KIA ခီရာကား အဖြူရောင်မော်ဒယ်အသစ်

KIA ခီရာကား အဖြူရောင်မော်ဒယ်အသစ်

ဒီနေ့မနက်အစောပိုင်းက ၀ါဆိုလပြည့်နေ့မှာ Myanmar Plaza ကို မိတ်ဆွေတွေနဲ့ ချိန်းထားတာတစ်ခုရှိလို့ ရောက်ခဲ့ပါတယ်။ချိန်းထားသူတွေကမလာသေးလို့ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ Myanmar Plazaမှာ မော်တော်ကားပြပွဲတစ်ခုတွေ့တယ်။ မော်တော် ကားလေးတွေက အဖြူရောင်လေးတွေဆိုတော့ ရုတ်တရက်စိတ်ဝင်စားမိတယ်…။မော်တော်ကားလေးတွေရဲ့ ဒီဇိုင်းကအမြင်လှပြီး လူလတ်ပိုင်းနဲ့ လူကြီးပိုင်း ကြိုက်နှစ်သက်နိုင်တဲ့ပုံစံမျိုး။ ကျနော်လည်း ဖုန်းနဲ့ ဓါတ်ပုံလေးတွေတော့ရိုက်ထားခဲ့တယ်..။
ကိုရီးယားနိုင်ငံကထုတ်တဲ့ KIA ကားသစ်တွေသိရတယ်. အမေရိကန်မှာလည်း ကိုရီးယားမော်တော်ကားတွေစီးတယ်လို့ ကြားမိတယ်..ခု KIA ခီရာရဲ့ ထူးခြားတာက ၁၀နှစ်ထိအရစ်ကျစနစ်နဲ့ ဧရာဝတီဘဏ်ချိတ်ဆက်ပြီး ၀ယ်ယူနိုင်တယ်လို့ သိရတယ်၊
ခုပြထားတဲ့ ကားတွေထဲမှာ ၇နှစ်အထိ Warrantyပါတဲ့ကားထိရှိတယ်..
ရန်ကုန်လိုင်စင် နဲ့ ၀ယ်ယူသူအမည်ပေါက် နံပါတ်ထွက်တဲ့အထိ ၀န်ဆောင်မှုပေးတယ်လို့မေးမြန်းချက်အရသိရပါတယ်…