ကျောင်းဆင်းချိန် ခဏခဏစာလာဖတ်တဲ့ကလေးတွေ။

ကျောင်းဆင်းချိန် ခဏခဏစာလာဖတ်တဲ့ကလေးတွေ။

ကျောင်းဆင်းချိန် ခဏခဏစာလာဖတ်တဲ့ကလေးတွေ။ သားတို့ကြိုက်တဲ့စာအုပ်တစ်အုပ်စီယူသွား။မမဝယ်ပေးတာဆိုတော့ ပျော်နေကြတယ်။

အဲ့ကလေးတွေ အမြဲ စာလာဖတ်ကြတာ။ 17 လမ်း သံဈေး ၊ ငါးလွှာ မှာ Yangon Book Plaza ရှိတယ်။ စာအုပ်မဝယ်ဖြစ်ဘူးဆိုရင်တောင် ထိုင်ဖတ်ဖို့ ခုံတန်းတွေ၊ ကုလားထိုင်လေးတွေ ရှိတယ်။ ပန်းချီပြခန်းတစ်ခု နဲ့ မြန်မာ့ရိုးရာပစ္စည်းအရောင်းဆိုင်လည်းရှိတယ်။ အထူးခြားဆုံးကတော့ များပြားလှတဲ့ စာအုပ်တွေရှိနေတာပါပဲ။

အဲ့အောက်ထပ်ကတော့ သံဈေး ရှိနေတော့ နည်းနည်းလူရှုပ်ပေမယ့် အပေါ်ရောက်သွားရင် တကယ့်ကို နိဗ္ဗာန်ဘုံလိုပဲ။ နေလို့ကောင်းတယ်။ အေးချမ်းတယ်။ ဈေးသက်သာတဲ့ ထမင်းဆိုင်တစ်ခုလည်းရှိတယ်။

စိတ်အချမ်းသာဆုံးကတော့ ခုလို အဖြူအစိမ်းနဲ့ကလေးတွေ စာ လာလာ ဖတ်ကြတာပဲ။ ဒီကလေးသုံးယောက်ကတော့ အမြဲတမ်းလိုလို လာတယ်။

လူငယ်တွေ စာဖတ်ဖို့ လူငယ်တွေကကြိုးစားနေကြပါတယ်။ လူကြီးတွေက ခွင့်ပြုပေးရင် အပြင်စာပိုဖတ်ဖြစ်တာပေါ့။ အပြင်စာဖတ်တိုင်းပေါက်ကရလိုက်လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။
ကလေးတွေ စာများများဖတ်စေချင်ပါတယ်။ လူကြီးတွေကို မေတ္တာရပ်ခံပါတယ်။ စာအုပ်တွေနဲ့ ရင်းနှီးတဲ့ကလေးတွေဖြစ်လာအောင်လုပ်ပေးပါ။ ခွင့်ပြုပေးကြပါ။

တတ်နိုင်သလောက် လှူ သွားမယ်။ နယ်ဘက်တွေကိုလည်း လှူ ဖြစ်ပါတယ်။ စာကြည့်တိုက်တွေလုပ်ဖြစ်တယ်။
အသက်နဲ့ ခန္ဓာရှိနေသရွေ့ ကလေးတွေစာပိုဖတ်ဖြစ်လာအောင် ပိုကြိုးစားမယ်။
လူတွေအကုန် ကိုယ်လက်ဆောင်ပေးတဲ့စာအုပ်တွေကိုင်ပြီး ပြုံးနေတာကို မြင်ရတဲ့ပီတိ လောက် ဘယ်ပီတိမှ မချိုဘူး။

ခုကလေးသုံးယောက် က ကျေးဇူးပါမမ။ သားတို့ စာအမြဲဖတ်ပါ့မယ် ပြောပြီး သွားကျိုးလေးတွေနဲ့ ပြုံးပြတော့. . အိုး. . ပြောမနေပါနဲ့တော့လေ။ <3

****
သုတေးစစ်