” ဝေးကွာခြင်းဒိုင်ယာရီ “

” ဝေးကွာခြင်းဒိုင်ယာရီ “

နာကျင်သွားခဲ့ပြီလား
တိတ်တိတ်လေးမှိတ်ထားတဲ့မျက်လုံးတွေ
တိုးတိုးလေးဖွင့်ကြည့်မိတဲ့အခါ
ရီဝေဝေ ဘဝတွေဆိုတာလဲ
အိပ်မက်လိုလို
သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ်

နာကျင်သွားခဲ့ပြီလား
ဘယ်သူမဆိုပေါ့
တကြိမ်တခါတော့ဒဏ်ရာတွေနဲ့
ရှင်သန်နေခဲ့ရဖူးပေလိမ့်မယ်
လွမ်းစရာလိုလို နာစရာလိုလို
သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်

နာကျင်သွားခဲ့ပြီလား
တချိန်ချိန် နာကျင်ခြင်းတို့လွင့်ပြယ်သွားတဲ့အခါ
အချစ်ဆိုတာ တံတားအောက်ကရေလို
အမှတ်ရရုံသက်သက် စိတ်ကူးသက်သက်
မထွက်ခွာနိုင်တဲ့သူမှာသာ
ကြေကွဲခြင်းတို့ အစိမ်းသက်သက်၊၊ ၊၊

သန့်ဇော် Orion

(ဝေးကွာခြင်းဒိုင်ယာရီ, ကဗျာစာအုပ်မှ)