ဆားနင်းခြင်း

ဆားနင်းခြင်း

========

နင်းပုံနင်းနည်းကတော့ …
မနင်းခင် ခြေထောက်ကို..
ပေါင်ရင်းကစပြီးရေလောင်း ဆေးပါ..ခြောက်အောင်သုတ်ပါ…။

ဆား ၁ ပိသာ (၂ပိသာဆိုပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထဲ့ ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ခြေထောက်က…
ချွေးများထွက်လာတာ တွေ့ရပါမယ်…။

မိနစ် ၃၀ ၄၀ ၁နာရီ ကိုယ်ကြေနပ်သည်ထိ နင်းပြီးတာနဲ့…
မနင်းခင် အသင့်ဆောင်ထားတဲ့ မျက်နှာသုတ်ပုဝါ နဲ့
ခြေထောက်ကို ဆားဇလုံထဲပွတ်ချပြီး
ဆားတွေပြောင်အောင်သုတ်ပါ…
(ခြေထောက်ကိုလုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…။

ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ တရေးမှ
မနိုးပဲ အိပ်ပျော်တာ တွေ့ရပါမယ်…။

နေ့စဉ်အချိန်မှန် ည
အိပ်ယာဝင်ခါနီးတိုင်းနင်းပေးခြင်းဖြင့်…
အကြောပြေ..ပန်းလန်း….
ခြေကျဉ် ထုံနာတွေပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေပိုပြီး..
ဆံပင်တွေသန်လာ(ကိုယ်တွင်း
အောင်းအပူတွေထွက်ကုန်၍)…
ကျန်းမာ ဖြတ်လတ်လာမည် ဖြစ်ပါကြောင်း…
စိတ်ပျိုကိုယ်နု၍ အမြဲ ယွနိုင်မည် ဖြစ်ပါကြောင်း… 😁

San Maung