မြန်မာနိုင်ငံကိုယ်စားပြုအသင်း ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲအား တတိယအကြိမ်သွားရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံကိုယ်စားပြုအသင်း ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲအား တတိယအကြိမ်သွားရောက်ယှဉ်ပြိုင်မည်

ထူးချွန်ကျောင်းသားကျောင်းသူ ၆ဦးပါဝင်သည့် အဆိုပါအဖွဲ့မှ ၎င်းတို့၏ ကိုယ်ရည်သွေးများနှင့် နိုင်ငံ၏ ယဉ်ကျေးမှုများအား နိုင်ငံတကာစင်မြင့်ပေါ်တွင် ထုတ်ဖော်ပြသရန် အဆင်သင့်ဖြစ်နေ

ရန်ကုန်၊ မြန်မာ – အောက်တိုဘာ ၁၈၊ ၂၀၁၉ – ဖန်တီးရာမှ ယနေ့တွင် Myanmar RoboLeague 2019 စက်ရုပ်ပြိုင်ပွဲကြီးတွင် အနိုင်ရဗိုလ်ဆွဲခဲ့ပြီး၊ လာမည့် အောက်တိုဘာ ၂၃ မှ ၂၇ အထိ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်မည့် FIRST Global Robotics Olympics 2019 ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြုကျောင်းသားကျောင်းသူအသင်းနှင့် မီဒီယာများကို မိတ်ဆက်ပေးခဲ့သည်။ ဖန်တီးရာမှ တိုင်ပင်ခံနည်းပြတစ်ဦး၏ ဦးဆောင်မှုဖြင့် အဆိုပါ မြန်မာကိုယ်စားပြုအသင်းသည် လာမည့် အောက်တိုဘာ ၂၃ရက်၊ မနက် ၁၁နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာကာ ၎င်းတို့ကိုယ်တိုင် ပရိုဂရမ်ရေးဆွဲ တည်ဆောက်ထားသော စက်ရုပ်ဖြင့် နိုင်ငံပေါင်း ၂၀၀ကျော်မှ တခြားသောပြိုင်ပွဲဝင်များနှင့် ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဖန်တီးရာသည် USAID နှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီတို့၏ ပံ့ပိုးပေးမှုဖြင့် လျှောက်ထားသူပေါင်း ၇၃၇ ဦးအနက်မှ ပဏာမအဆင့် ရွေးချယ်မှုအနေနှင့် တင်းကျပ်သော စည်းမျည်းစည်းကမ်းများပါရှိသည့် အရည်အချင်းစစ် စစ်ဆေးမှုများ၊ နည်းပညာ အင်တာဗျူးများ အဆင့်ဆင့်ပြုလုပ်ကာ ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့က သိမ်ဖြူလက်ဝှေ့ကွင်း၌ကျင်းပသော နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကို ယှဉ်ပြိုင်စေခဲ့ပြီး၊ ပြည်နယ်နှင့်တိုင်း ၁၄ခုကိုယ်စားပြုအသင်းအနက်မှ အနိုင်ရဗိုလ်ဆွဲသည့် အဆိုပါအသင်းအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် FIRST Global Robotics Olympics 2019 ပြိုင်ပွဲကြီးတွင် ဆက်လက်ယှဉ်ပြိုင်ရန် ထုတ်ဖော်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

FIRST Global Challenge သည် နိုင်ငံတကာမှ ဘာသာစကား၊ အတွေ့အကြုံ၊ ကိုးကွယ်ယုံကြည်မှု နှင့် ယဉ်ကျေးမှုဓလေ့မတူညီသည့် ကျောင်းသားကျောင်းသူများအား စုဝေးတွေ့ဆုံယှဉ်ပြိုင်စေသည့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပြီး STEM ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် အလေးပေးကျင်းပလျက်ရှိပါသည်။ ယခုနှစ်တွင်လည်း Ocean Opportunities အမည်ရ ခေါင်းစဉ် နှင့် ကမ္ဘာ့သမုဒ္ဒရာ သယံဇာတ ညစ်ညမ်းမှုနှင့် ကမ္ဘာတစ်ဝှမ်းတွင် အမှန်တကယ်ကြုံတွေ့နေရသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် ပင်လယ်သမုဒ္ဒရာသန့်ရှင်းရေး လုပ်ဆောင်မှုအား သရုပ်ပြယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

