ဗြိတိသျှပြတိုက်မှာပြနေတဲ့ ဂျပန်ရုပ်ပြကာတွန်းတွေရဲ့သမိုင်းကြောင်းပြပွဲ

ဗြိတိသျှပြတိုက်မှာပြနေတဲ့ ဂျပန်ရုပ်ပြကာတွန်းတွေရဲ့သမိုင်းကြောင်းပြပွဲ

Manga at British Museum.

ဒီနေ့ ဗြိတိသျှပြတိုက်မှာပြနေတဲ့ ဂျပန်ရုပ်ပြကာတွန်းတွေရဲ့သမိုင်းကြောင်းပြပွဲသွားကြည့်ရင်းငယ်ငယ်က စွဲလန်းခဲ့ရတဲ့ မြန်မာကာတွန်းတွေရုပ်ပြတွေ နာမည်တွေဇာတ်ကောင်တွေခေါင်းထဲရောက်လာတယ်

။သော်က ရဲ့အရိုင်း၊ မောင်လွင်ရဲ့ ငထက်ဖြား၊အောင်အောင်ရဲ့ ရွှေဂေါင်းပြောင် ၊ကာတွန်းအောင်မြင့်ရဲ့ကြံ့ဗဟုံး၊ပေါ်ဆန်းမွှေး၊မောင်ကမ္ဘာ၊ မောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ တင်အောင်နီရဲ့ပြာလောင်၊အောင်ရှိန်ရဲ့ ဦးရှံစား၊စံရွှေမြင့်၊ နေကျောက်ခဲ၊စိုင်းဗေဒါ၊ဒီရဲဂျာ၊နန်းဦး၊ရာမ၊ ကိုကိုမောင် ၊မြိတ်ဝင်းထိတ်၊ တွတ်ပီ၊ဂျစ်တူး၊ ထွက်လာတာနဲ့ အငှါးဆိုင်တွေမှာ အုံးအုံးကျက်ကျက်၊

မဆလ ခေတ်ကြီးဟာ ရုပ်ပြရွှေခေတ်ကြီးပဲ၊ ငွေကုန်ကြေးကျခံနိုင်သူရှိရင် မြန်မာ့ရုပ်ပြသမိုင်းကြောင်းကို ရုပ်ပြဆရာကြီးတွေရဲ့ ဓါတ်ပုံတွေ ၊ရေးခဲ့တဲ့ပုံကြမ်းတွေ၊ အုပ်စုဖွဲ့ရေးခဲ့ပုံတွေ ၊ထုတ်ဝေခဲ့သူတွေရဲ့ အမြတ်အစွန်းတွေ ။အုပ်ရေမှတ်တမ်းကိန်းဂဏန်းတွေ၊သက်ရှိထင်ရှားရှိသေးတဲ့ဆရာကြီးတွေရဲ့ ပြောပြချက် အသံဖိုင် ဗီဒီယိုဖိုင်တွေ၊ ကာတွန်း ရုပ်ပြ အဟောင်းတွေနဲ့ စံနစ်တကျ ပြသသင့်တယ်။

Htein Lin