“စည်း”

“စည်း”

စီးပွားရေးလောကထဲကို ဝင်လာရင် ဒါတွေမလုပ်ပါနဲ့။

၁. Copy မကူးပါနဲ့

ပြိုင်ဘက်တွေရဲ့ Idea တွေကူးတော့ ဘာဖြစ်လဲ ဆိုတဲ့ အတွေးတွေ မတွေးပါနဲ့။

၂. ဈေးကွက်မဖျက်ပါနဲ့

မတန်တဆ လျှော့ရောင်းတာမျိုးမလုပ်ဘဲ Brand Brand ချင်းတိုက်ပါ။

၃. ပြိုင်ပါ မတိုက်ခိုက်ပါနဲ့

ပြိုင်ဘက်တွေ ကို ယှဉ်ပြိုင်ပါ မတိုက်ခိုက်ပါနဲ့။ တစ်ခါတရံ ပြိုင်ဘက်ဆိုတာ အကောင်းဆုံး Partner ပါ။

၎. စည်းမဖောက်ပါနဲ့

လုပ်ငန်းအမျိုးအစားတူသူခြင်း လုပ်ငန်းတန်ဖိုး တက်လာအောင်မြှင့်ပါ။ Quality ကြောင့် စည်းမဖောက်ပါနဲ့။ Service ကြောင့် စည်းမဖောက်ပါနဲ့ လုပ်ငန်းရှင်တွေစည်းစောင့်မှ လုပ်ငန်းတန်ဖိုးတက်မှာပါ။

၅. အရှက်တရားလေး သတိထားပါ

သူများ ဈေးချ လိုက်ချ သူများ New Product ထုတ် လိုက်ထုတ် မလုပ်ပါနဲ့။ သူများရတဲ့ Idea သူများ လုပ်နေရင် ကိုယ်က အရှက်ကလေးနဲ့ ခပ်ခွာခွာကနေ မတူ ကွဲထွက်အောင်လုပ်ပါ။

သင်က စီးပွားရေး လုပ်ငန်းရှင်ပါ

ဒီအချက်တွေထဲက တစ်ခုမဟုတ်တစ်ခုဖြစ်စေ
အကုန်လုံးဖြစ်စေ မလုပ်ဖြစ်အောင်ကြိုးစားသော်လည်း …
ယနေ့လို Red Ocean ကြီးဖြစ်နေသော ကစားပွဲကြီးမှာ…

ငယ်ငယ်တုန်းက လောင်းကစားသိပ်ကြိုက်တယ်…
ခုတော့ စီးပွားရေး လုပ်တာပိုကြိုက်တယ်…
လောင်းကစားထက်ကြမ်းတယ် …

တချို့လူတွေ ဦးနှောက်မပါဘူး…

တစ်ချို့တွေ … ယုံကြည်မှုကြမ်းကြတယ်…

စေတနာ နဲ့ စီးပွားရေးလုပ်ကြပါလို့…

ဦးနှောက်နဲ့ စီးပွားရေးလုပ်ကြပါလို့…

စီးပွားရေး မကောင်းလေ စီးပွားရေးသင်တန်းကျောင်းနဲ့ ကြော်ငြာ လုပ်ငန်းတွေ လက်မလည်အောင် အလုပ်များတယ်….

အော် … လူ့ဘ၀ ဆိုတာ တစ်ကောင်ကို တစ်ကောင်နင်းတာပါလား…

R.C Win Oo