သိမှတ်ဖွယ်ရာ အိမ်ထောင်ရေးအနုပညာ

သိမှတ်ဖွယ်ရာ အိမ်ထောင်ရေးအနုပညာ

**အိမ်ထောင်ရှင်အမျိုးသမီးများ စီးပွားရှာတက်ပါစေ၊အိမ်မှာပဲနေ ပေးတာယူ,ထားရာနေ,စေရာသွားရတဲ့ အိမ်ရှင်မတွေအတွက် တစ်နေ့မှာသင့်အိမ်ထောင်ဖက်က သင့်အပေါ်ညိုညင်မှုတွေကိုမလွှဲမသေခံရပါလိမ့်မယ်…

**ကိုယ့်အိမ်ထောင်ဖက်ရဲ့ ကိစ္စအဝဝကိုအစအဆုံးသိဖို့မကြိုးစားပါနဲ့, မသိသင့်တဲ့တစ်ချို့အကြောင်းအရာကိစ္စတွေကို မလိုအပ်ပဲသိနေခြင်းကသင့်စိတ်ကိုအလွန်ပင်ပန်းစေပါတယ်

**မိမိအိမ်ထောင်ဖက်ကိုလွန်စွာ မလိုက်ရောမိပါစေနဲ့,အဆုံးစွန်ထိလိုက်ရောပြီးမှ တစ်နေ့တစ်ချိန် မလိုက်ရောနိုင်တဲ့အချိန်မှာ သင့်ဟာသဘောထားသေးသိမ်းတဲ့ မိန်းမတစ်ယောက်ဖြစ်သွားပါလိမ့်မယ်..

**အိမ်ထောင်ရေးမှာ သင်လည်းမဖောက်ပြန်ပါနှင့် ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကိုလည်းခွင့်မလွှတ်သင့်ပါ။ဖောက်ပြန်သူအတွက် တူညီတဲ့ပြစ်ဒဏ်မျိုးလည်း ချမှတ်နိုင်ပါစေ..

**ကိုယ်အပေါ်မကောင်းတဲ့ ပတ်ဝန်းကျင်၊မိသားစု၊အိမ်ထောင်ဖက် တွေကိုရဲရဲဝံဝံစွန့်လွှတ်နိုင်တဲ့ သတ္တိမျိုးမွေးပါ,ကမ္ဘာကြီးရဲ့တစ်နေရာမှာ သင့်အတွက်အကောင်းဆုံး ပတ်ဝန်းကျင်၊မိသားစု၊အိမ်ထောင်ဖက်..တွေရှိနေနိုင်တာကိုလဲ မမေ့ပါနဲ့…

**သင့် အိမ်ထောင်ဖက်အမြင်မှာ သင်ဟာသိပ်အားနွဲ့လွန်းတဲ့ မိန်းမမျိုးမဖြစ်ပါစေနှင့်,တစ်ခါတစ်ရံမှာ ဆူးရှ ရဲရင့်တဲ့ခြင်္သေ့မလေးအဖြစ်လည်မြင်နိုင်ပါစေ…

**မိမိယုံကြည်ကိုးကွယ်တဲ့ဘာသာရေးနဲ့အိမ်ထောင်ရေးဟာ အချိုးအစားညီနေပါစေ,မိမိဘာသာရေးလွန်ကဲစွာ ယုံကြည်မှုကြောင့် မိမိအိမ်ထောင်ဖက်ကိုစိတ်မကျဉ်းကြပ်ပါစေနှင့်…

**ရှုပ်ထွေးလွန်းတဲ့ အိမ်ထောင်မှုကိစ္စတွေကြားမှာ သင့်အတွက် ကောင်းမွန်တဲ့စိတ်ထွက်ပေါက်တစ်ခုတော့အမြဲရှိနေပါစေ..

**မိန်းမတစ်ယောက်ရဲ့အချစ်ဟာ အိမ်ထောင်ပြု ခြင်းမှာအဆုံးသတ်ကြပေမဲ့, ယောက်ျားတစ်ယောက်ရဲ့အချစ်ဟာ ဘယ်သောအခါမှအဆုံးသတ်ခြင်းမရှိဘူးဆိုတဲ့ အမှန်တရားကိုလည် သိထားရပါလိမ့်မယ်..
Writer by..
Mayaster မေအက်စတာ