မလုံခြုံတော့တဲ့လမ်းပေါ်ကကလေးငယ်များ

မလုံခြုံတော့တဲ့လမ်းပေါ်ကကလေးငယ်များ

မိုးကဖွဲ့ဖွဲ့ကျနေတဲ့ညနေခင်းတခု။ ပလက်ဖောင်း ကလေးပီစီနောက်တောက်လေးတယောက် လမ်းလျှောက်နေတယ်။ကွေ့ကားတွေကအရှိန်နဲ့မောင်းနေတာပေါ့။
ကိုယ့်ကတော့စိုးရိမ်တာပေါ့ ကလေးပလက်ဖောင်းကနေ အောက်ကားလမ်းမလျှောက်မိတာဖြစ်စိုးရိမ်တာ ဒါဆိုကားတိုက်မယ်။
လမ်းပေါ်ကကလေးတွေကျတော့ အကျင့်ဖြစ်နေပါပီ သူတို့တွေကလမ်းတွေကိုကျွမ်းနေပီ။
မိဘအုပ်ထိန်းသူတွေက လမ်းပေါ်တိုလီမိုလီရောင်းတဲ့ဈေးသည်တွေဆိုတော့ သူတို့တိုလီမိုလီကလေးငယ်တွေကို အချိန်တိုင်းဘယ်ဂရုစိုက်နိုင်မလဲ ဝမ်းရေးရှိသေးတာကို။
နေပူပူမိုးရွာရွာလမ်းပေါ်ဈေးရောင်းနေရတာ။
ဒီညကျသတင်းတပုဒ်ဖတ်ရ။ အဲ့လိုသတင်းတွေမဖတ်ချင်ပါဘူး သေဆုံးဖူးယောင်နေတဲ့ ၈နှစ်အရွယ်မိန်းခလေးတယောက် ရထားသံလမ်းဘေးလာပြစ်ထားတာ။
အဲ့ကလေးက လမ်းပေါ်ဈေးရောင်းမိသားစုကကလေးငယ်ပဲ။
ဟိုတနေ့က ၂ရက်သားမိန်းခလေးငယ်ကိုအကြွေးဆပ်ဖို့ ၁၀သိန်းရောင်းစားတဲ့ဆင်းရဲသားမိခင်တယောက်ရဲဖမ်းထားသတင်းဖတ်ရသေးတယ်။
ကျောမွဲဆင်းရဲသားသနားဖို့ကောင်းတယ် ပညာမတတ်။ အမြတ်ထုတ်မှုခံနေရတယ်။
လမ်းပေါ်ကမိသားစုတွေကလေးငယ်တွေကမလုံခြုံတော့ပါဘူး။
ငွေကြေးဆင်းရဲ ပညာမတတ်။ အမြတ်ထုတ်ခြင်းခံရ ။လူသိစိုးနောက်ဆုံးအသတ်ဖြတ်ခံရ။ ခေတ်ကမကောင်းတော့ပါဘူး။
ဘယ်သူအပြစ်မဟုတ် ဖြစ်ချိန်တန်ဖြစ်တာပေါ့။
ပရဟိတတို့ နောက်ဘတ်ဂျတ်တွေသုံးသုံးပီ လူတွေဘဝကယ်တင်အဖွဲ့တွေ တက်လိုအပ်နေတဲ့နေရာတွေ ထိထိမိမိစိတ်ကောင်းကောင်းထား မလိမ်မညာမခိုးပဲ တိတိကျကျ လုပ်ပီးတက့်ဟီးရိုးတွေပေါ်ထွက်လာဖို့ပဲ မျှော်လင့်မိပါတယ်။
ကျနော်တို့လူအဖွဲ့စည်းက ပြင်ရအချိန်ပါ။
ဒီတိုင်းဆက်သွားနေ ဘာထူးခြားလာမဟုတ်ဘူး။