ပလေတိုရဲ့တီမီးယပ်စ်(Timaeus)ကထာ ဖတ်ဖူးကြမယ်ထင်ပါရဲ့။

ပလေတိုရဲ့တီမီးယပ်စ်(Timaeus)ကထာ ဖတ်ဖူးကြမယ်ထင်ပါရဲ့။

အဲ့ကထာမှာ တီမီးယပ်စ်က နတ်ဘုရားတွေ
ဟာစကြာဝဠာကြီးနဲ့လူသားတွေကိုဘယ်လို
ဖန်ဆင်းလဲဆိုတာ ဖွင့်ဆိုပြတယ်။

ဖန်ဆင်းရှင်နတ်ဘုရားဟာ အနဂ္ဂတပြီးပြည့်
စုံသူဖြစ်လေတော့ သူဟာပြီးပြည့်စုံတဲ့အရာ
တွေကိုဖန်ဆင်းလေရဲ့။

သူဖန်ဆင်းတဲ့အထဲမှာ ပြီးပြည့်စုံတဲ့ ဝိဉာဉ်
တော်လည်း ပါဝင်ပါတယ်။ ပလေတိုကြီးရဲ့
ကထာဆိုတော့ပြီးပြည့်စုံတဲ့ဝိဉာဉ်တော်ဟာ
ဆင်ခြင်တုံတရားနဲ့ပြည့်စုံတဲ့စိတ္တဝိဉာဏဆို
တာ မေးနေစရာတောင် မလိုပါဘူး။

ဖန်ဆင်းရှင်နတ်ဘုရားဟာ ပြီးပြည့်စုံပြီးဆင်
ခြင်တုံတရားနဲ့ပြည့်စုံတဲ့ စိတ္တဝိဉာဏကိုဖန်
ဆင်းအပြီးမှာတော့ သူဟာ ဖန်ဆင်းခြင်းအ
လုပ်ကို ခနနားတယ်။

သူနားတော့ သူ့တပည့်ကျော်နတ်သိမ်နတ်
မွှားတွေက ကျန်တာတွေကို ဆက်ဖန်ဆင်း
ရတာပေါ့။ အရင်ဆုံး ပြီးပြည့်စုံပြီး ဆင်ခြင်
တုံတရားနဲ့ပြည့်စုံတဲ့ စိတ္တဝိဉာဏကိုထည့်
ဖို့ အခွံတစ်ခုကိုဖန်ဆင်းကြတယ်။

သူတို့က စက်ဝိုင်းပုံအခွံကိုဖန်ဆင်းပြီးဒီထဲ
မှာ စိတ္တဝိဉာဏက်ုထည့်တယ်။ အဲ့ဒီမှာ လူ
ရဲ့ ဦးခေါင်းခွံဆိုတာပေါ်လာတာပေါ့။

ဒါပေမဲ့ သူတို့စဉ်းစားကြတယ်။ ဒီအလုံးကြီး
ကိုဒီတိုင်းထားရင် ကမ္ဘာမြေပြင် မညီမညာ
ပေါ်မှာ လျှောက်လှိမ့်နေလိမ့်မယ်။ ဒီတိုင်း
ထားလို့တော့မဖြစ်ဘူး။ ဆင်ခြင်တုံတရားနဲ့
ပြည့်စုံတဲ့အလုံးကြီးကသူလုပ်ရမယ့်အလုပ်
မလုပ်ဘဲ လျှောက်ချည်းလိမ့်နေရရင် ဂုဏ်
သိမ်မပေါ့။

ပြီးပြည့်စုံပြီး ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့
စိတ္တဝိဉာဏဟာ စဉ်းစားဆင်ခြင်ဖို့၊ လိမ့်နေ
ဖို့မဟုတ်ဘူး။ ဒီတော့ သူ့ကိုထိန်းဖို့ကိုယ်ကို
ဖန်တီးရမယ်ဆိုပြီး ကိုယ်ခန္ဓာကိုဆက်လက်
ဖန်တီးကြလေရဲ့။

(အဲ့ဒါကြောင့် ကျော်အမြဲ ပြောပြောနေတာ
ပေါ့။ ခေါင်းသုံးပါဆိုရင် ကျွမ်းမထိုးပါနဲ့လို့။)
ဒီဇာတ်လမ်းကရှည်ပါတယ်။ ကိုယ်ခန္ဓာမှာ
မပြည့်စုံတဲ့စိတ်ကို ထည့်ထားတော့ ကိုယ်
ကြီးပဲဆို စိတ်ခံစားမှုက ရှေ့တန်းရောက်
တယ်၊ ဘာညာပေါ့။ ထားပါ။

ပြောချင်တာက ခေါင်းသုံးပါဆိုရင် လိမ့်ပဲ
လိမ့်ချင်နေတဲ့သူတွေကိုတွေ့တိုင်းဒီဇာတ်
လမ်းလေးကိုသတိရမိတယ်။ 🙂 🙂 🙂

ခေါင်းသုံးပါလို့ပြောရင် ကျွမ်းချည်းထိုးနေကြ
တဲ့သူတွေအတွက် ပြန်တင်ပါတယ်။

#koye