ငါးခြောက်ဖုတ်နည်း

ငါးခြောက်ဖုတ်နည်း

———————-

ငါးခြောက်ဖုတ်မယ်ဆိုရင်အရင်ဆုံး ဆားရည်ထဲ ငါးခြောက်ကို နာရီဝက်လောက် စိမ်ထားပါ
ပြီးမှ ရေ၃ထပ် လောက်ဆေးပြီးရင်ဖုတ်လို့ ရပါပြီ။

ဆားရည် စိမ်ခြင်း က ငါးခြောက်ရဲ့အငံဓာတ် ကို
နည်းသွားအောင် စုပ်ယူသလို ငါးခြောက်လှန်းတဲ့ အခါ
အခုသုံးနေကြတဲ့ယင်မနားဆေးရဲ့
အန္တရာယ်ကလည်းနည်းသွားပါတယ်။

ရေဇလုံလေးတစ်လုံး ငါးခြောက်ထုမယ့် စင့်တီတုံးနား အသင့်ထားထားပါ။
ငါးခြောက်ကို ကြွပ်ကြွပ် မကြိုက်ပဲ ပျော့ပျော့လေး စားချင်ရင်တော့ ဆီထည့်ထားတဲ့ ပန်းကန်လေးလဲ အဆင်သင့် လုပ်ထားပါ
ငါးခြောက်ကို စပြီးဖုတ်လို့ မီးအပူနဲ့ တွေ့ရင် ငါးခြောက်သားလေး စပြီးပျော့
ပျောင်းလာပါမယ်

အဲ့ဒီ် အချိန် ငါးခြောက်ကို ပြန်ဆယ်ပြီး ဖွဖွလေး အသားပွလာအောင် ထု
ပြီးမှ ပြန်ဖုတ်ပါ
ငါးခြောက်က ကျက်လာပြီး တူးစပြုလာရင် အသင့်ထားထားတဲ့ ရေဇလုံ
ထဲထည့်ပြီး ချက်ချင်း ပြန်ဆယ်ပါ

မီးလေး ခဏပြန်ပြ ပြီး ဖွဖွလေးထုပါ
ထုထားတဲ့ ငါးခြောက်ကိုချက်ချင်း
အပူဓာတ်မကုန်ခင် ဆီစိမ်ပါ
ဒါဆိုရင်တော့ ငါးခြောက်ပျော့ပျော့ပျောင်းပျောင်း လေးရပါပြီ

သက်ကြီးရွယ်အို မိဘတွေလဲ
အဆင်ပြေပြေ ဝါးလို့ ရပါတယ်
ကြွပ်တာ ကြိုက်ရင်တော့ ထုလိုက်
ဆီစိမ် လိုက် မလုပ်ပဲ ထုထားတဲ့ငါး
ခြောက်တွေ ကို အေးသွားမှ ဆီစိမ်ပါ
ဒါ ဆိုရင် တော့ ငါးခြောက် ကြွပ်ကြွပ်လေး ရပါပြီ

crdး ရွှေပုဇွန်