ဖန်တီးရာ၏ CEO ဖြစ်သူ Jes Kaliebe Petersen က “အခုလို ဒူဘိုင်းမှာပြုလုပ်မယ့် FIRST global robot Olympics ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုကျောင်းသားကျောင်းသူတွေ ထပ်မံယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွေဟာ ဒီပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့စဉ်မှာလည်း ၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ စွမ်းဆောင်ရည်မြင့်မားမှုတွေဟာ နိုင်ငံတကာရဲ့အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ ဒီနှစ်ယှဉ်ပြိုင်မယ့်အသင်းဟာဆိုရင် နိုင်ငံအဆင့် Myanmar RoboLeague ပြိုင်ပွဲမှာယှဉ်ပြိုင်တဲ့ အသင်း၁၄အနက်က အနိုင်ရခဲ့တဲ့အသင်းဖြစ်တာကြောင့် ဒူဘိုင်းမှာပြုလုပ်တဲ့ပွဲမှာလည်း ရလဒ်ကောင်းတွေရရှိဖို့ ကျွန်တော်တို့ရည်မှန်းထားကြပါတယ်။”ဟုပြောကြား ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်း၏ နည်းပြဖြစ်သူ မောင်ထက်မြတ်အောင်က ပွဲနှင့်ပတ်သက်ပြီး သူ၏ အသင်းအပေါ် ယုံကြည်မျှော်လင့်မှုနှင့်ပတ်သက်၍ “ဒီနှစ်ပြိုင်ပွဲမှာ အိမ်နီးချင်း နိုင်ငံတွေ တော်တော်များများပါလာကြပြီဆိုတော့ မနှစ်ကထက်ပိုပြီး စိတ်ဝင်စားစရာကောင်းမှာ အသေအချာပါပဲ။ အသင်းက အဖွဲ့ဝင်တွေအားလုံး သေသေချာချာ ပြင်ဆင်ထားကြတယ်။ အားလုံး ကျောင်းမှာပဲ ညအိပ်ပြီး တကယ့်ကိုအင်တိုက်အားတိုက် ပြင်ဆင်နေကြတာဆိုတော့ ဒီပွဲအတွက် အဆင့်က Top 1 to 10 အတွင်း ရမယ်လို့အကောင်းဆုံး မျှော်မှန်းထားကြပါတယ်။” ဟုပြောကြားခဲ့သည်။

အသင်းခေါင်းဆောင်ဖြစ်သူ မောင်ခန့်ကျော်ခေါင်ကလည်း “ကျောင်းသင်ခန်းစာတွေ ကိုအခုလိုလက်တွေ့အသုံးချခွင့်ရလို့ပျော်ပါတယ်။ နိုင်ငံအရပ်ရပ်က ဝါသနာတူသူငယ်ချင်းတွေတွေ့၊ Dubai မှာလည်ရပတ်ရမှာတွေကြောင့်ရင်ခုန်နေပါတယ်။ မြို့ပြနိုင်ငံတစ်နိုင်ငံမှာ STEM ကအလုပ်ရုံတွေ၊ စီးပွားရေးတွေ၊ လူနေမှုအဆင့်အတန်းတွေအကုန်လုံးအပေါ်သက်ရောက်မှုရှိနေပါတယ်။ ဒီကလူငယ်တွေတော်တော်များများမှာ စွမ်းဆောင်နိုင်စွမ်းတွေရှိပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ပတ်ဝန်းကျင်ရဲ့အားပေးမှုတွေပဲလိုအပ်တာပါ။” ဟုပြောဆိုထားပါသည်။

