သူနဲ့မက်ဆီက ဘာကွာခြားသလဲဆိုတဲ့အပေါ် အချက်ကျကျရှင်းလင်းလိုက်တဲ့ ရော်နယ်ဒို

သူနဲ့မက်ဆီက ဘာကွာခြားသလဲဆိုတဲ့အပေါ် အချက်ကျကျရှင်းလင်းလိုက်တဲ့ ရော်နယ်ဒို

ခရစ်စတီယာနိုနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ သမိုင်းတလျောက်အကောင်းဆုံး ကစားသမားတွေဖြစ်ကြတယ်ဆိုတာ သံသရဖြစ်စရာတော့မရှိပါဘူး ။ ဘောလုံးလောက မှာ ဆယ်စုနှစ်တခုကျော်အကြာ အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ကိုယ်စားပြုကလပ်တွေမှာ စံချိန်တွေ တခုပြီး တခု ရိုက်ချိုးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ပြီး ဘောလုံးလောကမှာ အကြီးကျယ်ဆုံး ဆုဖြစ်တဲ့ ဘလွန်ဒီအော်ဆုကို ၅ ကြိမ်စီ ပိုင်ဆိုင်ထားခဲ့ကြပါတယ်။

ခောတ်တခေတ်ထဲမှာ ပေါ်ပေါက်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်တာနဲ့အညီ ၂ ဦးကို နှိုင်းယှဉ်ဖော်ပြမှုတွေက အမြဲတမ်းရှိနေခဲ့ပါတယ်။ ဘောလုံးလောက မှာတော့ မက်ဆီနဲ့ရော်နယ်ဒို ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ အငြင်းအခုံက နည်းပြတွေ ၊ကစားသမားတွေနဲ့ အထင်ကရ ပုဂိုလ်တွေကြားမှာ စဉ်ဆက်မပြတ်ရှိနေခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ မတူညီတဲ့ကလပ်အသင်းနဲ့ အောင်မြင်မှုတွေ များစွာပိုင်ဆိုင်ခဲ့ပေမယ့် မက်ဆီက ဘာစီလိုနာတသင်းတည်းမှာပဲ အောင်မြင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ တချို့တွေရဲ့ သတ်မှတ်မှုအရမှာတော့ ရော်နယ်ဒိုက နိုင်ငံအသင်းကိုအောင်မြင်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် မက်ဆီကတော့ အာဂျင်တီးနားကို ကြီးမားတဲ့ ဆုဖလားရရှိအောင်မစွမ်းဆောင်နိုင်ခဲ့တာပါ ။ ဒါပေမယ့် သူတို့ ၂ ဦး ဘယ်သူက ပိုကောင်းသလဲဆိုတာတော့ မတူကွဲပြားတဲ့ အမြင်အမျိုးမျိုး ရှိနေကြဆဲဖြစ်ပါတယ်။ မက်ဆီက ပါရမီနဲ့ ကျွမ်းကျင်မှု ပိုင်းမှာ အသာရသလို ရော်နယ်ဒိုကတော့ နိုင်လိုစိတ်ပြင်းထန်မှု အသင်းအပေါ် ဦးဆောင်နိုင်မှုတွေက သာတယ်လို့လည်း ကျွမ်းကျင်ပညာရှင်တွေကသတ်မှတ်ကြပါတယ်။

ဒါပေမယ့် နောက်ဆုံး အင်တာဗျူးမှာတော့ ရော်နယ်ဒိုက မတူညီတဲ့ကလပ်အသင်းတွေနဲ့ အောင်မြင်ခဲ့တာကြောင့် မက်ဆီထက် သူက ပိုမိုအောင်မြင်တယ်လို့ တွေးထင်ထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ မန်ယူ ၊ ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့မှာ အဓိက ကစားသမားအဖြစ် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုက သူနဲ့ မက်ဆီတို့ ရဲ့ ကွားခြားမှုကို ချန်ပီယံလိဂ်ပြိုင်ပွဲကို စံထားပြီး DAZN ကို အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ ” မက်ဆီနဲ့ ကျနော့်နဲ့ ကွားခြားမှုက တော့ ကျနော်က မတူညီတဲ့ ကလပ်အသင်းတွေနဲ့ ချန်ပီယံလိဂ် ဖလားရရှိခဲ့တယ်ဗျ ။ ပြီးတော့ ချန်ပီယံလိဂ်မှာ ၆ ရာသီ ဂိုးအများဆုံး ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆုဖလား ၅ ကြိမ်ရတဲ့ ကစားသမား ဆိုတာ အများကြီးမရှိပါဘူး ။ ကျနော်ကတော့ ဒီပြိုင်ပွဲရဲ့ အမှတ်သင်္ကေတပါပဲ ။ မက်ဆီက အရမ်းကောင်းတဲ့ကစားသမားပါ။ သူ ဘလွန်ဒီအော် ၅ ဆုရရှိထားတာကိုလည်း မေ့လို့မရသလို၊ နှစ်စဉ်နှစ်တိုင်း အမြဲတမ်း ထိပ်တန်းဖြစ်နေတာကောပေါ့ ။ ကျနော့်လိုပါပဲ။ ” ဟုဖြေကြားသွားခဲ့ပါတယ်။