ထိုင်းကိုကျော်မယ်ဆိုလို့ 

ထိုင်းကိုကျော်မယ်ဆိုလို့ 

ထိုင်း မှာ ကားတစ်စီးကို လိုင်စင်ကြေး

အာမခံကြေး ဘီးခွန် ညအိပ်ခွန်

ဘာခွန် ညာခွန် အပြီးအစီး
လိုင်စင်သက်တမ်းတိုးရင် တစ်နှစ်ကျသင့်ငွေဟာ

အိမ်စီးကားငယ် ကျပ် ၅၀၀၀၀ ကျော်လောက်ပါ…

တံခါးလေးပေါက်ဆိုရင်တော့ ၂ ဆ ကုန်ကျပါမယ်…

ထိုင်းတစ်နိုင်ငံလုံး ကြိုက်တဲ့နေရာသွား…

တံတားကြေး လမ်းကြေး မြို့ဝင်ကြေး

နောက်ဘာမှန်းမသိတဲ့ ဘာကြေး ညာကြေးတွေ

လုံးဝ(လုံးဝ)မရှိ အခုမော်တော်ယာဉ်အသုံးပြုသူတွေကို

လည်ပင်းညှစ်ဖို့ ကြံစည်နေတဲ့

ဥပဒေမှာမပါတဲ့ နယ်ကျော်မြို့ဝင်ကြေးဆိုတာ

ကြားတောင် မကြားဖူးပါ…

တောကတက်လာတဲ့ကားရော

နယ်ကတက်လာတဲ့ကားရော

ဘန်ကောက်ထဲဝင် ချင်းမိုင်ထဲဝင်

တစ်ပြားမှ ပေးစရာမလို…

မြို့ရှောင် မိုးပျံတံတား
အမြန်လမ်းကဖြတ်ရင်တော့
လမ်းကြေးပေးရပါတယ်…
မြို့ထဲလမ်းက သွားရင်
တစ်ပြားမှပေးစရာ မလို…

ပြည်နယ် တိုင်းနံပါတ်ပြား
(YGN/MDY)စသည်ဖြင့်ခွဲထားတာ
ယာဉ်တိုက်မှု့ဖြစ်ရင် ဒုစရိုက်မှုတစုံတရာဖြစ်လာရင်
ဘယ်နယ်က ယာဉ်လဲ သိအောင်လို့ပါ…
အမည်ပြောင်း နယ်ပြောင်းလျှောက်
ကြာချိန် အလှည့်ကျရင် ၁ဝ မိနစ်…
ကုန်ကျငွေ ကျပ် ၃၀၀၀၀ ကျော်ခန့်သာ…
ဌာနဆိုင်ရာနဲ့ဆက်ဆံရာမှာ
မြန်မာပြည်နဲ့ ပြောင်းပြန်အချိုးကျတယ်…

လမ်းတွေကလည်းကောင်းလိုက်တာ…
ပုရွတ်ဆိတ်ဆင်းဝပ်စရာနေရာတောင်မရှိ…
လမ်းမီးတွေကလည်း လင်းလိုက်တာ…
ရှေ့မီးကြီးမဖွင့်ဘဲ မောင်းလို့ရတယ်…
မြို့ထဲတင်မဟုတ်ဘူး…
ဟိုင်းဝေးလမ်းမတိုင်း…
ကျုပ်တို့ဆီကလမ်းတွေက
မုန့်လင်မယားဒယ်အိုးပေါ်
ကားမောင်းနေရတဲ့အတိုင်း
ဘယ်ရှောင်လည်းချိုင့်
ညာရှောင်လည်းကျင်းနဲ့…

ထိုင်းမှာ လူတစ်ယောက်ပျမ်းမျှဝင်ငွေဟာ
ကျပ် (၇) သိန်းကျော် အနည်းဆုံးရှိပါတယ်…
လူတစ်ယောက်
အစာ အဟာရပြည့် အောင် အသီးအနှံပါအဝင်
ကောင်းစွာစားသုံးနိုင်တယ်…
လုပ်ငန်းခွန် ဝင်ငွေခွန်ဆောင်ထားပြီးရင်
ဘာစားစား ဘာဝယ်ဝယ်
အခွန် သုံးလေးထပ်ပေးဆောင်စရာမလို…

ကျန်းမာရေး ဝန်ဆောင်မှု အခမဲ့…
ခွဲထားတဲ့ အနာဆေးထည့်ချိန်တန်လို့
ဆေးရုံမသွားရင် ညနေ ၂ နာရီကျော်ရင်
ဆေးရုံက ကျေးဇူးပြု၍ အနာဆေးလာထည့်ပေးပါရှင်လို့
ဖုန်းဆက်ခေါ်လိမ့်မယ်…
အစိုးရဆေးရုံတွေက ပေးတဲ့ဝန်ဆောင်မှုကိုပြောတာပါ…
ဆေးရုံက လူနာထမင်း အဟာရ အခမဲ့ကျွေးတယ်
လူနာကို ဂရုစိုက်တာလည်းပြောစရာမလို…

