Pig-tailed monkey

Pig-tailed monkey

တနင်္သာရီဒေသ၊ ထိုင်းနဲ့ မလေးရှားမှာ ရှိတဲ့ pig-tailed macaque မျောက်မျိုးဟာ ဆီအုန်းစိုက်ခင်းတွေအတွက် အန္တရာယ်ဆိုပြီး လူတွေက ယူဆခဲ့ပါတယ်။

အဲ့ဒီမျောက်မျိုးကို တချို့ဒေသတွေမှာ အုန်းသီးခူးဖို့ သုံးကြပါတယ်။

ယခုလေ့လာတွေ့ရှိချက်အရ အဲ့ဒီမျောက်မျိုးဟာ ဆီအုန်းကိုစားတာ အနည်းငယ်ပဲရှိပြီး အဓိကက ဆီအုန်းကိုဖျက်တဲ့ ကြွက်တွေကို စားပါတယ်တဲ့။

အဲ့ဒီမျောက်တွေရှိတဲ့အခင်းတွေမှာ ကြွက်တွေရဲ့ အကောင်ရေ ၇၅ ရာခိုင်နှုန်းအထိကျဆင်းအောင် မျောက်တွေက လုပ်ဆောင်ပေးကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဒါကြောင့် ဆီအုန်းစိုက်ခင်းတွေမှာ အဲ့ဒီ Pig-tailed macaque မျောက်တွေကို သဘာဝအတိုင်း မဖမ်းကြဖို့ ဆော်ဩနေပါတယ်။

လယ်ထဲမှာဆို အတော်အသုံးကျမယ်။

Richard Myo Thant