အရိပ်၏ အရိပ် နှင့် အခြားဝတ္ထုတိုများ

အရိပ်၏ အရိပ် နှင့် အခြားဝတ္ထုတိုများ

သုတေးစစ် အရိပ်၏ အရိပ် နှင့် အခြားဝတ္ထုတိုများ စာအုပ်က ပစ္စည်းလုံးဝပြတ်သွားပါပြီတဲ့။ သတင်းကြားရတာ အရမ်းဝမ်းသာမိတယ်။
ကိုယ် ကိုယ်တိုင်ရဲ့ ဖြစ်ရပ်မှန် နှစ်ပုဒ်ပါတယ်။
ဒီစာအုပ်ဖြစ်လာဖို့ 2011 ကနေ 2018 အတွင်း ရေးခဲ့တဲ့စာတွေကို စုထားရတာ။ အဲ့ဒီစာမူတစ်ပုဒ်စီတိုင်းမှာ ကိုယ့်ရှေ့မှာဖြစ်ပျက်နေသမျှ လူတွေရဲ့အမှတ်တရတွေပါတယ်။

ဒုတိယအကြိမ်ပြန်ထုတ်ဖြစ်ဖို့တော့ မသေချာဘူး။ ဝယ်မယ့်လူလည်း ကုန်လောက်ပါပြီ။ မဝယ်ချင်ကြတော့လောက်ဘူး။ ( ဝတ္ထုရှည် ထွက်လာမှ ပေါင်းပြီးပြန်ထုတ်တာလည်းဖြစ်နိုင်တယ် )

နောက်တစ်အုပ် ရေးနေပြီ။ အဲ့ဒါက ဝတ္ထုရှည်။ 2019 နှစ်ကုန်ပိုင်းလောက်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။

အများကြီး ပံ့ပိုးပေးခဲ့ကြသမျှ လူတစ်ယောက်စီတိုင်းကို ကျေးဇူးတင်တယ်။ ဘယ်လိုအချိန်ဖြစ်ဖြစ် ဘေးနားမှာ ရပ်တည်နေပေးတဲ့ လူနည်းစုကလေးကို လည်းကျေးဇူးတင်တယ်။ လူကိုသိလို့ဝယ်ဖတ်ပြီးမှ စာကိုသဘောကျလို့ဆိုပြီး ထပ်ထပ် ဝယ်ကြတာက ပိုများတော့ ပိုပျော်ရတယ်။ We Love Thu Tayy Sit တွေနဲ့ စာပေချစ်သူတွေကိုတော့ ကျေးဇူးအတင်ဆုံးပေါ့ . .

ချစ်ခင်ပေးကြတဲ့ လူ တစ်ထောင်ကြောင့် သုတေးစစ် စာအုပ်လေး ရောင်းရတာ ဆိုရင်
ကြည့်မရဖြစ်နေသူ တစ်ယောက်တစ်လေတွေက အချိန်ပေး ပြီး ( အမေကတောင် စောင့်မကြည့်ပေးနိုင်တဲ့အချိန်မှာ ) သူတို့က အချိန်ပေးစောင့်ကြည့်ပေးခဲ့လို့ ခုလို ဖြစ်လာတာပါ <3

စိတ်ညစ်စရာကို ကြံ့ကြံ့ခံနိုင်ရင်
ပျော်စရာက ရောက်လာတာပဲ ;*
congratulations ငသုလေး 💚