uab bank မှ ဂုဏ်သိက္ခာရှိသော international bank award လက်ခံရရှိ

uab bank မှ ဂုဏ်သိက္ခာရှိသော international bank award လက်ခံရရှိ

JW Marriott Hotel Hong Kong၌ကျင်းပပြု လုပ်ခဲ့သော Euromoney Awards for Excellence 2019 Asia ၏ Gala Dinner တွင် uab bank မှ “Myanmar’s Best Bank 2019 “ဆုအားဂုဏ်ယူစွာဖြင့်လက်ခံရရှိခဲ့ပါသည်။

၎င်းဆုချီးမြှင့်ပွဲသို့CEO Mr.Christopher Lohနှင့် Deputy CEO ဒေါ်ကျော့ကေခိုင် တို့မှ uab bank ကိုယ်စားတက်ရောက်ခဲ့ပါသည်။

ပိုမိုကောင်းမွန်သော Managementအားကောင်းသော Business Model နှင့် ခိုင်မာသော Strategy တို့ကိုပေါင်းစပ်၍ uab bank ကိုအကောင်းဆုံးပြောင်းလဲ စေခဲ့ရုံသာမ ကခေါင်းဆောင်နိုင်မှု နှင့် ဆန်းသစ်တီထွင်နိုင် မှုတို့ကိုပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း

စသည့် အချက်များကြောင့် ယခုကဲ့သို့ “Myanmar’s Best Bank 2019” ဆုကိုထိုက်တန်စွာလက်ခံနိုင်ခဲ့ခြင်းဖြစ်ပါသည်။

နှစ်ပေါင်း (၅၀)အတွင်းEuromoney သည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ဆောင်ချက် များဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဦးဆောင်ထုတ်ဖေါ် အသိအမှတ်ပြုပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။