🍎🍏 ဘယ်သူပိုချမ်းသာသလဲ❓

🍎🍏 ဘယ်သူပိုချမ်းသာသလဲ❓

~~~~~~~~~~~~~~~~~~~~
🔹ရစ်ချတ်….. Steve Jobs နဲ့ Steve Woznaik ဘယ်သူပိုချမ်းသာသလဲ?
🔹Steve နှစ်ယောက်စလုံးက Apple🍎 ကိုထူထောင်ခဲ့တဲ့ ပါတနာနှစ်ယောက်ပဲ။
🔹Steve Jobs က ပိုချမ်းသာတာပေါ့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး တသက်သုံးမကုန်အောင်ချမ်းသာတာ။
🔹Steve Woznaik က ဒေါ်လာ သန်း ၁၀၀ ကျော်လောက်ပဲချမ်းသာတာ။

“ဒီလိုကွ….. Steve ချင်းနာမည်တူနေတော့ Jobs နဲ့ Woznaik ဆိုပြီးခွဲပြောရအောင်”

“ကျနော်က Woznaik ကို ချစ်တယ်။ သူက ပျော်နေတဲ့ Teddy Bear နဲ့တူလို့။ ပြီးတော့ သူက ငွေမကြည့်ပဲ မူလတန်းကလေးတွေကို စာသင်နေတာ။”

“အမှန်ပဲ….. ရစ်ချတ်…. Woznaik က မူလတန်းကလေးပညာရေးက အရေးကြီးတယ်ဆိုပြီး ကလေးတွေကို သင်္ချာသင်တယ်။

ကမ္ဘာ့ပထမဦးဆုံး အိမ်သုံးကွန်ပြူတာကို ဆင်ခဲ့တာက Woznaik ပဲ။ Woznaik ဟာ ဆားကစ်ဘုတ်ကိုလုပ်နေရင်း မနက်လေးနာရီမှာ အပေါက် ၈ ပေါက်ဖောက်တယ်။

တကယ်တော့ ဆားကစ်ဒီဇိုင်းပြောင်းလိုက်ရင် အပေါက် ၅ ပေါက်ပဲဖောက်ဖို့ လိုကြောင်းတွေ့သွားတော့….. ပထမ ဆားကစ်ကိုဖျက်ပစ်ပြီး အစအဆုံးပြန်လုပ်တယ်။

Woznaik ဟာ အဲ့ဒီလောက် perfect ဖြစ်အောင် ကွန်ပြူတာကို လုပ်ပေးခဲ့တာ။

Jobs ကို Woznaik နဲ့ Bill Fernandez က မိတ်ဆက်ပေးခဲ့တာ။ ဂျီနီးယပ်စ်နှစ်ယောက်ဟာ အခင်ဆုံးသူငယ်ချင်းတွေအဖြစ် စားအတူ သွားအတူဖြစ်ခဲ့တယ်။

Woznaik က ဆားကစ်လုပ်ဆော့ရတာ ဝါသနာပါတယ်။ ကျောင်းသားဘဝတုန်းက တီဗီ Jammer လုပ်ပြီး အဆောင်မှာ လိုက်နောက်တာ။

ကျောင်းသားတွေ အဆောင် တီဗီခန်းထဲ ကြည့်နေချိန် နောက်ကနေ လက်ထဲ jammer ထည့်ပြီးကလိတာ။

တီဗီက လိုင်းပျက်သွားရင် ကျောင်းသားတွေက ထထုရင် သူက လက်ထဲက jammer ပြန်ညှိပေးလိုက်တာ တီဗီပြန်ကောင်းသွားရော။

ကျောင်းသားတွေက တီဗီကိုထုလို့ပြန်ကောင်းတယ်ထင်ကြတာ။ အဆောင်မှာ တီဗီကိုထုကြတာ တဒုံးဒုံး။ သူက နောက်ကနေ မျိုးစုံ ထိုင်ကလိပြီးရီနေတာ။

Woznaik ကအဲ့လို ပျော်ပျော်နေတတ်တဲ့လူနောက်။ တနေ့တော့ အဆောင်တစ်ခုမှာ ကျောင်းသားတွေ တီဗီကြည့်နေတုန်း Woznaik က နောက်ကနေ ကလိရော။

ကျောင်းသားတွေက တီဗီကို အမျိုးမျိုးထုတယ်မရဘူး။ ကျောင်းသားတစ်ယောက်က လေထဲမှာ ခြေထောက်တစ်ဖက်မြှောက်ပြီး လက်တစ်ဖက်က တီဗီအလယ်မှာ ထားတာ။

