သမီးရည်းစားဘဝမှာ

သမီးရည်းစားဘဝမှာ

#သမီးရည်းစားဘဝမှာ
မနက်အစော ဖုန်းဆက်နှိုးတတ်တာလေးကို
ကြည်နူးကျေနပ်နေကြတယ် ဟပ်လားး

ညားပီးသွားရင်
ထတော့ဆိုတဲ့ အသံကြားတာနဲ့
လည်ပင်း တက်နင်းပစ်ချင်စိတ် ဖြစ်သွားတတ်တာ
မျင်းတို့ စောင်ကလေးမလေးတေ မသိဘူးးး

#သမီးရည်းစားဘဝမှာ
ဖုန်းချလိုက်တော့မယ်ဆိုရင်
ဟင့်အင်း ဟင့်အင်းနဲ့
ပတ်ချွဲနှပ်ချွဲ ပလီတာလေးကို
ပျော်ရွှင်နေကြတယ် ဟပ်လားးး

ညားပီးသွားရင်
ဖုန်း၂ခါလောက် ခေါ်မိတာနဲ့
ဘာလို့ခနခနဖုန်းဆက်နေတာဒုန်းး
မြန်မြန်ပြော လို့
အော်ခံထိမယ်ဆိုတာ
မျင်းတို့ စောင်ကလေးမလေးတေ မသိဘူးးး

#သမီးရည်းစားဘဝမှာ
မုန့်ဆိုင်လေးတေ လှည့်ပတ်စားရင်
တယောက်မျက်နှာ တယောက်ကြည့်ပီး
တဟိဟိ တခွိခွိနဲ့ တွတ်ထိုးနေရတာကို
ကြည်နူးနေကြတယ် ဟပ်လားး

ညားပီးသွားရင်
မီးဖိုခန်းထဲ ချွေးသံတရွှဲရွှဲနဲ့
ပြဲပြဲစင်အောင် ချက်ပြုတ်နေရတာတောင်
ချိုသည် ငန်သည်နဲ့ စောင်ပြဿနာရှာခံရတတ်တာ
မျင်းတို့ စောင်ကလေးမလေးတေ မသိဘူးးး

#သမီးရည်းစားဘဝမှာ
မွေးနေ့၊ နှစ်ပတ်လည် စတဲ့နေ့တွေတိုင်း
စွရမ်းကြီး ရိုပစ်ရတာကို ဂုဏ်ယူနေတယ် ဟပ်လားး

ညားပီးသွားရင်
အဲ့ရက်တွေကို မေ့နေလို့ဆိုပီး
ရန်သတ်ရတော့မယ်ဆိုတာ
မျင်းတို့ စောင်ကလေးမလေးတေ မသိဘူးး

#သမီးရည်းစားဘဝမှာ
အသံလေးကြားချင်လို့
မျက်နှာလေး မြင်ချင်လို့
မင့်ကို လွမ်းလို့ ဆိုတဲ့
အပလီစကားလေးတေကြားပီး
ဖီးတက်နေကြတယ် ဟပ်လားးး

ညားပီးသွားရင်
နားပူတယ်
မျက်စိနောက်တယ်ရယ်လို့
ငြူစူခံနိုင်ဖို့ အားမွေးထားရမယ်ဆိုတာ
မျင်းတို့ စောင်ကလေးမလေးတေ မသိဘူးးး

ရိုထားကြ..
ရိုထားကြ..
ရည်းစားဘဝလေးဘဲ ရိုရတာ..

ညားပီးသွားရင်
ဘယ်တုန်းကမှ မထင်မှတ်ထားတဲ့
ကိစ္စတေအမျိုးမျိုးနဲ့ ရန်ဖြစ်ရမယ်..

ဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့
စကားတွေ ပြောခံရပီး
နဘမ်းလုံးရမယ်…

ဘယ်တုန်းက ပေးခဲ့တဲ့ကတိဖြစ်ဖြစ်
အဖျက်ခံရလို့ ၂ကောင် ထသတ်ရလိမ့်မယ်…

ဒါမယ့် လင်မယူပါနဲ့လို့တော့
လုံးးဝ မပြောဘူးနော်..
ယူကြ ယူကြ..

ဒီလိုအဆိုးချည်းဘဲဆို
အယ်မတို့ ဘာလို့ယူသလဲလို့
မေးဖို့ရှိတယ်…

အမှန်မှာက
လင်ယူလို့ အဆိုးချည်းဘဲတော့
မဟုတ်ပြန်ဘူးး
ကောင်းကျိုးချမ်းသာတေလည်း ရှိပါသေးတယ်..

ဗဟုသုတရတယ်..
အတွေ့အကြုံရတယ်..
ဘဝဆိုတာ ဘာမှန်းသိသွားတယ်..
မိဘမေတ္တာကို အနှိုင်းအဆမရှိ နားလည်သွားတယ်..

ဒုက္ခသစ္စာကို ကောင်းကောင်းသိသွားတယ်..
နောင်တပေါင်းများစွာကို
အကြိမ်ပေါင်းများစွာ ရတတ်တဲ့
ထူးကဲတဲ့ ဖီလင်လေး ခံစားရတယ်…

မလွတ်လပ်တဲ့ သတ္တဝါလေးတေကို
ကိုယ်ချင်းစာတတ်လာတယ်..
ခန္ဓီပါရမီ ရင့်သန်လာတယ်..
စိတ်ထဲကနေ မပျက်တမ်း မေတ္တာပို့တတ်လာတယ်
(သေဘဲ မသေနိုင်ဘူး ဆိုတာလိုမျိုးး)..

အထူးခြားဆုံး အကျိုးရလာဒ်ကတော့
ဝဋ်ကြွေးရှိသမျှ ဒီဘဝနဲ့တင် အကျေဆပ်တော့မယ်ဆိုတဲ့
အကြွေးမချန်လိုတဲ့ စိတ်ပဲ..

မျက်ရည်တွေကျရလို့ မျက်လုံးခြောက်သွေ့မှု့
မဖြစ်တော့ဘူးးး
ဂျင်ဂျင်လည်အောင် အလုပ်လုပ်နေရတော့
ကိုယ်လက်လှုပ်ရှားမှု့ ရပီးသားဘဲ…

လောကဓံဆိုတာကို ရီစရာလို့တောင် ထင်လာမယ်..
ငါးဖယ်တေလိုပေါ့
အထုအထောင်းခံနိုင်လာတယ်..
စိတ်အခြေနေရော
ခန္ဓာအခြေအနေမှာပါ
Resistance အားကောင်းလာမယ်…

ပြောမယ်ဆိုရင်တော့လည်း
အကျိုးများပါပေတယ်..
ဒါမို့ မယူကြပါနဲ့လို့ မတားချင်ဘူးးး
ယူကြပါ ယူကြပါ…
(ကိုယ်တယောက်ထဲဒေါ့ အသေမခံနိုင်ဘူးး🤪🤪)

မယူပါနဲ့ဆိုလည်း ယူကြမှာဘဲကိုးး😂😂😂

**မယ် အိ**