုကောင်တွေ ဒီကလေးကို ဟင်း ထည့်မပေးကြဘူးနဲ့
တူတယ်။

ဟေ့…ဒီကိုလာဦး ဟင်းလိုက်တဲ့ တစ်ယောက်

ဗျာ…

ဆရာ…ကျွန်တော် ခဏနေကပဲ ဟင်းတုံး နှစ်တုံး
ဒီကလေးလေးကို ထည့်ပေးခဲ့သေးတယ်။
ခု မရှိတော့ဘူးလား-?

အဲဒီအချိန်မှာ ကလေးဆောင်းထားတဲ့ ဦးထုပ်ထဲကနေ
မျက်နှာပေါ်ကို အရည်တွေလိုလို ဆီတွေလိုလို ကျလာ
ပါတယ်။

အဲဒါနဲ့ လူကြီးက ဦးထုပ်ကို ဆွဲချွတ်လိုက်တော့
ခေါင်းပေါ်မှာ
ဝက်သားတုံးကြီး နှစ်တုံး တင်ထားပါတယ်။

ဟင်…မင်း မစားပဲနဲ့ ဒါ ဘာလုပ်တာလဲ-?

လူကြီးက မေးလိုက်တော့ ကလေးလေးက
ကြောက်သွားပါတယ်။

သူ့ရဲ့အကြည့်လေးတွေကလည်း အပြစ်ကင်းစင်ပြီး
သနားစရာလည်း အရမ်း ကောင်းနေပါတယ်။

ပြီးတော့ ကလေးလေးဟာ မျက်ရည်လေးတွေ
ဝဲလာတယ်လေ…

ဦးကြီးရယ်…သားကို…မရိုက်ပါနဲ့နော်…

သားလေ…သား…အမေ့အတွက် ယူသွားချင်လို့ပါ။

အမေက အိပ်ယာထဲမှာ နေလည်း မကောင်းဘူး။
ပြီးတော့ သားကို ဝက်သားဟင်းလေး စားချင်တယ်
လို့လည်း ပြောပါတယ်။
အမေ ဆာနေမှာမို့ပါ။
သား မစားပဲ အမေ့အတွက် ယူသွားမလို့ပါ။

ကလေးဟာ ခဏနေက မျက်ရည်လေးတွေ ဝဲရုံတင်
ဝဲနေပေမယ့်
သူပြောချင်တာလေးတွေ ပြောပြီး ငိုပါတော့တယ်။

လူကြီး တော်တော်စိတ်မကောင်း ဖြစ်သွားတယ်လေ။

ရင်ထဲလည်း မကောင်းတော့ပါဘူး။

အေးပါ သားရယ်…မငိုပါနဲ့တော့နော်…

တိတ်…တိတ် လိမ္မာလိုက်တဲ့ ကလေးလေးပဲ…
အမေကို ချစ်တတ်လိုက်တာ…

သား ထမင်းကို ဝက်သားဟင်းနဲ့ပဲ စားနော်…

အပြန်ကျ သားအမေအတွက် ဦး ဟင်းတွေ အများကြီး
ထည့်ပေးလိုက်မယ်နော်…

အဲဒီလိုလည်း ပြောလိုက်ရော ကလေးလေးဟာ
မငိုတော့ပဲ မျက်ရည်တွေ သုတ်လိုက်ပါတယ်။

သား…မကြောက်နဲ့နော်…
ဦးကြီးက မင်းကို ဘာလို့ ရိုက်ရမှာလဲကွ မရိုက်ပါဘူး
နော်…

ကဲ…ငါ့တပည့်…ဒီကလေးကို ဟင်းထပ်ထည့် ပေးလိုက်
ပါဦးကွယ်။

သြော်…ငါ့အမေ မရှိတော့လို့ ခုကျေးဇူးတွေ
မဆပ်နိုင်တော့ပေမဲ့လည်း
မင်းလို ကလေးလေး တစ်ယောက်က အမေကို ချစ်လို့
သူ မစားပဲ
အမေ့အတွက်ဆိုပြီး သိမ်းထားတဲ့ မင်းရဲ့လုပ်ရပ်လေး
ကိုလေ…
ဦးလေး ချီးကျူး ဂုဏ်ယူပါတယ်ကွာ…

crd
Mie Mie