ကျွန်တော် , ယူနိုက်တက်နှင့် တောင်အမေရိက အလက်ဂျစ်

ကျွန်တော် , ယူနိုက်တက်နှင့် တောင်အမေရိက အလက်ဂျစ်

#စပါးအသင်းဟာ ဂျူဗီအသင်းရဲ့အာဂျင်တိုင်း တိုက်စစ်မှူး ဒီဘားလားကို ပေါင်သန်း ၇၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။

#ဒါဟာ ဒီဘားလားနဲ့လူကာကူကို ယူနိုက်တက်ဘက်က
ငွေအနည်းငယ် အလိုက်ပေးပြီး အလဲအထပ်လုပ်ဖို့ သဘော
တူညီမှု မရခဲ့တဲ့နောက်မှာ စပါးအသင်းက လှုပ်ရှားခဲ့ပြီး သဘောတူညီမှု ရခဲ့တာပါ။

#ဒီဘားလားအနေနဲ့ ဂျူဗီမှာရနေတဲ့ ၁ နှစ်လုပ်အားခထက်

နှစ်ဆများတဲ့ လုပ်အားခကို တောင်းဆိုခဲ့လို့ ယူနိုက်တက်က
သူရဲ့အပြောင်းအရွှေ့ကို ပယ်ဖျက်လိုက်တာပါ။

#ဒီဘားလားဟာ ဂျူဗီမှာ ၁ နှစ်လုပ်အာခ ပေါင် ၇ သန်း
ကျော် ရရှိပေမယ့် ယူနိုက်တက်ဆီကိုတော့ ၁၄ သန်းကျော် တောင်းဆိုခဲ့တာပါ။

#တောင်အမေရိက ကစားသမားတွေဟာ ယူနိုက်တက်နဲ့
လမိုင်းမကပ်ဘူးဆိုတာကို ကျွန်တော်အပေါင်းအသင်းများကို
ကျွန်တော် မကြာခဏ ပြောဘူးပါတယ်။ဒါကြောင့်လည်း ဒီဘားလားနဲ့ လူကာကူကို အလဲအထပ် ပြုလုပ်မယ့်သတင်းကို ဗြိတိန်အားကစားသတင်းဌာနတွေက တစ်နေ့တစ်မျိုး မရိုးရအောင် ဖော်ပြပေမယ့် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်ခ်
မှာတောင် သိပ်မတင်ခဲ့ပါဘူး။

#ဘာဖြစ်လို့ ဖေ့စ်ဘွတ်မှာ မတင်ခဲ့သလဲဆိုတော့ ဒီဘားလားဟာ ယူနိုက်တက်နဲ့ အံဝင်ဂွင်ကျဖြစ်မယ့် ကစားသမားလို့ ကျွန်တော် မယုံကြည်လို့ပါ။ဘာဖြစ်လို့ မယုံကြည်သလဲ ဆိုတော့ တောင်အမေရိက ကစားသမားဖြစ်နေလို့ပါ။

#ယူနိုက်တက်ဟာ တောင်အမေရိက ကစားသမားတွေနဲ့ အံမဝင်ပါဘူး။ကျွန်တော် မှတ်မိသလောက်ဆိုရင်လည်း တောင်အမေရိကဘက်က ကစားသမားတွေဟာ ယူနိုက်တက်မှာ လောက်လောက်လားလား အောင်မြင်မှု မရှိပါဘူး။

#၂၀၀၂ ကမ္ဘာ့ဖလား ဘရာဇီးလ်ဗိုလ်စွဲတော့ ဘရာဇီးအသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံး မောင်းနှင်ခဲ့တဲ့ ကလီဘာဆင်ကို ယူနိုက်တက် ခေါ်ယူခဲ့တာပဲ။ဒါပေမယ့် ယူနိုက်တက်မှာ ထင်သလောက် ခရီးမပေါက်တော့ အသင်းပြောင်းခဲ့တာပဲ။

#တစ်ချိန်က အာဂျင်တီးနားနဲ့ လာဇီယိုတို့ရဲ့ ကွင်းလယ် ဗိုလ်ချုပ် ဗီရွန်ကို အဲ့ဒီအချိန်က စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပေမယ့် ဗီရွန်ဟာ ယူနိုက်တက်မှာ အောင်မြင်ခဲ့သလား။မှော်ဆန်တဲ့ သူ့ရဲ့ခြေစွမ်းတွေက တကယ်ကောင်းပေမယ့် ယူနိုက်တက်မှာတော့ အံမဝင်ခဲ့ပါဘူး။

#အနီးကပ်ဆုံးပြောရရင် ရီယဲယ်မက်ဒရစ်ကို ချန်ပီယံလိဂ်
ဖလားရရှိဖို့ အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ဒီမာရီယာ ယူနိုက်တက်မှာ ကျဆုံးခဲ့တယ်။

#ဘရာဇီးသား အန်ဒါဆင် , ဥရုဂွေးတိုက်စစ်မှူး ဒီယေဂို ဖော်လန် , ကလီဗာဆင် , ဗီရွန် , မက္ကဆီကို တိုက်စစ်မှူး ဖာနန်ဒက်ဇ် , ဖယ်လ်ကာအို , ဒီမာရီယာ , ရာဖေးလ်ညီနောင်…

ကျွန်တော်မှတ်မိတဲ့ ဒီတောင်အမေရိကဘက်က ကစားသမားတွေဟာ ယူနိုက်တက်မှာ အောင်မြင်ခဲ့သလား။

#အနီးစပ်ဆုံးပြောရရင် ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချ

က်တောင် ယူနိုက်တက်မှာ နေရာတစ်နေရာအတွက် ရုန်းကန်နေရဆဲပါပဲ။

#အဲ့ဒီတော့ ကျွန်တော်ဟာ တောင်အေမရိကဘက်က ကစားသမားတွေကို ယူနိုက်တက် ကြေးကြီးပေးပြီး ခေါ်တာတွေကို အခုအချိန်အထိ နှစ်သက်မှု မရှိဘူး။သူတို့ဟာ
ယူနိုက်တက်ကို အောင်မြင်မှုတွေ ရယူပေးလိမ့်မယ်လို့ ဘယ်တော့မှ

မယုံကြည်ဘူး။ယူနိုက်တက်နဲ့ တောင်အမေရိက ကစားသမားတွေနဲ့ပတ်သက်ပြီး ကျွန်တော် သိမြင်ခံစားရတဲ့
အလက်ဂျစ်နဲ့ ပတ်သက်ပြီး ဘယ်တောင်အမေရိက ကစား သမားက ချေဖျက်ပေးနိုင်မလဲ။

#ဒါကြောင့် ယူနိုက်တက်နဲ့ ဒီဘားလား အပြောင်းအရွှေ့
မဖြစ်လို့ ကျွန်တော်ကတော့ ဝမ်းသာပါကြောင်း….

#သိဘို့…

Min Naing Soe