မြန်မာနိုင်ငံအနေနှင့် ယခုကဲ့သို့ FIRST Global Robotics Challenge စက်ရုပ်ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ဖန်တီးရာအနေနှင့် ပြီးခဲ့သည့် နှစ်နှစ်တွင်လည်း မြန်မာကျောင်းသားကျောင်းသူများ FIRST Global Challenge ပြိုင်ပွဲကြီးတွင် ပါဝင်ရန် အင်တိုက်အားတိုက် တာဝန်ယူစီစဉ်ပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင်ကျင်းပပြုလုပ်ခဲ့သည့် FIRST Global Challenge ပြိုင်ပွဲကြီးတွင် ဖန်တီးရာ Makerspace မှ ပံ့ပိုးပေးခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှ နိုင်ငံပေါင်း (၁၅၇) နိုင်ငံတွင် အဆင့် (၆) ရရှိခဲ့ပြီး အာရှတွင် အဆင့် (၁) ရရှိခဲ့သည်

အသေးစိတ် သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
Myat Thiengi | Senior Marketing and Communication Associate | Phandeeyar | ဖုန်း – 09 421072775 | e: [email protected]

PRESS RELEASE
FOR IMMEDIATE RELEASE

Myanmar Team to partake in global robotics olympics
for the third year

Team of six talented students ready for showing off their technical skills and representing the country on the international stage

Yangon, Myanmar, 18th October 2019 – Phandeeyar today introduced the media to the team of six university students, the winning team of Myanmar RoboLeague 2019, who will be representing Myanmar in the FIRST Global Robotics Olympics 2019 held in Dubai, UAE from October 23rd to 27th. Led by the coach from Phandeeyar, Team Myanmar will leave from Yangon on the 23rd of October at 11:30 AM from Yangon International Airport to go against teams from over 200 nations around the world with their very own assembled robot.

Organized by Phandeeyar, supported by USAID and Ministry of Education: Rector’s Committee, Team Myanmar is founded through a rigorous selection process that involved applications screening, technical interviews from an applicant pool of 737 candidates and a national level robotics competition called Myanmar RoboLeague 2019 which was held on 1st June 2019 at Thein Phyu Stadium in Yangon.

FIRST Global Challenge is an annual “Olympics-style” international Robotics Challenge that brings together students from very different backgrounds, languages, religions, and customs through collaborative competition that highlights the importance of STEM (Science, Technology, Engineering, and Mathematics) education. This year’s theme, Ocean Opportunities, aims to bring attention to marine pollution and real-world challenges related to cleaning up the world’s oceans.

Jes Kaliebe Petersen, CEO of Phandeeyar, said, “We couldn’t be more excited to see the robot team go to Dubai and represent Myanmar at the FIRST Global robot Olympics. In past years, the Myanmar teams participating in the competition have been making a real mark on developing creative, high-performing solutions to some of the world’s most important problems. The 2019 team won the national RoboLeague in Myanmar among 14 teams from all states and regions, and we wish them all the best in Dubai”
Htet Myat Aung, the mentor for the Myanmar FIRST Global team, commented, “when we look back to our neighbors, they are taking this global competition as we are and so hopefully we might see some of the new excitements differ from last years. These five students are strongly well prepared for this game. They worked and slept at our school’s lab for this robotics competition, so I hope that they will come out to be ranked top 10 in the competition.”

Khant Kyaw Khaung, Captain of the team also said “We are so happy to be able to use theoretical knowledge taught at schools. We are so excited to see friends with the same hobby and passion from all over the world and travel around in Dubai. In a civilization, STEM affects workspaces, businesses and living standards. Our country has a lot of young people who have the potential to make an improvement in our standards. It’s just a matter of belief and support from their surroundings.”

Moreover, this is not the first time Myanmar has participated in the FIRST Global Robotics Challenge. Phandeeyar has facilitated teams of Myanmar students to represent the country on a global stage for the past 2 years by participating in the FIRST Global Challenge. The inaugural FIRST Global Challenge was held in Washington D.C. in 2017 where the Myanmar team, with the support of USAID and Phandeeyar’s Makerspace, came home ranking 6th out of 157 participating countries, topping all other teams from Asia.

For more information, please contact:
Myat Thiengi | Senior Marketing and Communication Associate | Phandeeyar | m: 09421072775| e: [email protected]