ကလေးငယ်များ ကောင်းမွန်သော လက်ဆေးအလေ့အကျင့်ကောင်း သင်ယူနိုင်မှုအစီအစဉ်အား Lifebuoy က တိုးချဲ့ ဆောင်ရွက်မည်

ကလေးငယ်များ ကောင်းမွန်သော လက်ဆေးအလေ့အကျင့်ကောင်း သင်ယူနိုင်မှုအစီအစဉ်အား Lifebuoy က တိုးချဲ့ ဆောင်ရွက်မည်

• Lifebuoy မှ ၂၀၂၀ ပြည့်နှစ်အရောက်တွင် လက်ကိုဆပ်ပြာနှင့်သန့်ရှင်းစင်ကြယ်စွာဆေးကြောသည့် အလေ့အကျအား မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၂၀ အထိ ပညာပေးနိုင်ရန် မျှော်မှန်း

• အရေအတွက်ကန့်သတ်၍ ထုတ်လုပ်ထားသည့် Lifebuoy လက်ဆေးဆပ်ပြာရည် နှင့် ရေချိုး ဆပ်ပြာရည် တစ်ဘူး ဝယ်ယူတိုင်း ငွေကျပ်၂၀၀ အား ကလေးများအတွက် လက်ဆေးခြင်းဖြင့် အသိပညာ ဖြန့်ဝေပေးသော အစီအစဉ်သို့ လှူဒန်း

ရန်ကုန်၊ မြန်မာ၊ အောက်တိုဘာ (၂၃)ရက်၊ ၂၀၁၉ခုနှစ်။ ။Unilever ၏ ကျန်းမားရေးဆပ်ပြာ အမှတ်တံဆိပ်တစ်ခုဖြစ်သော Lifebuoy သည် ယနေ့တွင် Help A Child Learn Handwashing (ကလေးငယ်များကို လက်ဆေးခြင်းအသိပညာဖြန့်ဝေစို့) အခမ်းအနားအား အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူကျောင်းသားပေါင်း အယောက် ၁၀၀၀ နှင့်အတူ ကျင်းပခဲ့ပါသည်။ Lifebuoy သည် မြန်မာပြည်သူလူထုနှင့် ကျောင်းသူ ကျောင်းသားများအကြား ရိုးရှင်းသော လက်ဆေးသည့် အလေ့အထနှင့် ကျွမ်းဝင်မှု ရှိစေရန် ‘School of 5’ အစီအစဉ်ကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိပါသည်။ Lifebuoy သည် ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အရေအတွက် ကန့်သတ်ထုတ်လုပ်ထားသည့် ဆပ်ပြာဗူးအမျိုးအစားကို ဈေးကွက်ထဲတွင် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုဆပ်ပြာဗူး တစ်ဗူးဝယ်ယူမှုတိုင်းအတွက် Lifebuoy မှ ကလေးငယ်များအား လက်ဆေးခြင်းဖြင့် အသိပညာ ဖြန့်ဝေပေးသော School of 5 အစီအစဉ်သို့ ၂၀၀ ကျပ် လှူဒါန်းသွားမည်ဖြစ်သည်။

နိုင်ငံပေါင်း ၁၀၀ ကျော်တွင် နှစ်စဉ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပလေ့ရှိသော ကမ္ဘာ့လက်ဆေးရေးနေ့သည် ကြိုတင်ကာကွယ်နိုင်သော ရောဂါများမဖြစ်ပွားစေရန်နှင့် လူ့အသက်များကိုကယ်တင်နိုင်ရန်အတွက် အလွန်အရေးပါ သော နည်းလမ်းတစ်ခုဖြစ်သည့် လက်ကိုဆပ်ပြာနှင့် ဆေးကြောခြင်း၏ အရေးပါမှုကို လူအများ နားလည်သဘောပေါက် လာပြီး အလေးထားဂရုပြုမိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ကလေးငယ်များ အသက်ဆုံးရှံးမှုနှုန်း လျှော့ချနိုင်ရန် လက်ဆေးခြင်း၏ အရေးပါပုံအား အသိပေးမှု မြှင့်တင်ရန် ယခုနှစ်အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ လူကြီးမင်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ Lifebuoy ၏ အမှတ်တံဆိပ် သံတမန်ဖြစ်သူ ချစ်သုဝေ၊ Unilever EAC မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ ပါဝင် တက်ရောက်ခဲ့သည်။

