စက်ရုပ်စွမ်းရည်ပွဲစဉ်အားလုံးပြီးဆုံးခဲ့ပါပြီ ။စုစုပေါင်း ကိုးပွဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ငါးပွဲနိုင် လေးပွဲရှုံး ရမှတ် ၈၀၈နဲ့ အဆင့် ၈၂ မှာရပ်တည်ခဲ့။

စက်ရုပ်စွမ်းရည်ပွဲစဉ်အားလုံးပြီးဆုံးခဲ့ပါပြီ ။စုစုပေါင်း ကိုးပွဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ငါးပွဲနိုင် လေးပွဲရှုံး ရမှတ် ၈၀၈နဲ့ အဆင့် ၈၂ မှာရပ်တည်ခဲ့။

ပြိုင်ပွဲလေးရက်တလျှောက် လေ့လာစရာ သင်ယူစရာ တွေအပြည့်နဲ့ နိုင်ငံတကာနဲ့အဆက်အသွယ် ရ သူငယ်ချင်းအသစ်တွေနဲ့မိတ်ဖွဲ့၊ ပြဿနာတွေ တခုပြီးတခု စုပေါင်းဖြေရှင်း အတွေ့အကြုံတွေ တပွေ့တပိုက် ရခဲ့တာ အင်မတန်ကြီးမားတဲ့အမြတ်ပါပဲ ။ ဒူဘိုင်းရောက် မြန်မာအမျိုးအဆွေမိသားစု တွေရဲ့ ကူညီအားပေးမှုတွေကလည်း အင်မတန်နွေးထွေးလှပါတယ် ကျေးဇူးအများကြီးတင်ရပါတယ် ။

နောက်ဆုံးတစ်ခုကတော့ ကြိုးစားအားထုတ်မှုအတွက် အသိအမှတ်ပြုတဲ့ ဒိုင်များက ချီးမြှင့်တဲ့ ‘Judges Award’ ကို ပထမဆု ဆွတ်ခူးခဲ့ကြောင်းအသိပေးလိုပါတယ် ။ ပြိုင်ပွဲက ကံတရားပေါ်အများကြီး မူတည်ပါတယ် တဦးကောင်းကစားဖို့ထက် အင်အားကောင်း တဲ့ လိုက်လျောညီထွေကစားတတ်တဲ့ မိတ်ဖက်ရဖို့ဆိုတာ ကံတရားပေါ်အများကြီးမူတည်ပါတယ် ။

ကံပေါ်မူမတည်တဲ့ ကြိုးစားအားထုတ်မှုကိုတော့ ဒိုင်လူကြီးများက အသိအမှတ်ပြုပါတယ်။ သုံးနှစ်‌‌‌မြောက်မှာတော့ ဆုတံဆိပ်တစ်ခု လက်ဝယ်ပိုင်ပိုင် ကိုင်နိုင်ခဲ့ပါပြီ။

ဒူဘိုင်းနိုင်ငံသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့မြန်မာလူငယ်အဖွဲ့ရလဒ်တွေပါ။