မိမိရဲ့ စိတ်ခွန်အားမြှင့်တင်တဲ့နည်းလမ်းလေးတွေ

မိမိရဲ့ စိတ်ခွန်အားမြှင့်တင်တဲ့နည်းလမ်းလေးတွေ

စာအုပ်တစ်အုပ်ဝယ်စရာရှိလို့ ပန်းဆိုးတမ်းက စာအုပ်ဆိုင်တစ်ဆိုင်ကိုရောက်ဖြစ်တယ်..ဝယ်ဖို့စာအုပ်က စာလုံးပေါင်းသတ်ပုံကျမ်းစာအုပ်လေးပါ..လိုချင်တဲ့စာအုပ်လေးရပါတယ်…ကျနော်က အမှန်တိုင်းပြောရရင် လုပ်ငန်းခွင်အဆင်မပြေတဲ့ လူတစ်ယောက်ဖြစ်နေတယ်… ခုအချိန်မှာ စိတ်ဓာတ်ကျဆင်းနေတာ ၂လကျော် လောက်ဖြစ်နေပြီ…ဉီးခေါင်းလည်းမကြည်ဘူး… စိတ်ရှုပ်နေတာများတယ်…
စာအုပ်ဆိုင်ထဲလိုချင်တဲ့စာအုပ်လေးရပြီးနောက် တခြားစာအုပ်တွေကို မျက်စီကစားရင်းလျှောက်ဖတ်ကြည့်မိတယ်…
LEADERSHIP စာအုပ်တစ်အုပ်တွေ့တာနဲ့ကောက်ကိုင်လိုက်မိတယ်… အွန်လိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့အတူလေ့လာရစာအုပ်ဖြစ်နေတယ်. . အတွင်းစာရွက်ကိုလှန်ကြည့်လိုက်တော့
QR Codes ဖတ်ခိုင်းတယ်… အဲ့ဒါနဲ့ လုပ်လိုက်တော့ချက်ခြင်းပဲ Facebook ထဲက Applied Leadership Online Learning Group ထဲ ရောက်သွားတယ်.. ဝင်လေ့လာကြည့်တော့
WHA ရဲ့ CEO ဆိုတဲ့ လူငယ်တစ်‌ဉီးရဲ့ ဟောပြောချက်သင်ခန်းစာပါတဲ့ ဗီဒီယိုတစ်ခု ပေါ်လာတယ်။ သူ့က ပထမဆုံး လူတစ်‌ယောက်ရဲ့ အကျင့်စာရိတ္တပတ်သက်တဲ့ ခေါင်းစဉ်ငယ်တစ်ခုကိုဆွေး‌နွေးနေတာတွေ့ရပါတယ်..
အတွေးအခေါ်ပါတဲ့စာစုလေးတွေ စိတ်ခွန်အားဖြစ်စေတဲ့ စာစုလေးတွေကို ဖော်ပြထားတာကိုတွေ့ရတယ်.

အသေးစိတ်လေ့လာကြည့်တော့ သူ့ရဲ့ ဗီဒီယိုသင်ခန်းစာတွေ က ဗီဒီယို ၁၀ခုရှိပါတယ်… ဗီဒီယိုတစ်ခုကိုကြာချိန်က ၉မိနစ်ကျော်ပါတယ်.. စိတ်ဝင်စားသူဆိုသေချာနားထောင်သင့်ပါတယ်.. ဘာလို့ဆိုတော့ ခုလိုသင်ခန်းစာတွေရဖို့အပြင်သင်တန်းတက်ရင်အချိန်ငွေကြေးတန်ဖိုးတစ်ခုကြီးကြီးမားမားပေးရပါတယ်..

ခုစာအုပ်တစ်အုပ်ဝယ်ဖတ်ယုံနဲ့ အွန်လိုင်းသင်ရိုးတွေပါတစ်ခါထဲသင်ယူရတာကတော့တန်ပါတယ်..
သူရဲ့စာအုပ်ထဲပါတဲ့အချက်တွေက မိမိစိတ်ကို ဉီး‌နှောက်မုန်တိုင်းဆင်ခိုင်းတာပါ.. မေးခွန်းတွေမေးထားတယ်.. ဘော်ပင်နဲ့ချရေးကြည့်ရပါတယ်။

ပြသ နာကိစ္စရပ်တွေကို အခြားသူတွေရဲ့ အမြင်ရှုထောင့်ကနေ မြင်ပေးလေ့ရှိသလား …. ကိုယ့်ကိုကိုယ်အလွန်နားထောင်ကောင်းတဲ့လူတစ်ယောက်လို့ ခံစားမိတာမျိုးရှိသလား… စသဖြင့် မေးခွန်းကောင်းလေးတွေကို မိတ်ဆွေကဖြေဆိုရဖြစ်ပါတယ်..

နောက်ပြီး သိန်းဌက်တွေအကြောင်းဖော်ပြထားတာကောင်းပါတယ်…
သိန်းဌက်တွေကအပြောင်းအလဲကိုဘာတွေလုပ်ကြလဲ စတဲ့မေးခွန်းက မိမိ စတင်ပြောင်းလဲဖို့အတွေးအမြင်သစ်တစ်ခုကိုရစေပါတယ်…ဒသနပါတဲ့စာစုလေးတစ်ခုဆိုကျနော်သိပ်ကြိုက်ပါတယ်..

သူ့စာအုပ်က စိတ်အတွေးတွေကို လက်တွေ့ချရေးခိုင်းလိုက်တာပါ..
မိမိအားနည်းချက်တွေအားသာချက်တွေကို စဉ်းစားလာမိစေတယ်… ဒါကအလင်းရောင်တစ်ခုရလိုက်တာပါပဲ…မိမိဟာ ခေါင်းဆောင်ကောင်းလုပ်ချင်သူလား.. မိမိဟာ ခေါင်းဆောင်မဖြစ်ခင်နောက်လိုက်ကောင်းတစ်ယောက်အဖြစ်ဘယ်လိုနေထိုင်ကျင့်ကြံမလဲ…

နောက်ပီးလူအဖွဲ့အစည်းတစ်ခုမှာ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရေးအနုပညာတွေ အပြင် အရေးကြီးတာတွေကို အဓိကဖော်ထုတ်ထားတဲ့စာအုပ်ဖြစ်နေပါတယ်..စာအုပ်ထဲက ရလိုက်တာတစ်ခုက စိတ်ခွန်အားကျဆင်းနေသူဖြစ်နေရင်
ခုစာအုပ်လေးဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်.. စိတ်ခွန်အားမကျဆင်းလည်း ခေါင်းဆောင်ဖြစ်ချင်သူတွေအတွက်လည်း ဖတ်သင့်တဲ့စာအုပ်ပါ…ခုစာလေးကိုဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်.. ကြိုးစားသူတိုင်း စစ်မှန်တဲ့နည်းလမ်းတွေနဲ့ ဘဝတွေပိုမိုအောင်မြင်ကြပါစေ…
ကျနော်စာအုပ်အညွန်းတွေရေးပေးနေတဲ့ ဇက်ပါခင်ဗျာ….