ကြာသပတေးည နိုင်ငံတကာအားကစားသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။

ကြာသပတေးည နိုင်ငံတကာအားကစားသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။

ဖီဖာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၀ဉီးစာရင်းတွင် မက်ဆီ စီရော်နယ်ဒို နဲ့ ဗန်ဂျစ် တို့ပါဝင်ပါတယ်။
ဒါအပြင် ဒီဂျောင် ဒီလစ် မာနေး ဆာလက် ဟယ်ရီကိန်း ဟာဇက် နဲ့ အမ်ဘတ်ပီ တို့ပါဝင်တယ်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အာဂျင်တီးနားကို စကာလိုနီတာဝန်ယူမယ်

စကာလိုနီဟာ အာဂျင်တီးနားကို ကိုပါအမေရိကဖလားဆီမီးသို့ ပို့ဆောင်ပေးခဲ့ပီးနောက် အနာဂတ်မသေချာခဲ့ပေမယ် ခြေစစ်ပွဲတွေမှာ ဆက်လက်တာဝန်ပေးခြင်းခံရတာလည်းဖြစ်ပါတယ်။

ဘေးလ်ကို လူစာရင်းချန်ထားခြင်းကို နည်းပြဇီဒန်းရှင်းလင်း

ဘေးလ်အနေနဲ့ ခရီးသွားရန်မသင့်တော့ဘူးလို့ ဆရာဝန်တွေအကြံပေးချက်ကြောင့် ချန်လှန်ခဲ့တာလို ပြင်သစ်နိုင်ငံသား ဇီဒန်းက ဆိုပါတယ်။

ဆက်လက်ပီး ဘေးလ်သတင်းတပုဒ်က တော့ စပိန်ဘာသာစကားဖြင့် ဘေးလ်မပြောခြင်းက စော်ကားသလိုဖြစ်စေဟု ဝေးလ်နည်းပြဟောင်းဖြစ်သူတိုရှက် ဝေဖန်ခဲ့ပါတယ်။

ရီးရဲလ် ၆နှစ်ကျော်ကစားခဲ့ပေမယ့် စပိန်ဘာသာစကားပြောဆိုမှုမရှိခြင်းက သူနဲ့လက်တွဲလုပ်ဆောင်နေသူတွေကို စော်ကားသလိုဖြစ်တယ်လို့ ဝေဖန်ထားတာပါ။


ဆက်လက်ပြီး ပြည်တွင်းသတင်းတပုဒ်ကိုတင်ဆက်ချင်ပါတယ်.
အာဆီယံ ယူ ၁၅ ပြိုင်ပွဲမှာ မြန်မာအသင်း ဖိလစ်ပိုင်အသင်းကို အနိုင်ယူ

မြန်မာအသင်းက ဖိလစ်ပိုင်ကို ၁ – ၀ နဲ့အနိုင်ရခဲ့တာပါ။

ခု ၁၅နှစ် အရွယ် မြန်မာအသင်းကို အနာဂတ်လက်ရွေးစင်အသင်းအဖြစ်ရည်ရွယ်ထားတာပါ။