Mottama Development Group ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် နိုင်ငံတကာဆင့်မီ စီမံကိန်း ၅ ခု

Mottama Development Group ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် နိုင်ငံတကာဆင့်မီ စီမံကိန်း ၅ ခု

Mottama မှ ရန်ကုန်မြို့တွင် ခေတ်မီ အဆင့်မြင့် ရုံးခန်းအဆောက်အဦများ၊ အပန်းဖြေစရာကုန်တိုက်များ၊ ပထမဆုံး နှင့် အကြီးမားဆုံး ငါးပြတိုက်ကြီးအား ယူဆောင်လာပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ လူနေမှုပုံစံတစ်ခုကို ဖော်ဆောင်ပေးသွားမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်။ ။ ယနေ့တွင် မြန်မာနိုင်ငံ၏ ဦးဆောင်နေသော ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Mottama Development Group သည် ၄င်း၏ အဆောက်အ ဦများပြခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကုမ္ပဏီ၏ မကြာမီဖွင့်လှစ်တော့မည့် အရည်အသွေးမြင့် ရုံးခန်းအဆောက်အဦများ၊ အပန်းဖြေစရာ ကုန်တိုက်များ၊ အများ ပြည်သူ အနားယူ အပန်းဖြေနိုင်သော နေရာများ စသည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ ကို မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။

အဆိုပါ အဆောက်အဦ ပြခန်းသည် ရင်းနှီးမြုပ်နှံသူများနှင့် ဝယ်ယူရန်အလားအလာရှိသူများ အတွက် တမူထူးခြားသော ဗိသုကာလက်ရာဒီဇိုင်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် အဆင့်မြင့်သံမဏိ အဆောက်အ ဦများအကြောင်းကို လေ့လာနိုင်သည့် အချက်အချာနေရာတစ်ခုဖြစ်ပြီး ၄င်းစီမံကိန်းများသည် ရန်ကုန်မြို့အား ဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီးဖြစ်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေက ရန်ကုန်မြို့ရဲ့လူနေမှုဘဝကို အဆင့်မြှင့်တင် ပေးနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ ဝယ်ယူသူတွေကို အရည်အသွေးပြည့်မီတဲ့ အဆောက်အ ဦစီမံကိန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်း ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်ပေါ်လာစေပြီး ကျွမ်းကျင်မှု အတတ်ပညာတွေနဲ့ လုပ်ခလစာတွေကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဆန်းသစ်တီထွင်မှုတွေနဲ့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုသာမက လုပ်ငန်းကဏ္ဍတစ်ခုလုံးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်စေရေး အတွက် အထောက်အကူပြုတဲ့ ၂၁ရာစု ရဲ့ ဝန်ထမ်းတွေ ကို ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနှင့် မြန်မာနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝတွေနဲ့ အခွင့်အလမ်း ကောင်းတွေကို ရရှိစေရန်အတွက် စီးပွားရေးကဏ္ဍ ကိုလည်း မြှင့်တင်ပေးလိုပါတယ်” ဟု အောင်မြင်ကျော်ကြားလျက်ရှိသည့် စီးပွားရေးတွင် စွန့်ဦးတီထွင်သူ Mottama Development Group ၏ ဥက္ကဌ ဦးရန်ဟို က ပြောကြားခဲ့ပါသည်။

အဆိုပါ စီးပွားရေး အချက်အချာကျသည့်နေရာများတွင် နည်းဗျူဟာကျစွာ အစီအစဉ်တကျ တည်ဆောက်ထားသည့် စီမံကိန်းများသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ရန်ကုန်မြို့၏ လူနေမှု အခြေအနေ

တစ်ရပ်ကို အဆင့်မြှင့်တင်ပေးနိုင်ရန် အတွက် အထောက်အကူပြုပေးနိုင်သည့် အထင်ကရ အဆောက်အဦများ ဖြစ်လာမည်ဖြစ်သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် မြို့ပြတစ်ခုအဖြစ်အဆင့်မြှင့်တင်ရာတွင်အဆိုပါအဆောက်

အဦများသည် လူဦးရေထူထပ်များပြားလာသည့် ရန်ကုန်မြို့၏ လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးနိုင်မည်

ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေးကိုလည်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပါသည်။

စီစဉ် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများမှာ

၁။ M Tower (ယာဉ်အသွားအလာများသည့် လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းမပေါ်တွင် တည်ရှိ )

