MPL MM S3ၿပိဳင္ပြဲတြင္အႏိုင္ရခ့ဲတဲ့ခ်န္ပီယံံအသင္းကဆုေၾကးေငြအေမရိကန္ေဒၚဘာ၁၃၀၀၀အျပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ ထိပ္တန္းကစားသမားမ်ားနဲ႕ ယွဥ္ၿပိဳင္ရမည္

MPL MM S3ၿပိဳင္ပြဲတြင္အႏိုင္ရခ့ဲတဲ့ခ်န္ပီယံံအသင္းကဆုေၾကးေငြအေမရိကန္ေဒၚဘာ၁၃၀၀၀အျပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ ထိပ္တန္းကစားသမားမ်ားနဲ႕ ယွဥ္ၿပိဳင္ရမည္

Mobile Legends Professional (MPL) တြင္ အႏိုင္ရတဲ့ အသင္းက မေလးရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္မယ့္ Mobile Legends BB World Campionship (M1) ၿပိဳင္ပြဲႀကီးသို႕ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိ

အေရွ႕ေတာင္အာရွတြင္ နာမည္ေက်ာ္လူႀကိဳက္အမ်ားဆံုး ဗီဒီယိုဂိမ္းတစ္ခုျဖစ္တဲ့ Mobile Legends မွ သူရဲ႕ ျမန္မာႏိုင္ငံတြင္ တတိယအႀကိမ္ေျမာက္ Mobile Legends Professional (MPL) ၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕ အင္းလ်ားလိတ္ဟိုတယ္အတြင္းရွိ Yangon Convention Center (YCC) တြင္ ယေန႕က်င္းပခဲ့ပါတယ္။

ထိုၿပိဳင္ပြဲတြင္ ျမန္မာလူငယ္ ဂိမ္းကစားသမားအသင္းမ်ားမွ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး စုစုေပါင္း အေမရိကန္ေဒၚလာ ၂၆၀၀၀ တန္ဖိုးရွိ ဆုေၾကးမ်ားေပးအပ္ခဲ့တယ္လို႕သိရပါတယ္။
ဒါအျပင္ ပထမအဆင့္ ရရွိခဲ့တဲ့ ခ်န္ပီယံအသင္းက ယခုႏွစ္ ႏို၀င္ဘာတြင္ မေလးရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္သြားမယ့္ ႏိုင္ငတကာအဆင့္ Mobile Legends BB World Campionship (M1) ၿပိဳင္ပြဲႀကီးကို သြားေရာက္လို႕ အျခားႏိုင္ငံမွ ထိပ္တန္းကစားသမားမ်ားနဲ႕ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ပါတယ္။
E – Sports ၿပိဳင္ပြဲမ်ားက ယခင္ကထက္ပိုမိုတိုးတက္လာၿပီး ၀ါသနာရွင္ မည္သူမဆို လြယ္ကူစြာ ပါ၀င္ယွဥ္ၿပိဳင္ေနတာကို ေတြ႕ျမင္ရပါတယ္။
ျမန္မာႏိုင္ငံ Mobile Legends Professional (MPL) Season 3အတြက္ Registration ကို ယခုႏွစ္ ဇူလိုင္လတြင္စတင္ဖြင့္လွစ္ခဲ့ၿပီး စုစုေပါင္း ကစားသမားအသင္း ၂၅၆ သင္းပါ၀င္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
ယေန႕က်င္းပတဲ့ ဖိုင္နယ္ၿပိဳင္ပြဲႀကီးကို အသင္း ၆သင္းမွ တက္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
ထိုအသင္း ၆သင္းမွ ခ်န္ပီယံဆုရတဲ့အသင္းဟာ မေလးရွားႏိုင္ငံတြင္ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ပါတယ္။ Mobile Legends Professional (MPL) Season 3ဖိုင္နယ္ၿပိဳင္ပြဲတြင္ လူဦးေရ ၂၀၀၀ခန္႔တက္ေရာက္ခဲ့ပါတယ္။
အႏိုင္ရသြားခဲ့တဲ့ ခ်န္ပီယံအသင္းက ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၁၃၀၀၀ အျပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ ထိပ္တန္းကစားသမားမ်ားနဲ႕ ယွဥ္ၿပိဳင္ခြင့္ အခြင့္အေရးရရွိခဲ့ပါတယ္။
ဒုတိယအဆင့္ အဖြဲ႕ကို အေမရိကန္ေဒၚလာ ၆၀၀၀၊ တတိယအဆင့္အဖြဲ႕ကို အေမရိကန္ေဒၚလာ ၃၀၀၀နဲ႕ အဆင့္ ၄ ရရွိတဲ့အဖြဲ႕ကို အေမရိကန္ေဒၚလာ ၂၀၀၀နဲ႕ အဆင့္ ၅နဲ႕ ၆ အဖြဲ႕ေတြကို အေမရိကန္ေဒၚလာ ၁၀၀၀ စီဆုေၾကးေငြေပးအပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
——–
Mobile Legends Professional (MPL) တွင် အနိုင်ရတဲ့ အသင်းက မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မယ့် Mobile Legends BB World Campionship (M1) ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိ

