ပုံနှိပ်သတင်းစာ ဂျာနယ် ဈေးကွက်အကြောင်းပြောပြပါရစေ။

ပုံနှိပ်သတင်းစာ ဂျာနယ် ဈေးကွက်အကြောင်းပြောပြပါရစေ။

တနေ့သ၌ အားလက်ရက်တခုမှာ ၈မိုင်ကိုရောက်ခဲ့ပါတယ်။လမ်းလေးပလက်ဖောင်းရောင်းချနေတဲ့ ဗန်းလေးခင်းရောင်းချနေတဲ့ အဒေါ်အရွယ်တစ်ဦးကိုခွင့်တောင်းပြီး ခုပုံလေးကိုရိုက်ခဲ့တာပါခင်ဗျ။

ဖုန်းရယ်အင်တာနက်ရယ်ပေါ်လာတာကြောင့် ပုံနှိပ်မီဒီယာတွေဖြစ်တဲ့စာစောင်တွေဟာရောင်းအားကျဆင်းကုန်ပါတယ်။
စက္ကူဈေးတက်လေသောအခါ ပိုဆိုးကုန်ပြီးသတင်းစာဆရာတို့လစာမတိုးတာလည်းတော်တော်ကြာလို့နှစ်တွေပေါက်နေပါပြီခင်ဗျ။
ဥပမာ လမ်းဘေးချရောင်းနေတဲ့ဂျာနယ်ဗန်းခင်း တခုရဲ့တနေ့တာရောင်းအားကိုပြောပြပါရစေ။

အဲလင်းဗင်း သတင်းစာ နဲ့ စံတော်ချိန်သတင်းစာက ၂၅စောင်ဆီကုန်ပါတယ်။
အများဆုံးရောင်းချနေရတဲ့ပုဂ္ဂလိကသတင်းစာဖြစ်ပါတယ်။
7day ‘ The voice ‘ ဒီမိုကရေစီတူဒေး ‘ ၅စောင်ရောင်းချရပါတယ်။

ဗန်းခင်းဆိုင်လေးတဆိုင်ရောင်းအားကိုသာဆိုလိုတာပါနော်။
မြန်မာတိုင်းသတင်းစာက ၁၅စောင်ကုန်ပါတယ်။
ကျန်ဂျာနယ်ဈေးကွက်ကိုမမေးထားမိ မတွက်ပြတော့ပါ။
ဂျာနယ်တွေကပိုရောင်းအားကျနေပါတယ်။

ဘာလို့ဆို့ ပါတဲ့အကြောင်းရာတွေက အွန်လိုင်းတက်ပီးသားတွေဖြစ်နေလို့ ဂျာနယ်တွေအနေနဲ့ စုံစမ်းဖော်ထုတ်ရေးသားအကြောင်းတွေဖော်ပြဖို့လိုအပ်ပါတယ်ခင်ဗျ။
သတင်းစာ ဂျာနယ်ရပ်တည်ဖို့ကကြေ်ငြာရဖို့အင်မတန်အရေးကြီးပါတယ်။ချုကြာ်ငြာတွေဟာ ကိုယ်ပိုင်fb page website တွေလုပ်လာကြပါတယ်။
ဒါကြောင့်လည်း ပုံနှိပ်ထဲကြော်ငြာနည်းလာတယ်။ digital ပလက်ဖောင်းကြော်ငြာဈေးကသက်သာတယ်။
ကဲ ငယ်ငယ်လေးထဲကဖတ်လာခဲ့သတင်းစာတို့ဂျာနယ်တို့ရေ မင်းတို့သက်ကျော်ရာကျော်ရှည်ပါစေလို့သာ။