သံလွင်တံတား (မော်လမြိုင်) ဖြတ်သန်းမှုကို ခေတ္တပိတ်ထား

သံလွင်တံတား (မော်လမြိုင်) ဖြတ်သန်းမှုကို ခေတ္တပိတ်ထား

မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ တောင်မြေသားပြိုကျပြီး လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားရ

တောင်ပြိုကျတဲ့ထဲ လူနေအိမ် ၁၁ လုံး၊ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်ပါသွားပြီး မော်တော်ယာဉ်လေးစီး ပျက်စီးခဲ့

ပေါင်မြို့နယ်အတွင်း ဒီနေ့ မနက်အစောပိုင်း ၄ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံရှိ လူနာတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။

ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ကျန်းမာရေးချို့တဲ့လူနာ ၃၁ ဦးကို သြဂုတ် ၉ရက်မနက် ၇ နာရီ ၅၀ အချိန်မှာ ရေအခြေအနေအရ ကယ်ဆယ်ရေးလှေတွေနဲ့ သယ်ထုတ်ပြီး နန်းဦးဘုန်းကြီးကျောင်းကို ယာယီရွှေပြောင်းပေးခဲ့တာဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာလည်း ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေ

မိုးရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် ကျိုက်မရောမြို့နယ် စာသင်ကျောင်း ၁ ကျောင်း ယာယီပိတ်ထားခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်မှာ အိမ်ထောင်စု ၄၈၀ စု၊ ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘီလင်းမြို့နယ်အတွင်း လူဦးရေ ၇၀၀၅ ဦး ခိုလှုံနေ။

Photo ‘နေမင်း