“Lifebuoy နဲ့အတူ မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့လက်ဆေးရေးနေ့ကို ရည်ရွယ်ပြီးပြုလုပ်တဲ့ အခမ်းအနားတိုင်း ထရီဇာ ပါဝင်ခဲ့တာ ၄နှစ်ရှိပါပြီ။ မိခင်တစ်ယောက်အနေနဲ့ရော ကလေးသူငယ် အသက်ဆုံးရှံးမှုနှုန်း လျှော့ချနိုင်ဖို့ အင်တိုက်အားတိုက် ထောက်ခံတဲ့သူတစ်ယောက် အနေနဲ့ရော ဆပ်ပြာနဲ့လက်ကို စင်ကြယ်အောင်ဆေးကြောခြင်းက ဝမ်းလျှောတာတို့ အဆုတ်ရောင်တာတို့ကို အထိရောက်ဆုံးနဲ့ ဈေးအသက်သာဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းလို့ ယုံကြည်ပါတယ်။” ဟု Lifebuoy ၏ အမှတ်တံဆိပ် သံတမန် ချစ်သုဝေကပြောကြားသည်။ “ဒီလို ကျောင်းသူ ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ ပြည်သူလူထုတွေအနေနဲ့ ဒီအခမ်းအနားမှာ လက်ကိုဆပ်ပြာနဲ့ သန့်ရှင်းစင်ကြယ်စွာဆေးကြောခြင်းရဲ့ အကျိုးကျေးဇူးကို မျှဝေပြီး တက်တက်ကြွကြွ ပါဝင်လှုံ့ဆော် နေကြတာကို မြင်တွေ့ရတာ အမှန်တကယ် ကြည်နူးဝမ်းသာမိပါတယ်။ ပြီးတော့ အသက် ၅ နှစ်ကျော်တဲ့ ကလေးငယ်တွေ ပိုမိုများပြားလာအောင် ဒီလိုအသက်ပေါင်းများစွာ ကာကွယ်ပေးနိုင်တဲ့ အသိပေးချက်ကို အားလုံးတတ်နိုင်သလောက် မျှဝေပေးစေချင်ပါတယ်။”
“အခုအချိန်မှာ Lifebuoy ဟာ ကမ္ဘာတစ်ဝန်းက လူအ‌ယောက် တစ်ဘီလီယံရဲ့ လက်ဆေးတဲ့ အမူအကျင့်တွေကို တိုးတက်အောင် ကူညီဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းကောင်း ပါးချင်ပါတယ်။ ၂၀၂၀ခုနှစ်မှ ပြည့်မယ်လို့ မျှော်မှန်းထားတဲ့ အရေအတွက်ကို တစ်နှစ်စောပြီး ပြည့်မြောက်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။” ဟု Unilever EAC Myanmar ၏ Marketing Director (BPC) Myanmar, Cambodia & Laos ဖြစ်သူ Mr. Nipun Talwar ကပြောကြားသည်။ “လက်ကိုဆပ်ပြာနဲ့သန့်ရှင်းစင်ကြယ်စွာဆေးကြောသင့်တယ်ဆိုတဲ့ အရေးကြီးတဲ့ သတိပေးချက်ကို ၂၀၂၀ ပြည့်နှစ်အရောက်မှာ မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ အထိ မျှဝေနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ အခု ၂၀၁၉ အထိမှာ လူဦးရေ သန်း ၁၅ ကို မျှဝေပေးနိုင်ခဲ့ပြီးပါပြီ။ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး အသက် ၅ နှစ်ကျော်တဲ့ ကလေးငယ်တွေ ပိုမိုများပြားလာဖို့ ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။”

အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အလုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းကလည်း အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ “ကလေးငယ်တွေရဲ့ အလေ့အကျင့်ဆိုတာ ပြင်ပေးဖို့ တော်တော်ခက် ပေမယ့် ဒီလိုမျိုး ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားတဲ့ Lifebuoy လို အမှတ်တံဆိပ်မျိုးက ကလေးတွေကို လက်ဆေးခြင်းလို တစ်ဘဝလုံးအသုံးဝင်မယ့် အလေ့အကျင့်မျိုးကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်စရာကောင်းတယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် ရောဂါပိုးမွှားတွေကို တိုက်ခိုက်ဖို့အတွက် လက်ဆေးခြင်းအလေ့အကျင့်ကို ကလေးတွေ သင်ယူနိုင်မယ့် အခွင့်အရေး ရမှာဖြစ်တာကြောင့် ဆရာမကြီးအနေနဲ့ အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။”

ကျောင်းသားကျောင်းသူများသည် မိန့်ခွန်း အမှာစကားများ နားထောင်ပြီးနောက် Lifebuoy တေးသီချင်းနှင့် ကကွက်ဆန်းများအား လေ့လာခဲ့ကြသည်။ ကျောင်းသူကျောင်းသားများအနေနှင့် Lifebuoy ၏ Glo-Germ သရုပ်ဖော်ပြသမှုမှတဆင့် လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်း၏ အကျိုးသက်ရောက်မှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ သရုပ်ဖော်ပြသမှုတွင် Lifebuoy မှ “မျက်စိဖြင့်ကြည့်လျှင် သန့်ရှင်းသော်လည်း အမှန်တကယ် မသန့်ရှင်းခြင်း” ကို သက်သေပြသည့်အနေနှင့် မိမိတို့၏ လက်ဖဝါးတွင် ကပ်ညှိနေသော ရောဂါပိုးမွှားများသည် အမှန်တကယ်ကောင်းမွန်သော ကျန်းမာရေးဆပ်ပြာဖြင့်သာ ဖယ်ရှားနိုင်သည်ကို လက်တွေ့ပြသခဲ့သည်။ ထို့နောက်တွင် တက်ရောက်လာသူအားလုံးမှ လက်ကိုပုံမှန် သန့်ရှင်းစင်ကြယ်စွာ ဆေးကြောမည့်အပြင် လူအများ ကျန်းမာစွာနေထိုင်နိုင်ရန် အဆိုပါ အရေးကြီးသော သတိပေးချက်ကို ပြန်လည်မျှဝေသွားမည်ဟု အတူတကွ ကတိပြုခဲ့ကြသည်။

လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးကြောခြင်းသည် စားရိတ်အကုန်အကျ မများဘဲ ဝမ်းပျက်ဝမ်းလျော နှင့် နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ နေ့စဉ် မြန်မာနိုင်ငံမှ ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄၅၀၀၀ ခန့်သည် လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်သည့်ရောဂါ များကြောင့် သေဆုံးနေကြရပါသည်။ နောက်ဆုံးရ အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကလေးသေဆုံးမှုနှုန်းထားသည် အသက်ရှင်လျက်မွေးဖွားသည့် ကလေး အယောက် ၁၀၀၀ တွင် ၄၆ ယောက် သေဆုံးပြီး ဒေသတွင်း ပျမ်းမျှနှုန်းထားထက် အနည်းငယ် မြင့်နေပါသည်။ အသက် ၅ နှစ်အောက် သေဆုံးမှုများ၏ ၄၀% နှင့် ကလေးသေဆုံးမှု အားလုံး၏ လေးပုံတစ်ပုံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ အစရှိသော ကာကွယ်နိုင်သည့် ရောဂါများကြောင့် ဖြစ်ပေါ်လျက်ရှိသည်။