တရားထိုင်တာဟာ အမြင့်မြတ်ဆုံးပူဇော်ခြင်းဖြစ်တယ်

တရားထိုင်တာဟာ အမြင့်မြတ်ဆုံးပူဇော်ခြင်းဖြစ်တယ်

ပြီးခဲ့တဲ့တစ်ခေါက် ဘုန်းကြီးဝတ်ခဲ့တုန်းက တရားထိုင်တော့ တရားပြတဲ့ဘုန်းဘုန်းပြောခဲ့တာလေးလုံးဝမမေ့ဘူး။

“တရားထိုင်တာဟာ မြတ်စွာဘုရားကို အမြင့်မြတ်ဆုံးသော ပူဇော်ခြင်းဖြစ်တယ်။ ဝတ္ထုပစ္စည်းတွေ ဗြဟ္မာဘုံထိရောက်အောင်ပုံပြီး ပူဇော်တာထက် အများကြီးမြင့်မြတ်ပါတယ်။”

ဘာကိုဆိုလိုတာလဲ။

Buddha was a seeker.
ဗုဒ္ဓဟာ ဗုဒ္ဓမဖြစ်ခင်မှာ သိဒ္ဓတ္ထဂေါတမ (Siddhartha Gautama) မင်းသားဘဝတုန်းက “ရှာဖွေသူ” တစ်ယောက်ဖြစ်ခဲ့တယ်။ အဲ့ဒီ့ကာလမှာ သိဒ္ဓတ္ထလိုပဲ ရှာဖွေသူတွေအများကြီး အိန္ဒိယနယ်အနှံ့မှာရှိခဲ့တယ်။ ပါးစပ်ပြောရာဇဝင်အရ ကျောင်းပေါင်း ၁၆၀၀ အထက်မှာရှိပြီး တစ်ကျောင်းနဲ့တစ်ကျောင်း ရှာဖွေတာတွေမတူတဲ့အလျှောက် နည်းတွေလဲမတူသလို အယူအဆတွေလဲ မတူကြဘူးတဲ့။ ဆရာတွေလဲ အများကြီးရှိခဲ့တယ်။ သိဒ္ဓတ္ထဟာ ဘာကိုရှာဖွေရမှန်းမသိပဲ ရှာဖွေနေခဲ့တယ်။ ဒီဖြစ်တည်မှုကြီးမှာ မွေးပြီး သေယုံ၊ ပြီးတော့ ရှင်သန်တဲ့အချိန်မှာလဲ ပစ္စည်းဥစ္စာရှာဖွေယုံ မိသားစုပျိုးထောင်ယုံထက် ပိုပြီးနက်ရှိုင်းတဲ့ အရာကိုရှာဖွေတာဖြစ်တယ်။ Shallow existence (တိမ်ကောတဲ့ဖြစ်တည်မှု) ထဲကနေ ရုန်းထွက်တဲ့သဘော။ ဒါပေမယ့် နိဗ္ဗာန်ဆိုတဲ့အရာကြီးကို ဦးတည်ပြီးရှာခဲ့တာမဟုတ်တာတော့ ကြိမ်းသေတယ်။ ရာဇဝင်အရ ကနဦးမှာ သိဒ္ဓတ္ထဟာ တစ်ချို့သောဆရာများ (Alara Kalama and Uddaka Ramaputta) ဆီမှာ နည်းလမ်းရလိုရငြား တပည့်ခံသင်ယူမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပါရမီပါလာတဲ့ပုဂ္ဂိုလ်ဆိုတော့ ရလာတဲ့အရာတွေဟာ ပြီးပြည့်စုံတယ်လို့ ယုံကြည်ခံစားလို့မရခဲ့တဲ့အလျှောက် နောက်ဆုံးကိုယ့်လမ်းကိုယ်လျှောက်ပြီး တစ်ဦးတည်းရှာဖွေမှုပြုခဲ့ပါတယ်။ အပြင်ဘက်မှာရှာဖွေနေရင်းနောက်ဆုံးမှာတော့ ရှာနေတဲ့အဖြေဟာ အတွင်းထဲမှာဖြစ်နေတာကိုမြင်သွားပြီး ပါရမီအထုံကြောင့် သဗ္ဗေညုတဉာဏ်တော်ကိုရရှိသွားခဲ့တယ်။