M Tower ၏ တမူထူးခြားသော ဗိသုကာလက်ရာ ဒီဇိုင်းများကြောင့် ထင်သာမြင်သာရှိသော အဆောက်အဦတစ်ခု ဖြစ်ရုံသာမက ရန်ကုန်မြို့တွင် အထပ်အမြင့်ဆုံး သံမဏိအဆောက်အဦတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အဦသစ်ဖြစ်သည့် M Tower ရဲ့ ထူးခြားသည့် ဗိသုကာလက်ရာ ဒီဇိုင်းများကြောင့် ထင်သာမြင်သာအရှိဆုံး အဆောက်အဦ တစ်ခု ဖြစ်လာပါမည်။ M Tower သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး သံမဏိ အထပ်မြင့် ရုံးခန်းအဆောက်အဦ ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန် နည်းစနစ်တကျ စီစဉ်ထားသော အရည်အသွေးမြင့် အဆောက်အဦ ဒီဇိုင်း ဖြစ်ပါသည်။

M Tower ၏ အဆောက်အဦဒီဇိုင်းများသည် မြန်မာနိုင်ငံ၏ အဆင့် 5A ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ထို့အပြင် လျှပ်စစ်ပစ္စည်းများ သွယ်တန်း တပ်ဆင်ရာတွင် အဆင်ပြေစေရန်အတွက် ကြမ်းခင်းအမြင့်များနှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ အဆောက်အဦ၏ အပြင်မှန်များ ကိုလည်း သဘာဝကိုထိခိုက်မှုလျော့နည်းစေသော အပူနှင့် အသံကို လျော့ချပေးနိုင်မည့် နှစ်ထပ်မှန်တံခါးများကို အသုံးပြုထားပါသည်။ ၄င်းအဆောက်အဦးသည် တစ်နာရီမိုင် (၁၂၀) လေပြင်းတိုက်နှုန်းနှင့် (၇.၅) ရစ်စတာစကေးရှိသည့် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိကြောင်းလည်း အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။

၂။ Terminal M ကုန်တိုက် (သွားလာရလွယ်ကူသော အမှတ် (၃) လမ်းမကြီးနှင့် ဘတ်စ်ကား ဂိတ်အနီး)

Terminal M သည် အဓိက လမ်းမကျယ်ကြီးများ ၊ အောင်မင်္ဂလာ ဘတ်စ်ကားဂိတ်တို့၏ အနီးတွင် တည်ရှိသောကြောင့် သွားလာရလွယ်ကူပြီး ပထမဆုံး မြို့ပြင်လူနေမှုပုံစံ အပန်းဖြေစရာ ကုန်တိုက်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါ ကုန်တိုက်အဆောက်အဦပုံစံမျိုးသည် မြန်မာနိုင်ငံတွင် ပထမ ဆုံးဖြစ်ပြီး သာယာလှပသည့် ဥယျာဉ်၊ ကန်နှင့် လုံလောက်သော နိုင်ငံတကာအဆင့်မီ ကားပါကင်လည်း ပါဝင်မည် ဖြစ်ပါသည်။

၃။ မြန်မာ့ငါးပြတိုက် (အချက်အချာကျသည့် ကန်တော်ကြီးဥယျာဉ် နှင့် ရွှေတိဂုံဘုရားအနီး)

အဆိုပါ ငါးပြတိုက်ကြီး သည် မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာ အဆင့်မီ ငါးပြတိုက်ကြီး ဖြစ်လာမည်

ဖြစ်ပါသည်။ ထို့အပြင် အထင်ကရ ဒီဇိုင်းနှင့် ရင်သပ်ရှုမောဖွယ်ရာ ရေအောက်ဥမင်လှိုဏ်ခေါင်းများ ပါဝင်သော ကြောင့် ပြည်တွင်းနှင့်နိုင်ငံတကာခရီးသွား ဧည့်သည်များ အတွက် ကမ္ဘာတစ်ဝန်းရှိ ရေနေသတ္တ၀ါများကို အနီးကပ် တွေ့ကြုံခံစားနိုင်မည် ဖြစ်ပါသည်။ အကောင်းဆုံး အလည်အပတ်သွားစရာ နေရာဖြစ်လာမည့် အဆိုပါ ငါးပြတိုက်ကြီးတွင် ပန်းခြံများ ပါဝင်သည့် အပန်းဖြေအနားယူနိုင်မည့် နေရာများ၊ စားသောက်ဆိုင်များ နှင့် ဆိုင်ခန်းများလည်း ပါဝင်မည် ဖြစ်ပါသည်။