အိန္ဒိယ🥘အချို..စမိုင်ချက်နည်း🤙🏻

အိန္ဒိယ🥘အချို..စမိုင်ချက်နည်း🤙🏻

🤙🏻🤙🏻🤙🏻🤙🏻🤙🏻🤙🏻🤝🥘🥘🥘
စမိုင်ချောင်း…….၁ထုပ်(၃၀ကျပ်သား)
နွားနို့………………၁လီတာ
နို့စိမ်း…………. ….၁ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
ထောပတ်……….၂ဇွန်း
စပျစ်ခြောက်……၁၅ကျပ်သား
သီဟိုဠ်စေ့……….၁၀ကျပ်သား
ဖာလာစေ့……….၅စေ့ခန့်

စမိုင်ချောင်းကိုအိန္ဒိယဆိုင်များမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။စမိုင်ချောင်းလေးတွေကိုဘယ်လိုပြုလုပ်ထားတယ်ဆိုတာတော့ကျွန်တော်မသိပါဘူး။

ဒယ်အိုးသန့်သန့်မှာစမိုင်ချောင်းလေးတွေကိုမွှေးပြီး
ဝါရောင်သန်းလာသည်အထိလှော်ပြီးအအေးခံထားပါ
(အချို့တွေကတော့အညိုရောင်သန်းသည်အထိလှော်တတ်ကြပါတယ်၊ပိုပြီးအရောင်လှသလိုပိုပြီးမွှေးတယ်လို့လည်းဆိုကြပါတယ်)

ဖာလာစေ့နှင့်သီဟိုဠ်ခြမ်းလေးတွေကိုလည်းလှော်ပြီး
အအေးခံပါ။

အိုးသန့်၁လုံးမှာထောပတ်ကိုအပူပေးပြီးဖာလာစေ့ကို
ဆီသတ်ပါ။

မွှေးလာပြီဆိုနွားနို့တွေထည့်ပေါင်းပါ။သန့်စင်သောသကြားပျော်ပြီးဆူပွက်သည်အထိအပူပေးပါ။

ဆားပါသည်ဆိုရုံလေးထည့်ပေးပါ။အရသာလေးနက်စေရန်အတွက်ဖြစ်ပါတယ်။

နွားနို့ဆူလာပြီဆိုမှအအေးခံထားတဲ့စမိုင်ဖတ်လေးတွေထည့်ကာသီဟိုဠ်စေ့၊သန့်စင်ထားသောစပျစ်သီးခြောက်တွေထည့်ပြီးမီးအေးအေးလေးနှင့်နှပ်ထားပါ။

အရသာစိမ့်ဝင်လောက်တဲ့အချိန်မှနို့စိမ်းလေးထည့်မွှေပေးပါ။

အပူ ၊အအေးနှစ်သက်သလိုသုံးဆောင်နိုင်ပါသည်။
😋😋😋😋😋😋🤙🏻🤙🏻🤙🏻🤙🏻🤙🏻🤙🏻🤙🏻🤙🏻