အရှေ့တောင်အာရှတွင် နာမည်ကျော်လူကြိုက်အများဆုံး ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends မှ သူရဲ့ မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် Mobile Legends Professional (MPL) ပြိုင်ပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်အတွင်းရှိ Yangon Convention Center (YCC) တွင် ယနေ့ကျင်းပခဲ့ပါတယ်။
ထိုပြိုင်ပွဲတွင် မြန်မာလူငယ် ဂိမ်းကစားသမားအသင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၀၀၀ တန်ဖိုးရှိ ဆုကြေးများပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ပထမအဆင့် ရရှိခဲ့တဲ့ ချန်ပီယံအသင်းက ယခုနှစ် နိုဝင်ဘာတွင် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သွားမယ့် နိုင်ငံတကာအဆင့် Mobile Legends BB World Campionship (M1) ပြိုင်ပွဲကြီးကို သွားရောက်လို့ အခြားနိုင်ငံမှ ထိပ်တန်းကစားသမားများနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။
E – Sports ပြိုင်ပွဲများက ယခင်ကထက်ပိုမိုတိုးတက်လာပြီး ဝါသနာရှင် မည်သူမဆို လွယ်ကူစွာ ပါဝင်ယှဉ်ပြိုင်နေတာကို တွေ့မြင်ရပါတယ်။
မြန်မာနိုင်ငံ Mobile Legends Professional (MPL) Season 3အတွက် Registration ကို ယခုနှစ် ဇူလိုင်လတွင်စတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကစားသမားအသင်း ၂၅၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ယနေ့ကျင်းပတဲ့ ဖိုင်နယ်ပြိုင်ပွဲကြီးကို အသင်း ၆သင်းမှ တက်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ထိုအသင်း ၆သင်းမှ ချန်ပီယံဆုရတဲ့အသင်းဟာ မလေးရှားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ Mobile Legends Professional (MPL) Season 3ဖိုင်နယ်ပြိုင်ပွဲတွင် လူဦးရေ ၂၀၀၀ခန့်တက်ရောက်ခဲ့ပါတယ်။
အနိုင်ရသွားခဲ့တဲ့ ချန်ပီယံအသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ အပြင် အရှေ့တောင်အာရှနိုင်ငံများမှ ထိပ်တန်းကစားသမားများနဲ့ ယှဉ်ပြိုင်ခွင့် အခွင့်အရေးရရှိခဲ့ပါတယ်။
ဒုတိယအဆင့် အဖွဲ့ကို အမေရိကန်ဒေါ်လာ ၆၀၀၀၊ တတိယအဆင့်အဖွဲ့ကို အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ အဆင့် ၄ ရရှိတဲ့အဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၀၀၀နဲ့ အဆင့် ၅နဲ့ ၆ အဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၁၀၀၀ စီဆုကြေးငွေပေးအပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။