အူရီဒူး VIP အစီအစဉ် ကံထူးရှင်က တတိယမြောက် Suzuki Swift ကား ဆွတ်ခူးရယူ

အူရီဒူး VIP အစီအစဉ် ကံထူးရှင်က တတိယမြောက် Suzuki Swift ကား ဆွတ်ခူးရယူ

ရန်ကုန်၊ မြန်မာ။

ယနေ့တွင် အူရီဒူးမြန်မာသည် အူရီဒူး VIP တွင်ပါဝင်သည့် “ဖြည့်တိုင်းပေါက်” အစီအစဉ်၏ အမြင့်ဆုံးဆုဖြစ်သည့် Suzuki Swift ကားသုံးစီး၏ တတိယမြောက်ကား ကံထူးရှင်အတွက် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာပလာဇာတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ Suzuki Swift ကား ကံထူးရှင်မှာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ ကိုမင်းသိန်းထွန်းဖြစ်ပြီး My Ooredoo App ကို အသုံးပြုကာ အခမဲ့ ဒီဂျစ်တယ် ခဲခြစ်ကတ် ၆၂ ကတ်ကို ခဲခြစ်ခဲ့ပြီး ဇွန်လတွင် ပြုလုပ်ခဲ့သည့် Suzuki Swift ကားပိုင်ရှင်ရွေးချယ်ပွဲတွင် ရွေးချယ်ခံခဲ့ရပါသည်။ ကိုမင်းသိန်းထွန်းသည် တတိယမြောက် Suzuki Swift ကား ကံထူးရှင်ဖြစ်ပြီး ယခင် ပထမနှင့်ဒုတိယမြောက် ကံထူးရှင်များမှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သည့် ကိုထွဋ်ခေါင် နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှ ကိုဇော်သီဟတို့ ဖြစ်ကြပါသည်။

ယင်း အူရီဒူး၏ “ဖြည့်တိုင်းပေါက်” အစီအစဉ်တွင် အူရီဒူး၏ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူပေါင်း ၆၀၀,၀၀၀ ကျော် ပါဝင်ကံစမ်းခဲ့ကြပါသည်။

အဆိုပါ “ဖြည့်တိုင်းပေါက်” ပရိုမိုးရှင်းအစီအစဉ်၏ နောက်ဆုံးဆုကို ရွေးချယ်ပေးခဲ့ပြီ ဖြစ်သော်လည်း အခြားသော ဒီဂျစ်တယ်အစီအစဉ်သစ်များကို မကြာမီအချိန်မှာ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပါသည်။ အူရီဒူးသည် ၎င်း၏ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူများကို အထူးအလေးပေး တန်ဖိုးထားလျက်ရှိသည့်အတွက် ဆက်လက်ပြီး VIP အစီအစဉ်မှတဆင့် ဆုလက်ဆောင်ပေးအပ်သည့် အစီအစဉ်သစ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများနှင့် အမြဲအဆက်အသွယ်မပြတ်ရှိနေမည် ဖြစ်ပါသည်။ အူရီဒူးအသုံးပြုသူတိုင်းသည် My Ooredoo App တွင် စာရင်းသွင်းခြင်းဖြင့် ပွိုင့် ၅၀ အခမဲ့ ရရှိနိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်တိုင်းပွိုင့်များ ထပ်မံရရှိမည် ဖြစ်ပါသည်။ အဆိုပါ ပွိုင့်များဖြင့် Spin the Wheel ဖြင့် ကံစမ်းနိုင်မည်ဖြစ်ပြီး ဒေတာအစီအစဉ်များကိုလည်း ဝယ်ယူနိုင်ကာ ဒေတာကုန်ဆုံးမှု မရှိစေအောင် အမြဲစီမံနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် My Ooredoo App တွင် ပါဝင်သည့် Ooredoo VIP အစီအစဉ်တွင် စာရင်းသွင်းထားရုံဖြင့် အူရီဒူးမြန်မာ၏ မိတ်ဖက်လုပ်ငန်းပေါင်း ၁၀၀ ကျော်တို့၏ လျော့ဈေးများကိုလည်း ရယူခံစားနိုင်မည် ဖြစ်ပါသည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် *565# ကိုခေါ်ဆို၍ သော်လည်းကောင်း၊ Google Play Store (သို့) Apple Store ကို ဝင်ရောက်ပြီး My Ooredoo App ကိုဒေါင်းလုပ်ရယူကာ VIP Rewards ကို ခလုတ်နှိပ်၍ အူရီဒူး VIP အစီအစဉ်များနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အခြား စိတ်လှုပ်ရှားစရာ အစီအစဉ်များကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။