နိုင်ငံကြီးသားပီသဖို့စတင်လေ့ကျင့်ကြပါစို့

နိုင်ငံကြီးသားပီသဖို့စတင်လေ့ကျင့်ကြပါစို့

ဆူးလေမြို့ထဲရောက်ရင် အဓိကနေ့စဉ်ကားလမ်းကူးကြရတယ်။
မြို့ထဲကမော်တော်ကားတွေဖြတ်တာများတယ်လေ။ ဒါမို့မော်တော်ကားနဲ့ လမ်းမပေါ်ကလူတွေ အဆင်ပြေအောင် ကားလမ်းကူးဖို့ ဂုန်းကျော်တံတားတွေထိုးကြရပါတယ်။
လွန်ခဲ့တဲ့ သုံးလလောက်က လူကူမျဉ်းကျားကမကူရင် ပညာပေးကာလအနေနဲ့ဖမ်းပါတယ်။
ခုမြို့ထဲသွားရင် လူကူးမျဉ်းကျားရှာပြီးရွေးကူးတဲ့လူရှိသလို လူကူးမျဉ်းကျားမရှိတော့ပေမယ့် ဒီတိုင်းအလွယ်ဖြတ်ကူးနေသူတွေက မြို့လယ်ကောင်မှာနေ့စဉ်ရှိနေဆဲပါပဲ။

ဆူးလေဂုန်းကျော်တံတားပေါ်က လမ်းကူးရင် လှေကားထစ်ပေါင်း ၄၀ခန့်တက်ရပြီး လမ်းလျှောက်လို့ ပြန်အဆင်းမှာလည်းလှေကားထစ်ပေါင်း၄၀ခန့်ပြန်ဆင်းရပါတယ်။
အချိန်အားဖြင့် တစ်မိနစ်စက္ကန့် ၂၀လောက်ပေးရပါတယ်။
လူတစ်ချို့က တံတားပေါ်မတက်ကြပါဘူး။
လူကူးမျဉ်းကျားမရှိတော့ပေမယ့် ကားလမ်းမကပဲဆက်လက်ကူးနေဆဲပါ။
ကျနော်တို့တခါတလေနိုင်ငံကြီးသားပီသကြရအောင်ပါ။
ကျနော်ကိုယ်တိုင်လည်းစမယ်။တခြားသူတွေလည်းစကြပေါ့နော်။