ဝီစကီကို ဘာနဲ့ရောသောက်ရင် အကောင်းဆုံးဖြစ်မလဲ

ဝီစကီကို ဘာနဲ့ရောသောက်ရင် အကောင်းဆုံးဖြစ်မလဲ

၁ ။ ဝီစကီနဲ့ဆိုဒါ
ဂေ့ … အေ့။ ဝီစကီအရသာလည်း မပျောက်ချင်ဘူး၊ အဝင်လည်း ကောင်းချင်တယ်ဆိုရင်တော့ ဆိုဒါလေးနဲ့ ရောသောက်လိုက်၊ ဆိုဒါက ပါးစပ်ထဲမှာ ရှတတအရသာလေးနဲ့ စူးခနဲဝင်သွားတာဗျ။ ဝီစကီကို ဆိုဒါနဲ့ရောတာက အဝင်ကောင်းရုံတင်မက Gas ပါလို့ အမူးမြန်တယ်ဗျ။ ဆိုဒါနဲ့သောက်တဲ့လူတွေက မျက်နှာကြီးတွေ ဖောင်းနေတတ်ပါတယ်။ အသည်းရောဂါဖြစ်နေသမားတွေ၊ ဆီးချိုးသွေးချိုးသမားတွေဆိုရင်တော့ ဆိုဒါနဲ့ မသောက်သင့်ပါဘူး။

၂ ။ ဝီစကီနဲ့ကိုလာ
ဒီနည်းကတော့ ပိုက်ဆံနည်းနည်းလေးရှိရုံနဲ့ အဆင်ပြေတယ်လေ။ ရမ်တစ်လုံးနဲ့ ကိုလာတစ်ဘူးရယ်ဆို သူငယ်ချင်း ၃ ယောက်လောက်ကတော့ အံကိုက်ပဲ။ ကိုလာနဲ့ရောသောက်တာက လေချဉ်တက်လို့ လူကြီးတွေမသိအောင် အရက်ခိုးသောက်မယ်ဆိုရင်တော့ အဆင်မပြေဘူးနော်။ ဒါပေမယ့် အဝင်ကောင်းတာနဲ့ တအားသောက်ပစ်လိုက်ရင် Limit ကျော်တတ်တယ်။ ကိုလာရောလိုက်ရင် အရက်အရသာပျောက်သွားတတ်လို့ မိန်းကလေးတွေအတွက်ရယ်၊ အဝင်ကောင်းချင်တဲ့လူတွေအတွက်ပဲ သင့်တော်ပါတယ်။ ဝိတ်ချဖို့ကြိုးစားနေတဲ့သူတွေ၊ ဆီးချိုသွေးချိုသမားတွေနဲ့ဆိုရင် ကိုလာနဲ့မသောက်သင့်ပါဘူး။

၃ ။ On The Rocks
ဖန်ခွက်ထဲကို ရေခဲတုံးလေးပစ်ချ၊ ပြီးရင် ဝီစကီနည်းနည်းထည့် သောက်တာကို On the Rocks လို့ ခေါ်တယ်ဆိုတာ ဝါရင့်တိုင်းသိကြမယ်ထင်ပါတယ်။ ဝါနုသမားတွေက On The Rocks မသောက်ကြဘူး၊ အဝင်ကြမ်းတာကိုး။ ဝီစကီကောင်း (ဥပမာ Blue Label တို့ Green Label တို့) ရဲ့ အရသာကို အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ On The Rocks ကိုသာသောက်ပါ။ On the Rocks သောက်တာက အမူးအမြန်ဆုံးဆိုတော့ Limit သမားတွေအတွက်ပဲ အဆင်ပြေပါတယ်။ On The Rock က ရာသီဥတုအေးနေရင် ပိုသင့်တော်ပါတယ်။

၎ ။ ဝီစကီနဲ့ Energy Drink
ဝီစကီနဲ့ Energy Drink (Sharkတို့၊ ကျွဲရိုင်းတို့) ကိုတော့ ဝါနုသမားတွေ သိပ်ကြိုက်ပဲ။ Jagermeister နဲ့ Red Bull ရောလိုက်ရင် ချိချိုမွှေးမွှေးလေးနဲ့။ ရီဝေဝေခံစားချက်လေးကို ချိုပြင်းပြင်းအရသာလေးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အရာရာအားလုံးက လှပနေမှာပဲ။ Limit တော့မများစေနဲ့နော်၊ သူက အဝင်တအားကောင်းတယ်။ Energy Drink ရောလိုက်ရင် အမူးမြန်ပြီး စိတ်လွတ်သွားတတ်ပါတယ်။

၅ ။ ဝီစကီနဲ့ရေ
အဟေးဟေး။ ဒီနည်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ကို အကောင်းဆုံးအရက်သောက်နည်းပါလို့ တင်စားပါရစေ။ ဝီစကီကို ရေသန့်လေးနဲ့ ရောသောက်လိုက် အေးအေးလေးနဲ့ကို ပါးစပ်ထဲဝင်သွားတာ၊ ဝီစကီရဲ့အရသာလည်း အများကြီးမလျော့ဘူး၊ ရေဓာတ်လည်း ဖြည့်တင်းပြီးသားပဲ။ တစ်နေ့ ၄ ပတ်ထက်သာ ပိုမသောက်နဲ့ ခေါင်းလုံးဝမကိုက်ဖူးဗျ။

၆ ။ ပေါက်စီ
စားပွဲထိုးကို ပေါက်စီတစ်ခွက်လို့သာ မှာလိုက်၊ ဘီယာနဲ့ဝီစကီရောထားတာကို လာချပေးလိမ့်မယ်။ ဘီယာတစ်ခွက်ထဲမှာကို ဝီစကီတစ်ပတ်လောက် ရောထားတာပေါ့။ ဒီနည်းကတော့ ဘီယာအဆင့်ကနေ ဝီစကီကို ကူးပြောင်းဆဲကာလမှာ သောက်ကြပါတယ်။ နှစ်ပင်လိမ်သွားတာဆိုတော့ ဥသြဆွဲတတ်သလို ခေါင်းကိုက်တတ်ပါတယ်။ ဝီစကီအရသာလည်း အပြည့်အဝမခံစားရသလို ဘီယာလည်းပါတာဆိုတော့ ဆီးခဏခဏ သွားတတ်ပါတယ်။ ဘော်ဒါတွေနဲ့ အေးဆေးစကားပြောမယ်ဆိုရင်တော့ ပေါက်စီမသောက်စေချင်ပါဘူး။

ကဲ . . . ဒါတွေကတော့ ဝီစကီကို ဘယ်လိုမျိုးအရသာရှိရှိ သောက်ရမယ်ဆိုတာကို ဖော်ပြလိုက်တာပါ။ ဝီစကီသောက်တဲ့အခါမှာ အထူးမှာလိုတာကတော့ ကိုယ်သောက်နိုင်တဲ့ Limit ထက် ဘယ်တော့မှ မပိုစေဖို့ပါပဲ။ ယဖတို့ရော ဝီစကီသောက်ရင် ဘာနဲ့ရောပြီးသောက်ကြတာလဲဗျ။

#DD_Friday_Tips&Tricks