အဲ့အချိန်မှာ Woznaik က Jammer ကို ညှိလိုက်တော့ တီဗီပြန်ကောင်းသွားရော။ အဲ့ဒါနဲ့ ကျောင်းသားက အဲ့ဒီကိုးယိုးကားရားပုံနဲ့ မရွေ့ရဲပဲ ၂ နာရီလောက် ရပ်နေရတယ်။

Woznaik က အဲ့လို လူနောက်။ သူလုပ်ချင်တာလုပ်တယ်။ ပျော်ပျော်နေတယ်။ အားလုံးက သူ့ကို ချစ်တယ်။

Woznaik နဲ့ Jobs နဲ့ကြားမှာ story တစ်ခုရှိခဲ့တယ်။ အဲ့အချိန်က Jobs က Game company Atari မှာ အလုပ်လုပ်နေတာ။

Jobs က လူလည်ကျပြီး Woznaik ကိုရေးခိုင်းတယ်။ game ကိုရောင်းရင် ဒေါ်လာ ၇၀၀ ရမယ်။ အဲ့ဒါကို တဝက်ဆီခွဲယူမယ်။

Jobs က Game ကငွေလည်းရရော Woznaik ကို ငွေ ၃၅၀ ခွဲပေးတယ်။ Woznaik က Game လုပ်ခွင့်ရလို့လည်း Jobs ကို ကျေးဇူးတွေတောင်တင်နေတာ။

နောက် ၁၀ နှစ်ကြာတော့မှ….. Woznaik က ပြန်သိတယ်။ တကယ်တော့ Jobs ဟာ game အတွက် ဒေါ်လာ ၇၀၀ ရတာမဟုတ်ဘူး။ တကယ်တော့ ဒေါ်လာ ထောင်ပေါင်းများစွာ ရခဲ့သတဲ့။

Steve Jobs က အဲ့ဒီကိစ္စကို ငြင်းတယ်။ ဒါပေမယ့် Atari ရဲ့ CEO ကိုယ်တိုင်က အဲ့ကိစ္စအမှန်ပဲလို့ပြောတယ်။

နောက် story တစ်ခုက Apple IPO ဝင်တဲ့အချိန်။ Company ကြီးတွေ IPO ဝင်ရင် သန်းကြွယ်သူဌေးတွေဖြစ် သွားကြတာ။

Jobs က Apple ရဲ့ ပထမဦးဆုံး ဝန်ထမ်းတွေကို ရှယ်ယာခွဲပေးဖို့ငြင်းဆိုခဲ့တယ်။ Woznaik က Jobs ကို ဘယ်လိုမှပြောလို့မရခဲ့ဘူး။

Woznaik အတွက် ပထမဦးဆုံးဝန်ထမ်းတွေဟာ မိသားစုဝင်တွေပဲ။ ဆိုးတူကောင်းဖက် ရုန်းခဲ့သူတွေ။

Jobs က လုံးဝမပေးတော့ Woznaik က သူရတဲ့ သူ့ဝေစု ရှယ်ယာထဲက အားလုံးကို ခွဲပေးခဲ့တယ်။ Steve Jobs ကတော့ ရသမျှ သူ့အိတ်ထဲထည့်သွားခဲ့တယ်။

IPO နေ့မှာ ဝန်ထမ်းတိုင်း မီလီယံနာတွေဖြစ်ကုန်ကြတယ်။ အဲဒါကိုကြည့်ပြီး Woznaik ကအရမ်းပျော်နေခဲ့တယ်။”

“Woznaik ငယ်စဉ်ကာလက အိမ်မက် ၂ ခုရှိခဲ့တယ်။

၁။ ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် တစ်ခုခု တီထွင်ခဲ့ဖို့။

၂။ ဘဝကို သူကြိုက်သလို နေထိုင်ခွင့်ရဖို့။

လူတော်တော်များများက သူများတွေက ဒါလုပ်သင့်တယ်ဆိုတာ လိုက်လုပ်တယ်။ သူဌေးက ဒါလုပ်ဆိုလို့ လုပ်ရတယ်။

Woznaik ကတော့ နေ့တိုင်း သူလုပ်ချင်တာကိုလုပ်တယ်။”

“When I was a kid,” Wozniak said, “I had two goals for my life. The first was to create something with engineering that changes the world. The second was to live life on my own terms.

