ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်အောင် ဒီအချက်လေးတွေကိုရှောင်

ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်အောင် ဒီအချက်လေးတွေကိုရှောင်

ကျွန်ုပ်တို့လူသားတွေဟာ နေ့စဉ်တနေကုန်လှုပ်ရှားသွားလာပြီး အလုပ်တွေလုပ်နိုင်ဖို့ ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ရန် လိုအပ်ပါတယ်။

တစ်ရက်၊နှစ်ရက် အိပ်ရေးပျက်တာဟာ သိပ်မသိသာပေမဲ့ ခဏခဏအိပ်ရေးပျက်ပါများလာရင်တော့ ဝေဒနာတစ်ခုလိုခံစားရနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒါ့ကြောင့် အောက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်လုပ်ကြည့်ပြီး ညဘက်တွေနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်အောင် ကြိုးစားကြည့်ကြရအောင်။

၁။ တစ်နေ့တာကြုံတွေ့ခဲ့သမျှ စိတ်ဖိစီးမှုများကို ဖြေလျော့လိုက်ပါ။

မအိပ်ခင်နာရီပိုင်းအလိုမှာ တရားထိုင်ပေးတာ၊ စာအုပ်ဖတ်ပေးတာနှင့် ငြိမ့်ညောင်းတဲ့တေးဂီတတွေ နားထောင်ပေးတာဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။

၂။ အလင်းရောင်စူးစူးများနှင့် အီလက်ထရောနစ်ပစ္စည်းများ အလွန်အကျွံမသုံးသင့်ပါ။

စမတ်ဖုန်း၊ လက်ပတော့နှင့် တီဗီစတဲ့ပစ္စည်းတွေကထွက်တဲ့ အလင်းရောင်နဲ့ရေဒီယိုလှိုင်းတွေဟာ ဦးနှောက်ကိုထိခိုက်စေနိုင်ပြီး အလင်းရောင်စူးစူးတွေဟာလည်း အိပ်ခါနီးမျက်စိကြောင်စေနိုင်ပါတယ်။

၃။ မအိပ်ခင်နွားနို့ပူပူလေးတစ်ခွက်လောက် သောက်ပေးပါ။
နွားနို့ဟာ အိပ်ရာဝင်ခါနီးအတွေးများခြင်းကို ဟန့်တားပေးပြီး မြန်မြန်ဆန်ဆန်အိပ်မောကျသွားစေနိုင်ပါတယ်။နွားနို့ပူပူလေးဆိုရင်ပိုကောင်းပါတယ်။

၎။ မအိပ်ခင် နာရီပိုင်းအလိုမှာ ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ပါ။

တစ်နေကုန် ပင်ပန်းလာတဲ့ခန္ဓာကိုယ်ကြီးကို အညောင်းအညာပြေသွားအောင် လေ့ကျင့်ခန်းအနည်းငယ်လုပ်ပေးခြင်းနဲ့ ယောဂထိုင်ခြင်း စတဲ့ကိုယ်လက်လှုပ်ရှားမှုတွေဟာ အကြောတွေကိုပြေလျော့စေနိုင်လို့ အိပ်ရေးဝဝအိပ်မောကျစေပါတယ်။

၅။ လုံးဝအိပ်မပျော်တဲ့အခါ ဂဏန်းတွေကို နောက်ပြန်ရေတွက်ကြည့်ပါ။

ဒီနည်းလမ်းကတော့ အိပ်ခါနီးအတွေးလွန်ပြီး အိပ်မပျော်တတ်တဲ့သူတွေအတွက်ပါ။

၁၀၀ကနေ ၉၉၊ ၉၈၊ ၉၇၊….လိုမျိုးဂဏန်းတွေကို ဖြည်းဖြည်းချင်းနောက်ပြန်ရေတွက်သွားခြင်းဟာ အတွေးလွန်ခြင်းကိုလျော့နည်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားအောင် ကူညီပေးပါလိမ့်မယ်။

သဲဒါလီ