တရားအားထုတ်ဖို့ ရှောင်နေတဲ့စိတ်အကြောင်း

တရားအားထုတ်ဖို့ ရှောင်နေတဲ့စိတ်အကြောင်း

{တရားအားထုတ်ဖို့ ရှောင်နေတဲ့စိတ်ဟာ”
“ရှေ့ရေးအတွက် အခြေအနေမကောင်းဘူး}
(မြစိမ်းတောင်ဆရာတော်ဘုရားကြီး)
🍂🌿🍂🌿🍂🌿🍂🌿🍂🌿🍂

လူ့လောကမှာ ပျော်ပွဲရွှင်ပွဲတွေ များလာတယ်
“သူများတွေ ဒါနဲ့ပျော်နေကြတယ် ကိုယ် အပျော်တုတွေနဲ့ မပျော်ဘူး” ဒီလိုနေနိုင်ရမယ်..

“တရားနဲ့ပျော်မယ်”ဆိုတဲ့ စိတ်မျိုးထားရမယ်..
တရားမလိုက်စားပဲ
ကိလေသာဖြစ်ရေးတွေပဲ လိုက်စားနေတဲ့သူတွေ
ပေါ့ပေါ့ဆဆနေသူတဲ့သူတွေနဲ့ ပေါင်းမိရင်
ကောင်းမြတ်တဲ့တရားတွေ

ဘယ်လောက်ဟောဟော အလကားပဲ..

သူ့ မဟောသလိုပဲ နားထဲကို မဝင်ဘူး..

“ခေတ်ကြီးက မကောင်းပါဘူးကွာ”
“စားဝတ်နေရေးက ကျပ်တည်း”
“ရောဂါဘယတွေက ထူပြောနဲ့”
“ခေတ်ဆိုးခေတ်ပျက်ကြီးပါ”
အမျိုးမျိုး ပြောကြပြန်သေးတယ်..

တရားအားမထုတ်ချင်တော့
ဟိုပြော ဒီပြော လျှောက်ပြောနေတာ..
ကမ္ဘာစစ်ကြီးဖြစ်နေတာမှ မဟုတ်ပဲ..

ပျော်ပွဲရွှင်ပွဲဆိုရင် ပိုက်ဆံပေးပြီးကို တကူးတကသွားနေကြတာ..

တရားအလုပ်ကိုတော့ ဟိုရွှေ့ဒီရွှေ့နဲ့
အကြောင်းပြချက်တွေ ဆင်ခြေတွေက သိပ်များကြတယ်..

သစ္စာတရားတွေကို
နာကြားခွင့် အားထုတ်ခွင့်ရနေတဲ့အချိန်ဟာ ခေတ်ပျက်မဟုတ်ဘူး..

အဲဒီလို ခေတ်ကိုလွှဲချပြီး တရားအားထုတ်ဖို့ ရှောင်တဲ့စိတ်ဟာ
အပါယ်လေးပါးကို ရောက်မယ့် ပုဂ္ဂိုလ်တွေရဲ့စိတ်လို့ခေါ်တယ်..

မြစိမ်းတောင်ဆရာတော်ဘုရားကြီး

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..

Credit – ohmarshin