ပညာရေးကတော့…
နွားနို့စစ်စစ် တစ်နေ့တစ်ထုတ်တိုက်တယ်…
ကျောင်းပိတ်ရက်ရှည်အတွက်
အိမ်ကိုထည့်ပေးလိုက်တယ်….
ထမင်း နေ့လည်စာ အခမဲ့ကျွေးတယ်…
ကျောင်းဝတ်စုံ ၂ စုံစာဝယ်ပြီးရင်
ဘောင်ချာပြပြီး ကျောင်းမှာ
ငွေထုတ်ရုံသာ…
မြန်မာပြည်လို့ မဆန့်မပြဲ
ကြီးတဲ့သူကြီး ဝတဲ့သူ ဝတ်မရ မဖြစ်တော့…
ကလေးတွေကို
စည်းကမ်းမဲ့အမှိုက်ပစ်ရင် ရှက်တတ်အောင်…
တာဝန်ယူတတ်သူတွေဖြစ်အောင်…
ကျောင်းတွေက လေ့ကျင့်ပုံစံပေးသင်ကြားပေးတယ်…
မူလတန်းအဆင့်မှာတောင်
မေးခွန်းမှားတာမရှိပါ…

နိုင်ငံတကာနဲ့ ယှဉ်ပြောနေသူများ
ဘယ်နိုင်ငံမှာ ဘယ်လိုကောက်တယ်ပြောနေသူများ
မြန်မာနိုင်ငံက ပြည်သူတွေအတွက်
ဘာတွေဝန်ဆောင်မှုပေးပြီးပြီလဲ…
ဘယ်လိုတွေလုပ်ပေးပေးပြီးလဲ
ဖြေပေးပါ…

နယ်ကျော်မြို့ဝင်ကြေး
ရန်ကုန်နဲ့ မန်းလေးမှာကောက်ခံလိုသူများ
ဘယ်မှာလဲ လမ်းမီး…
လမ်းအခြေအနေတွေ ဘယ်လိုရှိလဲ…
လမ်းပြအမှတ်အသား…
ဘေးအန္တရာယ်ကင်းရှင်းမှု ရောင်ပြန်တွေ
ပြည့်စုံအောင် တပ်ပြီးပြီလား…
မော်တော်ယာဉ်အသုံးပြုသူတွေအတွက်
ဘာတွေ ဝန်ဆောင်မှုလုပ်ပေးပြီးပြီလဲ…

BOT စနစ်က အလီဘာဘာတို့
အကောင်အထည်ဖော်ခဲ့တာမို့
စာချုပ်မပြည့်မချင်း ကြိတ်ခံရဦးမှာပေါ့လေ…

ဒီလောက် လမ်းတံတားကြေး…
မြို့ဝင်ကြေး ဟိုကြေး ဒီကြေးတွေများနေတာကို…
ရန်ကုန်နဲ့ မန်းလေးက နယ်ကျော်မျြို့ဝင်ကြေးကောက်လို့
ကျန်ပြည်နယ်နဲ့ တိုင်းတွေက
အကုန်လိုက်ကောက်ရင်
ဘယ်လိုလုပ်ကြမှာလဲ…
ကျုပ်တို့က ဆီပုလင်းခါးကြားထိုးထားရုံသာရှိတော့မှာပေါ့…
နယ်ကျော်မြို့ဝင်ကြေး ကောက်ခံဖို့
လုပ်နေတဲ့သူတွေ မျက်တောင်မွေးတစ်ဆုံးသာ
ကြည့်တာလားပြောကြပါဦး…

ခင်ဗျားတို့ပြော ပြောနေတဲ့
ပြည်သူတွေအတွက်တို့
ပြည်သူနဲ့တစ်သားတည်းတို့က
ဘယ်မှာလဲ ဘယ်တော့ဖြစ်မှာလဲ…

ရန်ကုန်နဲ့ မန်းလေးလောက်ကားကြပ်တာ
မဖြေရှင်းတတ်ရင် မလုပ်တတ် မကိုင်တတ်ရင်
ဘန်ကောက်မှာ ကားအစီးရေ
သိန်းနဲ့ချီမောင်းနေတာကို
လမ်းမပိတ်အောင် ကားမပိတ်အောင်
ဘယ်လိုစီစဉ် ညွှန်ကြားလုပ်ကိုင်တယ်ဆိုတာ…
သွားလေ့လာသင့်ပါတယ်…
မရှက်ပါနဲ့ မတတ်တာဆိုတာ
နားမလည်တာဆိုတာ သင်မှတတ်တာပါ…

