American University of Yangon(အမေရိကန်တက္ကသိုလ်ရန်ကုန်)  အကြောင်းမိတ်ဆက်

American University of Yangon(အမေရိကန်တက္ကသိုလ်ရန်ကုန်)  အကြောင်းမိတ်ဆက်





——–

American University ofYangon(အမေရိကန်တက္ကသိုလ်ရန်ကုန်)

American University of Yangon (AU) ကို ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာပါ။
အမေရိကန်နိုင်ငံရဲ့ တကသိုလ်ကြီးများရဲ့ သင်ရိုးညွှန်းတန်းအတိုင်း နိုင်ငံခြားပါမောကဆရာတွေကိုယ်တိုင်သင်ကြားပေးနေတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။
တက္ကသိုလ်ရဲ့သင်ကြားမှုပုံစံမှာ အမေရိကန်တက္ကသိုလ်ပထမနှစ်များအတိုင်း အထွေထွေဘာသာရပ်ပေါင်း (၂၂)ခုကို လေ့လာရပါတယ်။ (၂)နှစ်အပြီးမှာတော့ ရန်ကုန်မြို့တွင် Associate Degree ရယူနိုင်သလို Bachelor Degree ရယူရန်အတွက်လည်း အမေရိကန်နိုင်ငံရှိ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မီနီဆိုးတား၊ ကန်တာကီနဲ့ မေရီလန်းပြည်နယ်ရှိ ပါတနာအစိုးရတက္က္က္က္ကသိုလ်တွေမှာ မိမိကြိုက်နှစ်သက်ရာ မေဂျာတွေကို ရွေးချယ်ကာ တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်တက္ကသိုလ်ရဲ့ ကျောင်းသူ၊ကျောင်းသားတွေကို အကြောင်းအရာတွေကို ချိတ်ဆက်နားလည်နိုင်အောင်ဘာသာ၇ပ်ပေါင်းစုံကို လေ့လာသင်ယူရုံသာမကပဲ ရှူထောင့်ပေါင်းစုံမှ တွေးခေါ်တက်စေရန် လေ့ကျင့်သင်ကြားပေးပါတယ်။
ပညာသင်ကြားရာမှာ အချက်အလက်တွေကို အလွတ်ကျက်မှတ်ခြင်းမဟုတ်ပဲ မိမိကိုယ်ပိုင်အတွေးအခေါ်များတိုးတက်လာအောင်၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းများ မြင့်မားလာအောင်လေ့ကျင့်သင်ကြားပေးပါတယ်။
သင်ကြားမှုအပိုင်းတွင်လည်း စာသင်သက်အတွေ့အကြုံရင့် အမေရိကန်ပါမောက္ခများ ၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ရထားတဲ့ အမေရိကန်ဆရာ၊ဆရာမတွေက တာဝန်ယူသင်ကြားပေးနေတာပါ။
ကယ်လီဖိုးနီးယားပြည်နယ်အစိုးရတက္ကသိုလ် California State University of Fresno က လမ်းညွှန်ပြီး အမေရိကန်အစိုး၇ကျောင်းတွေက တရားဝင်အသိအမှတ်ပြုထားသောကြောင့် အရည်အသွေး စစ်ဆေးမှုတွေကို အမေရိကန်ပညာရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ နည်းပြတွေက တစ်နှစ်ပတ်လုံး လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ပညာရေးသတ်မှတ်စံနှုန်းကို အမြဲထိန်းထားနိုင်ခြင်းကြောင့် အမေရိကန်နိုင်ငံသို့ ကျောင်းသွားတက်ဖို့ လျှောက်ထားပါကလည်း AU မှ ကျောင်းသူ၊ကျောင်းသားတွေရဲ့ Visa ရရှိမှုမှာလည်း အမြဲ၁၀၀% ရရှိတယ်လို့သိရပါတယ်။

American University of Yangon မှာတော့ အမေရိကန်တက္ကသိုလ်ပရိုဂရမ် (၂+၂) အပြင် ၊နွေရာသီလူငယ်ခေါင်းဆောင်မှုသင်တန်း၊အင်္ဂလိပ်စာနဲ့ IELTS သင်တန်းများ၊ အခမဲ့အင်္ဂလိပ်စာစကားဝိုင်းများနဲ့ Public Events များလည်း တက်ရောက်နိုင်တယ်လို့သိရပါတယ်။
ယခုဆိုရင်တော့ American University of Yangon (AU)မှ (၄၆)ဦးမှာ အမေရိကားနိုင်ငံများရှိ တက္ကသိုလ်များတွင်သင်ကြားလျက်ရှိပြီး Bachelor Degreeရရှိသွားသော ကျောင်းသူ၊ကျောင်းသားများလည်းရှိပါတယ်။ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသားဦးရေ စုစုပေါင်း (၁၆၂) ဦးသင်ကြားနေတယ်လို့ သိရပါတယ်။
——–