အင်္ဂလန် ပြည်တွင်း ဖလား ၄ လုံးကို တစ်နှစ်အတွင်း သိမ်းပိုက်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာတဲ့ မန်စီးတီး

အင်္ဂလန် ပြည်တွင်း ဖလား ၄ လုံးကို တစ်နှစ်အတွင်း သိမ်းပိုက်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာတဲ့ မန်စီးတီး

ပက်ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းဟာ 2019 ကွန်မြူနတီ ဒိုင်းလုပွဲမှာတော့ လီဗာပူး ကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ကစားပြီး ဆုဖလားကြီးကို သိမ်းပိုက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ဟာ အင်္ဂလန် သမိုင်းကြောင်း တစ်လျှောက် ပြက္ခဒိန် နှစ် တစ်နှစ်အတွင်း ပြည်တွင်းဖလား 4 လုံး အထိ သိမ်းပိုက်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ယခင်က ဘယ်အသင်းမှ ရယူခဲ့ဖူးခြင်း မရှိတဲ့ စံချိန်မျိုမို့ မန်စီးတီး ပရိသတ်တွေ ဂုဏ်ယူနေကြမှာပါ။

ဒီပွဲမှာ မန်စီးတီးဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုးနဲ့ အသာစီး ကစားပြနိုင်ခဲ့ပေမယ့် ၊ ဒုတိယ ပိုင်းမှာတော့ လီဗာပူး ရဲ့ ပြန်လည် ဖိအားပေးခြင်းကို ခံခဲ့ရပြီး ချေပဂိုးပါ ခွင့်ပြုခဲ့ရပါတယ်။ အဲဒီနောက် လီဗာပူးဟာ အနိုင်ဂိုး ရရှိဖို့ ဆက်လက် ဖိအားပေးခဲ့ပေမယ့် ဝေါ်ကာ နဲ့ ဘရာဗိုတို့ လက်စွမ်းပြခဲ့တဲ့တာကြောင့် သာမန် ပွဲကစားချိန် အတွင်းမှာ သရေ နဲ့သာ ပြီးဆုံးသွားခဲ့တာပါ။

ငွေကြေးပိုင်းဆိုင်ရာ အရ အရေးပါတဲ့ ပွဲစဉ် မဟုတ်သော်လဲ ၊ ဂုဏ်သိက္ခာပိုင်းအရ ကစားကြတာ ဖြစ်လို့ ပွဲဟာ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ၊ အသင်း နှစ်သင်းစလုံးဟာလဲ ဥရောပ ရဲ့ တကယ့် ထိပ်တန်းအသင်းကြီးတွေ ဆိုတာ ထင်ထင်ရှားရှား ပြသသွားနိုင်ခဲ့ပါတယ်။

ဘောလုံး ပရိသတ်တွေ အတွက်တော့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်း တစ်ပွဲကို ရာသီအဖွင့်မှာပဲ ခံစားခွင့် ရရှိလိုက်တာလို့ ဆိုရမှာ ဖြစ်သလို ၊ ရသမျိုးစုံ ပေးသွားခဲ့တယ်လို့လဲ မှတ်ချက်ပေးရမှာပါ။

ဒီပွဲရဲ့ သူရဲကောင်းကတော့ မန်စီးတီး ဂိုးသမား ဘရာဗို ဖြစ်သလို ၊ ဝေါ်ကာရဲ့ ဖျက်ထုတ်မှုကလဲ အပြောင်းအလဲ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ ပိတ်သွင်းချက်ဟာ စည်းပေါ်ကနေ ပြန်ထွက်သွားတဲ့ အခိုက်အတန့်ကတော့ ဒီနှစ်သင်း ပြီးခဲ့တဲ့ ဘောလုံးရာသီက တွေ့ဆုံခဲ့တဲ့ အကြောင်းအရာ တစ်ချို့ကို ပြန်လည် အမှတ်ရသွားစေခဲ့ပါတယ်။

ဝင်ဘာလေ ကွင်းကြီးမှာတော့ မန်စီးတီးဟာ ကလော့ပ်ရဲ့ လီဗာပူး ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အသားစီး ရယူသွားခဲ့ပြန်ပါပြီ။ လီဗာပူး အနေနဲ့လဲ ဖလား 7 လုံး လမ်းကြောင်းပေါ်ကနေ တစ်လုံးကို စတင်လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

သို့သော် လီဗာပူး ပရိသတ်တွေ ကတော့ သူတို့ အသင်းရဲ့ ခြေစွမ်းကို ကျေနပ်နေကြမှာ ဖြစ်သလို ၊ မန်စီးတီး ပရိသတ်တွေကလဲ စံချိန်တင် မှတ်တမ်းကောင်း တစ်ခုအတွက် ပီတိဖြစ်နေကြမှာပါ။

Myanmar Sport