ကျွန်တော်လည်း နယ်စပ်မှာကားတွေပြင်မရတဲ့ဟာတွေ
ထိုင်းကလာပြင်ပေးရတာမို့
မရှက်ဘဲ ထိုင်းမှာ သွားသင်လာရတာပါ…
ကိုယ်မှ မတတ်တာကိုး…
ခုထိလည်း Update ဖြစ်အောင်
ထိုင်းရော မြန်မာပါမှာ သင်နေရတုန်းပါ…

အဲ့ဒီတော့ ကျွန်တော်ပြောချင်တာ
ခု ပြည်သူတွေ စီးပွားကျနေတယ်…
စားရေး သောက်ရေးခက်ခဲတာကြောင့်…
မှုခင်းတွေတိုးလာတယ်…
ပြည်သူတွေအဆင်မပြေဘူး…
အရင်အစိုးရလက်ထက်ကထက်…
ပိုပြီး ကြပ်တည်းလာကြတယ်….

တစ်ခုခုလုပ်ချင်တယ် လုပ်မယ်ဆို
ပြည်သူတွေ မျက်နှာကို အရင်ကြည့်စေချင်တယ်…

လေနဲ့အာလူးဖုတ်ရကြေးဆို
ဒီနှစ်ကုန် အမေရိကန်ကို ကျော်စေရမယ်
(စလုံးလောက်တော့ပျင်းလို့ ထည့်မပြော)
ကျွန်တော်လည်း ပြောတတ်တာဘဲလေ…
ဖြစ်မလားဆို လက်သုံးစကားအတိုင်း
စောင့်ကြည့်ပါဦး စောင့်ပါဦးပေါ့ဗျာ…

NLD လည်းမဟုတ်
USDP လည်းမဟုတ်ပါ…
ပါတီစွဲမရှိ လူပုဂ္ဂိုလ်စွဲမထား
နိုင်ငံကို တိုးတက်အောင်လုပ်မယ့်သူ
ပြည်သူတွေအတွက် လုပ်မယ့်သူ
မည်သူ့ကို မဆိုထောက်ခံမှာပါ…

အန်တီစုကိုလည်း ထောက်ခံပါတယ်
အမေအိုကြီးဆွဲတဲ့ နောက်တွဲတွေပေါ်မှာ
အခန့်သားထိုင်စီးပြီး
လေကြီးလေကျယ်တွေပြော
လုပ်သမျှ တစ်ခုမှဖြစ်မလာ
ပြည်သူတွေကို ရွေးကောက်ပွဲမတိုင်ခင်
ကတိတွေပေး အာလူးပူရီရောင်း…
ရွေးကောက်ပွဲပြီး တော့
ပြည်သူတွေကို ဂျင်းသုတ်ရောင်းဖို့ကြံစည်နေတာတော့
အပြုသဘော ဝေဖန်ထောက်ပြရမှာဘဲ…
မကြိုက်လည်း မတတ်နိုင်…

သမ္မတကြီးကိုယ်တိုင်က
အစိုးရကို ဝေဖန်ထောက်ပြကြပါဆိုလို့
မအားတဲ့အထဲက ဝေဖန်ထောက်ပြရတာပါဗျာ…
ပြည်နယ်ဝန်ကြီးနဲ့ YBS ထူထောင်သူ ရန်ကုန်မြို့ကနေချင်စဖွယ်ကောင်းလာပီလို့ပြောတဲ့သူကြီး ကိုလေးစားလျှက်ပါ …

crdကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

ထိုင်းကိုမီဖို့နှစ်၅၀လောက်လိုလိမ့်မယ်။ဒီအခြေအနေကထိုင်းကခုအတိုင်းတိုးတက်မှု သုညဖြစ်နေမှနော်။ဥပမာလမ်းပိုင်းကိစ္စ။ထိုင်းလိုတပြည်လုံးလမ်းကောင်းတွေဖြစ်ဖို့ကငွအားအခြေအနေနဲ့၁၅နှစ်။လျှပ်စစ်မီးက၁၅နှစ်။အလတ်စားလုပ်ငန်းထိုင်းလိုသိန်းသန်းချီရှိဖို့အခြေခိုင်ဖို့ကနှစ်၂၀စသဖြင့်ပေါ့။
ဒါကအကြမ်းစားလူဘိန်းနည်းနဲ့ခန့်မှန်းတာပါ။
ထိုင်းသွားဖူးရောက်ဖူးနေဖူးသူတွေသာမေးကြည့်လိုက်တော့