မြက်ခင်းစိမ်းတင်းနစ်ကွင်းတွေရဲ့ဘုရင် ကမ္ဘာ့အဆင် ၃ Roger Federer နဲ့ ကမ္ဘာ့အဆင် ၂ ရှိသူ Rafael Nadal ရဲ့ပွဲ

မြက်ခင်းစိမ်းတင်းနစ်ကွင်းတွေရဲ့ဘုရင် ကမ္ဘာ့အဆင် ၃ Roger Federer နဲ့ ကမ္ဘာ့အဆင် ၂ ရှိသူ Rafael Nadal ရဲ့ပွဲ

Tennis ပရိသတ်တွေမလွတ်တမ်းကြည့်ကြရတဲ့ Grand Slam လေးခု(Roland Garros,Us Open,Australian Open နဲ့ Wimbledon )ထဲကတခုဖြစ်တဲ့ Wimbledon ရဲ့ semifinal ပွဲစဉ်တွေကတော့ဒီညကစားမှာပါ။

ဒီပွဲစဉ်၂ခုမှာ ပွဲစဉ်၁ရဲ့ ကမ္ဘာ့နံပါတ်၁ကစားသမား Djokovic နဲ့အဆင့်၂၃ စပိန်ကစားသမား Bautista Agut ရဲ့ပွဲစဉ်ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာကဒုတိယပွဲပါ။

မြက်ခင်းစိမ်းတင်းနစ်ကွင်းတွေရဲ့ဘုရင် ကမ္ဘာ့အဆင် ၃ Roger Federer နဲ့ ကမ္ဘာ့အဆင် ၂ ရှိသူ Rafael Nadal ရဲ့ပွဲပါ ။

ပထမဆုံးပွဲစဉ်ဇယားဆွဲကတည်းကကမ္ဘာ့ အဆင်တစ်ပါဝင်တဲ့ ဇယားရဲ့ အပေါ်ခြမ်းဟာလွယ်ကူနေတာအပြင် ဒီဖက်နှစ်တွေမှာလက်တက်လာတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ Zeverv ,Tsitsipas တို့ဟာ upset ပွဲစဉ်တွေနဲ့ပြိုင်ပွဲကထွက်ရတဲ့အပြင် ဒီပြိုင်ပွဲမှာ လက်တွေ့တဲ့ကစားသမားအချို့ဟာလဲဒီအဆင့်အထိမကျန်တော့ပါဘူး။ ပွဲစဉ်ချောင်တာအပြင် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုရခဲ့တဲ့ ကမ္ဘာ့ အဆင့်၁ဟာ ခုSemi မှာတွေ့သူဟာလဲသူနဲ့ လက်ရည်ချင်းကွာသူမို့ ဒီပွဲမှာ Final ဘယ်သူတက်မလဲဆိုတာရင်ခုန်စရာမရှိသလောက်ပါဘဲ ။

Roger နဲ့ Nadal ရဲ့ပွဲကဒီလိုမဟုတ်ပါဘူး ။
တယောက်ကတင်းနစ်သမိုင်းမှာ Grand Slam ဆုအများဆုံးအကြိမ်၂၀အထိရထားတဲ့တဦးတည်းသောကစားသမား ဒါအပြင် ဒီ Wimbledon မှာ ဂကြိမ်တိတိဗိုလ်စွဲထားသူ
တယောက်က fighting Spirit အပြင်းထန်ဆုံးကစားသမား Grand Slam ၁၇ ကြိမ်ရထားပြီး Roger ကိုအနီးကပ်ဆုံးဖိအားပေးနေသူ ။

မြင်လွယ်အောင် ဥပမာပေးရရင် တင်းနစ်လောကရဲ့ Messi နဲ့ C Ronaldo
သူတို့ ၂ယောက် ဒီကွင်းမှာ ၂၀၀၈ ခုနှစ်ကနောက်ဆုံးဆုံထားတာဖြစ်ပြီး ၁၁နှစ်ကြာပြီးအခုတကြိမ်ပြန်တွေ့တာပါ ။

အခြားပြိုင်ပွဲအရပ်ရပ်မှာတော့ ၃၉ ကြိမ်ဆုံခဲ့ပြီး Roger 15- Nadal 24 နဲ့ Nadal ကအသာရထားပါတယ် ဒီရလာဒ်ကိုကြည့်ရင်ရော လာမယ့်၈လပိုင်းမှာ အသက်၃၈ နှစ်ပြည့်တော့မယ် Roger နဲ့ယှဉ်ရင်၃၃နှစ်သာရှိသေးတဲ့ လောလောလတ်လတ် French Open Champion Nadal ကိုအလေးပေးချင်ကြမှာပါဒါပေမယ့် ဒီရလာဒ်တွေမှာ Nadalဟာသူအားသန်တဲ့မြေစေးကွင်းတွေမှာ နိုင်တဲ့ပွဲ ၁၄-၂ အထိရှိတာမို့ မြက်ခင်းကွင်းမှာတော့ လွယ်လွယ်အနိုင်ယူဖို့မဖြစ်နိုင်ပါဘူး။

ဒါအပြင် Roger ဟာကွင်းတွင်းကွင်းပြင်နေထိုင်ပုံကောင်းပြီး ကစားသမားတွေကိုယ်တိုင်ကလေးစားအားကျရတဲ့သူဟာ ပရိသတ်အလွန်များပါတယ်။

အထူးသဖြင့်သူဆုအများဆုံးရထားတဲ့ဒီကွင်းဟာ သူ့အိမ်ကွင်းပါ ။
ကျွန်မကတော့ Roger နိုင်ဖို့ ရာနှုန်းများများတွေးထားပေမယ် Nadal လိုကစာသမားမျိုးကိုလျှော့မတွက်ရဲပါဘူး ။
စာဖတ်တဲ့သူရော ဘယ်သူနိုင်မယ်ထင်ပါသလဲ ။

အသက်အရွယ်အရ အနားယူဖို့နီးကပ်နေတဲ့ Roger Federer နဲ့သူရဲ့အကောင်းဆုံးပြိုင်ဖက် Rafael Nadal တို့ရဲ့ ပြိုင်ပွဲတွေကို နောက်များများကြည့်ရဖို့မလွယ်တော့ပါဘူး။
တကမ္ဘာလုံးက တင်းနစ်ပရိတ်သတ်တွေကတော့ရင်ခုန်စွာစောင့်စားနေုကြပါပြီ
ဒီညမြန်မာစံတော်ချိန် ၉နာရီပါ။

ခင်မြတ်