Myanmar Sat 2 ဂြိုဟ်တု လွှင့်တင်ရက်ရွေ့ဆိုင်း

Myanmar Sat 2 ဂြိုဟ်တု လွှင့်တင်ရက်ရွေ့ဆိုင်း

၂၀၁၉ ။ ဇူလိုင်လ(၂၄)ရက်
MyanmarSat 2 ပါဝင်တဲ့ Intelsat 39 ဂြိုဟ်တုကို လွှင့်တင်

မယ့် Ariane 5 ဒုံးပျံကို သြဂုတ်လဆန်းပိုင်းမှသာလွှင့်တင်မယ် လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကအတည်ပြုလိုက်ပါပြီ …
သြဂုတ်လ(၃)ရက်နေ့ မနက်(၂)နာရီ၊ ပြင်သစ်နိုင်ငံရဲ့ စံတော်ချိန်က သြဂုတ်လ(၂)ရက်နေ့ ညနေ(၄း၃၀) ခွဲ ခန့် နောက်ဆုံးရသတင်းတွေအရသိထားပါတယ်ခင်ဗျာ…
လွှင့်တင်ပြီးသွားရင်တော့ အောက်တိုဘာလ(၁)ရက်နေ့မှာ စတင်အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်…

Myanmar Sat 2 ကတော့ ကွာလတီပိုကောင်းတယ်၊ လွှင့်အားပိုကောင်းတယ်၊ အဲအတွက် အသုံးပြုတဲ့
သူတွေက Speed ပိုကောင်းမယ် GB တွေပိုရမှာလည်းဖြစ်ပါတယ်…
အာရိယန် ၅ (Ariane 5) ဒုံးပျံကိုတော့ ပြင်သစ်နိုင်ငံ ဂီယာနာ အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်
စခန်းကနေ လွှတ်တင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ Ariane Group က ဖော်ပြထားပါတယ်။
အဲဒီ ဒုံးပျံဟာ မြေပြင်ကနေ 70 KM နဲ့ 100 KM ကြားမှာ ပထမအဆင့် ဖြန့်ကြက်ခွဲထွက်မှာဖြစ်ပြီး
အဲဒီကနေ စလို့ KM 300 ရောက်တဲ့အထိ စုစုပေါင်း(၈)ဆင့် ဖြန့်ကြခွဲထွက်မှာ ဖြစ်တယ်လို့ Ariane Group ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ ဒုံးပျံဟာ ၅၀.၅ မီတာ ရှည်ပြီး တန်ပေါင်း ၇၈၀ အလေးချိန်ရှိတယ်လို့လည်း သိရပါတယ်။
ဒီဂြိုဟ်တုအတွက် စုစုပေါင်း အသုံးစရိတ်ကတော့ ဒေါ်လာ ၁၅၅.၇ သန်းဝန်းကျင်ရှိပြီး ဒေါ်လာ ၁၅၅.၇ သန်းထဲက ၃၀% ကို ၂၀၁၈ ခုနှစ်အတွင်းမှာ ၂ ခါ၊ အခု ၂၀၁၉ ခုနှစ်မှာ ၅၀% ကို ၄ ခါခွဲပေးပြီး နောက်ဆုံးကျန်တဲ့ ၂၀% ကိုတော့ ၂၀၂၀ ခုနှစ်မှာ ၂ ခါခွဲပေးမှာဖြစ်တယ်လို့လဲ သိရပါတယ်။