စပိုက်ဒါမန်းဇာတ်ကားသစ်

စပိုက်ဒါမန်းဇာတ်ကားသစ်

Spider-Man : Far From Home (Review)
ယခုထွက်ရှိလာတဲ့ Spider-Man ဇာတ်ကားဟာဆိုရင်EndGameအပြီးအခြေအနေမှာတည်ထားတဲ့ ဇာတ်လမ်း ပါ။MCU အနေနဲ့ ဆယ်စုနှစ်တစ်ခုစာကြာခဲ့ပြီး End Game နဲ့တင်လုံးဝအဆုံးသတ်ခဲ့ပြီးနောက် နောက် ဇာတ်လမ်း တွေအတွက်အသစ်တဖန်ပြန်စတဲ့ဇာတ်ကားပါ။ယခုဇာတ်ကားမှာဆိုင်Homecoming မျိုး Iron Man ရဲ့ လွှမ်းမိုးမှုတွေကို Spider-man ဆီမှာတွေ့ရတော့မှာမဟုတ်ပါဖူး။လွတ်လပ်ပေါ့ပါးတဲ့ Friendly Neighbourhood Superhero တစ်ယောက်အဖြစ် ရင့်ကျက်လာမှာလား။ ဦးလေးတစ်ယောက်လိုရော ဖခင်တစ်ယောက်လိုပါသူသဘောထားတဲ့သူမရှိတော့တဲ့အတွက်စိန်ခေါ်မှုတွေကိုသူဘယ်လိုရင်ဆိုင်မှာလဲ ၊နောက်ထပ်ရောပရိတ်သတ်တွေအတွက်ဘယ်လိုအံ့အားသင့်စရာတွေပေးမလဲဆိုတာတော့ဇာတ်လမ်းထဲ မှာကြည့်ရှူခံစားရမှာဖြစ်ပါတယ်။
ဇတ်လမ်းအကျဉ်း
End gameမှာ Thanos နဲ့တိုက်ပွဲပြီးနောက် snap ကြောင့် ပျောက်သွားတဲ့သူတွေဟာပြန်ပြီးပေါ်လာပါတယ်။အဲ့လိုပဲ Peter Paker ရဲ့ကျောင်းမှာလဲ လူများစွာပျောက်ဆုံးခဲ့ပြီး အခုတော့ပုံမှန်အတိုင်းပြန်ပေါ်လာပြီပဲဖြစ်ပါတယ်။အဲ့လိုရှင်သန်လွတ်မြောက်လာတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စာသင်နှစ်တစ်နှစ်ပြန်စပြီးကျောင်းသားအာလုံးကို ဥရောပသို့အပန်းဖြေခရီးသွားစေပါတယ်။အရမ်းကိုပြင်းထန်ရက်စက်လွန်းတဲ့တိုက်ပွဲကြီးမှာပါဝင်ခဲ့တဲ့ ပီတာ ဟာ ခရီးသွားရင်းနဲ့ပဲသူကြိတ်ကြွေနေတဲ့ကောင်မလေး MJကိုလွတ်လွတ်လပ်လပ်ပိုးပန်းနိုင်ပါတော့မယ်။ Nick Fury အတွက် Iron Manမရှိတော့တဲ့ကမ္ဘာကြီးကိုကာကွယ်ဖို့အစီစဉ်အသစ်တွေ လိုလာပါပြီ။အဲ့အချိန်မှာပဲ Elementals လို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေပေါ်ပေါက်လာပါတယ်။အဲ့ဒီသတ္တဝါကြီးတွေကိုအနိုင်ယူနိုင်တဲ့ Mysterio ဆိုတဲ့လူစွမ်းကောင်းတဦးလဲထွက်ပေါ်လာပါတယ်။Mysterio သူကရောကမ္ဘာကြီးကိုတကယ်ကယ်တင်မှာလား။Spider-man နဲ့ရောဘယ်လိုဆက်နွယ်မှုတွေရှိမလဲဆိုတော့။
ပေါ့ပေါ့ပါးပါးနဲ့ပဲကြည့်ရှူရမဲ့ဇာတ်ကားပါ။ ဘယ်လိုလှည့်ကွက်တွေနဲ့များထပ်ပြီးစွဲဆောင်ဦးမလဲဆိုတာတော့ ထပ်လောင်းပြောစရာမလိုအောင်ကိုသိသာမှာပါ။Marvel Fans တွေအတွက်တော့တကယ်ကို လက်လွတ်မခံပဲစောင့်ကြည့်ရမဲ့ဇာတ်ကားဖြစ်ပါတယ်။