“Most people do things because that’s what society tells them they should do.

But if you stop and do the math—if you actually think for yourself—you’ll realize there’s a better way to do things.”

👉 “I’m happy because I do what I want every day.”

👉 Steve Jobs ဟာ သေသွားတဲ့အခါမှာ ဘီလီယံနဲ့ချီတဲ့ သူ့ငွေတွေကို သယ်မသွား နိုင်ခဲ့ဘူး။

👉 Steve Woznaik ကတော့ အခုထိ ဘဝကို ပျော်ပျော်ကြီးနေရင်း ကလေးတွေကို ပျိုးထာင်ပေးလိုက်။ ဟာသလုပ်ပြီး ရီမောလိုက်နဲ့ ဘဝကို အပြည့်အဝ သူ့ full terms နဲ့ ကျေနပ်ပျော်ရွှင်စွာ နေနေလေရဲ့။

တကယ်တော့ သူ့ရဲ့ ဒေါ်လာ သန်း ၁၀၀ ကျော်။ မြန်မာငွေနဲ့ဆို သန်းပေါင်း ၂၀၀၀၀၀ လောက်ဟာ သုံးမကုန်ပါ။

ကဲ…. Steve Jobs နဲ့ Steve Woznik ဘယ်သူက ပိုချမ်းသာ သလဲ? ဖြေကြည့်ကြပါ။

ကျနော် တစ်ခုတွေးမိတာက
“ကျနော့ဆရာဦးသိန်းဆွေလည်း အဲ့ဒီ ၁၉၇၅ လောက်မှာ ရေဒီယို jammer နဲ့ ကျောင်းမှာ နောက်နေကြ။ ဆားကစ်တွေကလိနေကြ။ တူလိုက်တာ။

ဆရာဦးသိန်းဆွေသာ အမေရိကားမှာသာဆိုရင် Woznaik လိုမျိုး ကမ္ဘာကျော် ကွန်ပြူတာထွင်သူဖြစ်လာနိုင်တယ်။

ဆရာကတော့ ရှားရှားပါးပါးရတဲ့စာအုပ်တစ်အုပ်နဲ့လုပ်ရတာကိုး။ ဆိုရှယ်လစ်ခေတ်မှာ 555 timer စာအုပ် ၁ အုပ်ရခဲ့တာတောင် ကံကောင်းလှပြီ။

မြန်မာပြည်ရဲ့ လွတ်သွားတဲ့ chances တွေပေါ့။)

ဒီစာနဲ့ ကျနော့်ဆရာဦးသိန်းဆွေကို ကန်တော့ပါတယ်။

(Zawgyi ပြောင်းလို့ရရင် ပြောင်းပေးကြပါအုန်း အားလုံးဖတ်လို့ရအောင်။)

Richard Myo Thant
13-Oct-2019