အတွင်းထဲမှာ ဘာတွေ့သွားတာလဲ။

Personhood ဆိုတာကို ဦးဆုံးတွေ့သွားတယ်လို့ထင်တယ်။ Personhood ဆိုတာ ကျနော်တို့အားလုံးထင်ထားတဲ့ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်မဟုတ်တဲ့ကိုယ်ပေါ့။ ကျနော်တို့တွေအားလုံးဟာမွေးကတည်းက မင်းနာမည်ကဘာ၊ မင်းကဘာလူမျိုး၊ ဘာဘာသာကိုးကွယ်တယ်၊ ဘယ်နိုင်ငံသား၊ မင်းဟာချမ်းသာသူ၊ ဆင်းရဲသူ ဆိုတဲ့ label တွေအတပ်ခံရပြီး identity တစ်ခု အပေးခံလိုက်ရတယ်။ အဲ့ဒီ identity ကိုစွဲကိုင်ပြီး ဘဝကိုဖြတ်သန်းရုန်းကန်ကြတယ်။ ဒီ experience ကြီးတစ်ခုလုံးကို mental conditioning လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် brain wash (ဦးနှောက်ဆေး) အလုပ်ခံခဲ့ကြရတယ်။ အဲ့ဒီ့ person ကြီးကို ကိုယ်လို့တကယ်ထင်ပြီး တမေ့တမော နေထိုင်မိနေကြတယ်။ အဲ့ဒီ့ person ဟာ false identity ဆိုတာကို သတိမထားမိကြဘူး။ Personhood ကိုစမြင်နိုင်သွားပြီဆိုရင် မြင်နိုင်စွမ်းရှိတဲ့ consciousness လို့ခေါ်တဲ့ အသိတရားကို သတိထားမိသွားပြီ။ ဒါ Awaken ဖြစ်သွားတယ်လို့ဆိုလို့ရတယ်။ နိုးထသွားတယ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် အသိတရားကို သိသွားပုံချင်းမတူကြဘူး။ ကျနော်ဆိုရင် ကိုယ့်ကိုယ်ကိုရူးတော့မှာလားလို့တောင်တွေးခဲ့မိတယ်။ ဘာလို့လဲဆိုတော့ အသိတရားဆိုတာက ဟာလာဟင်းလင်းကြီးဆိုတော့ ဒါဘာကြီးလဲဆိုတဲ့အတွေးတွေဝင်လာတယ်။ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ကြည့်ပြီး ဒါဘာတွေလဲဆိုပြီးတွေးမိတယ်။ ဦးနှောက်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်ပြီး အသိတရားကြီးကို မိစ္ဆာတစ်ကောင်အလား ကြောက်ရွံ့တုန်လှုပ်ခဲ့မိတယ်။ တကယ်တော့ ဒီအသိတရားကြီးကမှတကယ့် Boss ပါ။ IT IS THE REAL YOU. ဒါပေမယ့် တစ်သက်လုံး person ကြီးက အကျင့်တွေ စရိုက်တွေကို စုဆောင်းကျင့်သုံးလာတော့ အကျင့်တွေ အတွေးတွေအများကြီးက မှတ်ဉာဏ်ထဲမှာ စွဲနေပြီးသားဖြစ်နေကြတယ်။ မှတ်ဉာဏ်မရှိပြန်ရင်လဲမရတော့ မှတ်ဉာဏ်ထဲမှာ သူ့ဟာသူဖြစ်ပေါ်နေတဲ့အရာတွေဟာ ကိုယ်မဟုတ်ဘူးဆိုတာကို သိဖို့ လေ့ကျင့်ကြိုးစားရပါမယ်။ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဝိပသနာတို့ သမထတို့ သုံးပြီး ဆရာကောင်းတွေရဲ့အကူအညီနဲ့ တစ်လွှာခြင်းခွာချရမှာဖြစ်တယ်။ သိယုံနဲ့ ဘယ်မှခရီးမရောက်နိုင်ပါဘူး။ (ကျနော့်လိုတောင် ဂေါက်တောက်တောက်ဖြစ်သွားနိုင်တယ်။)

မြတ်စွာဘုရားရဲ့အဓိက mission ကဘာလဲဆိုတော့ သတ္တဝါတွေကို လွတ်မြောက်ရာလမ်းကိုညွှန်ပြပေးတာပါ။ အဲ့ဒီ့လွတ်မြောက်ရာလမ်းဆိုတာ ကိုယ့်ရဲ့စိတ်အတွင်းထဲမှာပဲရှိပါတယ်။ Personhood ကိုကျော်ဖြတ်နိုင်ပြီ၊ အကျင့်တွေ၊ စရိုက်တွေကို ခွာချနိုင်ပြီဆိုရင် အေးချမ်းမှုအစစ်အမှန် (inner peace) ကိုရမှာဖြစ်တယ်။ အတွင်းစိတ်ငြိမ်းပြီဆိုရင် အရာအားလုံးဟာ ကြည်လင်လာပါတယ်။ အတွင်းစိတ်ကြည်လင်လို့ အပြင်လောကကြီးကြည်လင်လာတာပါ။ ကြည်လင်အေးချမ်းမှုတွေ များသည်ထက်များလာလေလေ ပီတိတွေဖြာလာလေလေ။ ပီတိတွေများလာလေလေ စိတ်တုန်လှုပ်မှုတွေ အကြောက်တရားတွေ ကိလေသာတရားတွေ နဲသည်ထက်နဲလာလေလေဖြစ်ပြီး နောက်ဆုံးမှာတော့ နိဗ္ဗါန်ကိုမျက်မောက်ပြုနိုင်ပါမယ်။
“ဖုထသ လောကဓံမေဟိ စိတံရသ န ကံပတိ” စိတ်မတုန်လှုပ်ခြင်းသည် နိဗ္ဗါန်တည်း။ လို့မှတ်သားဖူးပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက လူတွေကို “တရားထိုင်ခြင်းသည်အမြင့်မြတ်ဆုံးပူဇော်ခြင်း” လို့ပြောတာဟာ အားလုံးအတွက် အမွန်မြတ်ဆုံး လက်ဆောင်ပေးတာပါ။ လူတွေကို အေးချမ်းစေချင်တာ။

#ilovebuddha

Artwork