ချစ်တီးထမင်းဆိုမစားချင်တော့ပါ

ချစ်တီးထမင်းဆိုမစားချင်တော့ပါ

ပိုက်လက်ထဲစိုပြေရင်သွားသွားစားနေကြဆိုင်လေးပါ။
ချစ်တီးထမင်းဆိုင်။
ဌက်ပျောဖက်ပေါ် ထမင်း ပဲဟင်းစားရတာကြိုက်နှစ်သက်လို တခါတလေသွားစားမိတယ်။ဆိုင်သက်တမ်းကတော်တော်ကြာပါပြီ။
လွန်ခဲ့၇နှစ်လောက်ထဲကပထမဆုံးသွားစားဖူးတာဖြစ်ပြီး ဒီနေ့ ၂၉လမ်းထဲလမ်းကြုံတာနဲ့ နေ့လည်ထမင်းစားချိန်ဖြစ်လို့ လှေကားတက်ပြီး ချစ်တီးထမင်းဆိုင်ဆီတန်းသွားဖြစ်တယ်။
လှေကားအတက် ဈေးနှုန်းရေးထားတာနဲ့ ပါတဲ့ပိုက်ချိန်ဆပြီး ဆိတ်သားဟင်းတပွဲမှာစားလိုက်ဖြစ်တယ်။
လွန်ခဲ့တဲ့ ၇နှစ်လောက် အသားဟင်းချစ်တီးထမင်းဈေးက ၁၅၀၀ကျတယ်။ အဝစားပေါ့နော်။

ခုလှေကားရေးထားဈေးက ကြက်သား ၂၅၀၀ ဆိတ်သား၂၅၀၀ ဆိတ်ဥနှောက် ဆိတ်ဖိုက်တင်းဘော တို့ငါးဟင်းက ဈေးကြီးတယ် ၄၀၀၀ ၅၀၀၀လောက်ကျတယ်။
အဲ့စာဖတ်ပြီး ကျနော်ထမင်းဆိုင်ဝင်ပြီး ဆိတ်သားဟင်းမှာလိုက်တယ်။
စားရအဆင်ပြေပါတယ်။ အရင်မတူတော့ ရေသန့်ဘူးယူမလားမေးတယ် မယူဖြစ် ရေတခွက်လာချပေးတယ်။ လာစားတာသူဌေးများတယ်။ သူတို့လူမျိုးတူတွေရော ဗမာတွေရောပေါ့။
သက်သက်လွတ်ပဲလာစားသူရှိတယ်။
ပဲဟင်းစားကောင်းတယ် ကုန်ခံနီးလာမဖြည့်ပေးဘူး။
ထမင်းကုန်ခံနီးလာမမေးဘူး ထမင်းဖြည့်ဦးမားလို့ ။ အဝကြီးမစားချင်တာနဲ့ ထပ်မတောင်းတော့ပါဘူး။ အရင်ကဆို စားသူအရိပ်ခြေကြည့်ပြီး လာလာဖြည့်ပေးပါတယ်။
ခုက လှမ်းတောင်းဖြည့်ပေးပုံပါ။ ဆိုင်ထဲခုံအလွတ်တွေရှိနေတော့ဆိုင် လူအရမ်းမများလို့ စားသုံးသူဂရုစိုက်ကြည့် သတိထားမိမှာဖြစ်ပါတယ် ဒါမဟုတ်ကျနော်ပုံစံကသူဌေးပုံစံမပေါက်လို့ ဂရုမစိုက်တာလားမသိ။ ဒီနေ့ဝတ်သွားပုဆိုးတော်တော်ဟောင်းတယ်။ အကျီ င်္ကနွမ်းနေပြီ။
ထမင်းထပ်မတောင်း ပဲဟင်းနဲ့အရမ်ဟင်းမတောင်းမိတော့ပါ။ သူတို့ထည့်ပေးသလောက်နဲ့ပဲစားလိုက်ပါတယ်။

စားပြီးသောက်ပြီးပိုက်ရှင်းတော့ ဆိတ်သားဟင်းက၄၀၀၀ဖြစ်နေတယ်။တော်သေးပိုက် ၅၀၀၀ကျော်ပါလို့။
စားပွဲထိုးကဆိုင်ထဲကပ်ထားဈေးနှုန်းလက်ညိုးထိုးပြ ဆိတ်သားဟင်းက ၄၀၀၀ဖြစ်နေတယ်။ သူမမှားပါဘူး။

ကိုယ့်ကလှေကားကပ်ထား ဈေးနှုန်းကြည့်မှာစားမိတာ။ လှေကားရေးထားတာက ပါဆယ် ဟင်းဈေးနှုန်းရေးထားတာ။ ပါဆယ်ဟင်းဈေးနှုန်းကြည့်စားမိကျနော်ကမှာျးနတာပါ။

ထမင်းပါရင် ဆိတ်သားဟင်း၄၀၀၀ဈေးပါ။
၄၀၀၀ပေးစားပါတယ်။စားချင်တာကို။
ဒါပေမယ့်ဆိုင်ရှင်က ကျနော်နဲ့စားပွဲထိုး ဈေးနှုန်းမေးမြန်းခန်းကြားပြီး ကျနော်ကို ဈေးနှုန်းသေချာမကြည့်စားပွဲထိုးကို ပြောရမလားဆိုပြီးမကျေနပ်အသံထွက်လာပါတယ်။ကျနော်စားပွဲထိုးကို ဈေးနှုန်းလေးမှားနေမလားဆိုအဆင်ပြေအောင်မေးတာပါ။အော်ငေါက်တာမပါပါ။ရိုးရိုးလေးမေးတာပါ။ ၄၀၀၀ပြော ဆိတ်ဥနှောက်ဟင်းမှာစာထင်ပီး ၄၀၀၀တောင်းထင် ပြန်မေးမိသဘောရှိပါတယ်။
ဒါကို သူဌေးက မကျေနပ်ညူစူသံကျနော်လှေကားအဆင်းကြားအောင်ပြောလိုက်ပါတယ်။

အဲ့ဒါလေးကိုသဘောမကျတော့တာပါ။
ဘာပြန်မပြောပဲဒီတိုင်းဆင်းလာလိုက်ပါတော့တယ်။
ချစ်တီးထမင်းဆိုမစားချင်တော့ပါ။

၇နှစ်ကျော်အတွင်းအရမ်းရောင်းရလွန်းတော့ ဘဝင်လေဟပ်ပြီး မိတ်ဟောင်းစားသုံးသူကို စော်ကားတယ်လို့ခံစားမိဒီစာလေးကို ပြည်သူဟစ်စာအဖြစ် ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။