ဝါဆိုလပြည့်နေ့ပန်းချီပြပွဲ အိန္ဒိယသံရုံးတွင်ပြသ

ဝါဆိုလပြည့်နေ့ပန်းချီပြပွဲ အိန္ဒိယသံရုံးတွင်ပြသ

ရန်ကုန် – ၁၆၊ ဇူလိုင် ၂၀၁၉

ဝါဆိုလပြည့်နေ့အထိမ်းအမှတ် ပန်းချီပြပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ရက်နေ့က အိန္ဒိယသံရုံးမှာ ကျင်းပခဲ့ပါတယ်။ဒီပန်းချီပြပွဲကို Asia Art Connect ကပူးပေါင်းကျင်းပပေးတာဖြစ်ပြီး ပန်းချီကားအရေအတွက်စုစုပေါင်း ၁၆ကား ပြသထားပါတယ်။

ဝါဆိုလပြည့်နေ့ဆိုတာကတော့ မြတ်စွာဘုရားရှင်ကနေ ပထမဦးဆံုး တရားဦးဟောတော်မူတဲ့နေ့ဖြစ်တာကြောင့် ပြသထားတဲ့ပန်းချီကားတွေကလည်း ဗုဒ္ဓဘုရားရှင်နဲ့စေတီပုထိုးတွေကို အဓိကထားရေးဆွဲထားတဲ့ပန်းချီတွေဖြစ်ပါတယ်။

ပန်းချီပညာရှင် ဆရာရဲလင်းထွန်း၊ ဆရာဇော်ဝဏ္ဏ၊ဆရာအောင်သင်းဦး၊ဆရာမဒေါက်တာခင်မေကြည်၊ဆရာနေလှိုင်ဝင်း၊ဆရာမမြင့်မြင့်လွင်နဲ့ ဆရာသော်ကတို့ရဲ့လက်ရာတွေကိုပြသခဲ့တာဖြစ်ပါတယ်။

ပန်းချီကားတန်ဖိုးတွေကတော့ USD 300ကနေ USD 2000အထိတန်ကြေးရှိကြောင်းသိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Shri Saurabh Kumar နဲ့ဇနီးဖြစ်သူ Smt.Smriti Srivastavတို့ကနေ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊အိန္ဒိယလူမှုအဖွဲ့အစည်းများ၊ပန်းချီပညာရှင်များ၊ပြခန်းတာဝန်ခံများနဲ့ ဧည့်သည်တော်များ စုစုပေါင်း ၂၀၀ကျော်တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ပြပွဲကိုလည်း မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားခဲ့ပါတယ်။

မေဟန်နီဆွေလွင်