ထာဝရနှောင်ကြိုး

ထာဝရနှောင်ကြိုး

Now & Ever ရုပ်ရှင်ရိုက်ကူးရေးလုပ်နေကတည်းက ငွေဆောင် scene ကို ကိုယ်တွေပါလိုက်ခဲ့ဖူးတာဆိုတော့ ရုပ်ရှင်တကားလုံးထဲက scene လေးတခုကို ဘယ်လောက်ကြာကြာရိုက်ပြီး ဘယ်လောက်အကုန်အကျခံသေချာစီမံပြီးရိုက်လဲဆိုတာ မျက်မြင်ကိုယ်တွေ့ပါ.. အဲ့ကတည်းက သရုပ်ဆောင်တွေပါမက Crew တဖွဲ့လုံးက ကိုယ့်အလုပ်လိုသဘောထားပြီး မခိုမကပ်ဘဲ အားထည့်တာကိုတွေ့ခဲ့ရတယ်… ရုပ်ရှင်မှာပါတဲ့ Casts & Crews ကိုလဲ အဆင့်အတန်းမခွဲခြားဘဲ ဆက်ဆံရုံတင်မကဘူး ရုပ်ရှင်နောက်ဆုံး Credit Scene မှာ ကားမောင်းတဲ့ ဒရိုင်ဘာနာမည်တွေကအစ တစ်ယောက်မကျန်အကုန်လုံးကိုထည့်ပေးထားတာ တွေ့ရတော့ Central Base Production ကိုတော်တော်လေး လေးစားမိတယ်..

ရုပ်ရှင်ကြည့်ပြီး မျက်လုံးတွေမို့ပြီးပြန်လာတယ်။ ကိုယ်က emotional ဖြစ်တဲ့လူဆိုတော့ ကိုယ်ဘဲ ငိုသလားထင်တာ ယောက်င်္ကျားကိုလှည့်ကြည့်တော့ သူလဲမျက်ရည်တွေဝဲ… ရှေ့ခုံနောက်ခုံကလူတွေကလည်းတရွှတ်ရွှတ်နဲ့… အပြင်လူ့လောကမှာဖြစ်ပျက်နေတာတွေကို တကယ်ချိတ်ဆက်ပြသနိုင်တာရယ်၊ Method acting ကိုသုံးကြတဲ့အတွက် Acting တော်ကြတာတွေရယ်ကြောင့် ကြည့်နေတဲ့လူတွေက သရုပ်ဆောင်တွေနေရာမှာ တကယ်ဝင်ခံစားကြည့်လို့ရပြီး မျက်ရည်တရွှဲရွှဲတွေဖြစ်ကုန်ပါလေရော…
မိတ်ကပ်နဲ့အဝတ်အစားတွေကလဲသဘာဝကျလွန်းတယ်.. အိုဗာတင်းလုပ်တာတွေတခုမှမပါတာ အရမ်းတွေသဘောကျတယ်.

ရိုက်ကူးရေးကာလမှာရော နောက်ဆုံး ရုံတင်တဲ့အထိ တကယ့်ကို Professional ကျကျ စေတနာပါပါလုပ်ထားပြီး ရင်ထဲကိုတကယ်ရောက်မယ့် ရုပ်ရှင်ကားတစ်ကားဖြစ်တာမို့လို့ သွားကြည့်ရင် ကျေနပ်ကြမှာပါ… သွားကြည့်ဖြစ်အောင်လဲကြည့်ကြပါလို့ ..

#NowAndEver
#ထာဝရနှောင်ကြိုး

နန်းဖြူချိုချို