Singapore အစိုးရ၏လူထုလက်တွဲခေါ်နည်းများ

Singapore အစိုးရ၏လူထုလက်တွဲခေါ်နည်းများ

~~~~~~~~~~~~~~~~~~~~~~~
(အပြောင်းအလဲမှာ လူထုကိုလက်တွဲခေါ်နိုင်ဖို့လိုသည်)
Singapore ကျွန်းလေးထဲကို နိုင်ငံပေါင်းစုံက လူပေါင်းစုံဝင်ရောက်လာပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့လူမျိုး၊ ကိုးကွယ်ရာဘာသာ မတူညီတဲ့နောက်ခံ သမိုင်းကြောင်းတွေကြောင့် မတူညီတဲ့လူပေါင်းစုံကို တညီတညွတ်တည်း ထိန်းသိမ်းဖို့ခက်ပါတယ်။

Singapore အစိုးရဟာ လူထုမပါပဲ ဘာပြောင်းလဲမှုမှ လုပ်လို့မရတာကို သဘောပေါက်ပါတယ်။

အစိုးရမှာ လူပေါင်းစုံအတွက် အစိုးရဝန်ထမ်းတွေ လုံလုံလောက်လောက်မရရှိမှု အခက်အခဲကလည်းရှိနေပြန်ပါတယ်။

ဟိုးအရင်ခေတ်ကတော့ founding father မစ္စတာလီကွမ်ယုကိုယ်တိုင် လူထုနဲ့အတူ တံမြက်စီးလှည်းခဲ့တဲ့ National Loyalty Week (Gerakkan Pembersehan) ဆိုတာ November 23, 1959 မှာရှိခဲ့ပါတယ်။

အဲ့ဒီကတည်းက Cleanest and Greenest City in the region ဆိုပြီး အမှိုက်ကင်းစင်ရေးကို မူဘောင်ချပြီးလုပ်ခဲ့တာပါ။

Singapore အစိုးရက ပြဿနာတစ်ခုကို အစိုးရက လိုက်ပြီးဖြေရှင်းပေးရတာထက် ပြည်သူလူထုက တာဝန်သိစိတ်နဲ့ဖြေရှင်းတဲ့ လမ်းကြောင်းမှန်ကိုချပေးခဲ့တာပါ။

မစ္စတာလီရဲ့ ဒီလိုအလေ့အကျင့်မျိုးကို ကျနော်တို့အိမ်တွေမှာပါ မိဘတွေက သားသမီးတွေကို အတင်းစည်းကမ်းဘောင်ထဲသွတ်သွင်းတာထက် သားသမီးတွေကိုယ်တိုင် တာဝန်သိစိတ်နဲ့ ပါဝင်လိုက်နာ ဆောင်ရွက်အောက်လုပ်တဲ့နေရာမှာ အတုယူအသုံးပြုသင့်တယ်လို့ ကျနော်မြင်ပါတယ်။

Three-prong (3E) approach

Enforcement, Engagement and Education

အပြောင်းအလဲအတွက် 3E နည်းကိုသုံးပါတယ်။

👉 ပထမဆုံး enforcement စည်းကမ်းလိုက်နာအောင် ဥပဒေပြဌာန်းရမယ်။

👉 ဒုတိယအနေနဲ့ engagement ပြည်သူလူထုနဲ့ အံကိုက်ချိတ်ဆက်လှုပ်ရှားမှုတွေလုပ်ရမယ်။

👉 တတိယအနေနဲ့ ပြည်သူလူထုအသိပညာပြန့်ပွားဖို့ ပညာပေးလက်ဆင့်ကမ်းမှုတွေလုပ်ရပါမယ်။

Singapore အစိုးရဟာ အင်မတန်ကောင်းတဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နည်းကို သုံးသွားပါတယ်။

ပြည်သူလူထုထဲမှာ စံပြတွေမွေးပြီး ပညာပေးပါတယ်။

စည်းကမ်းဟာအိမ်ကစတယ်လို့ အဆိုရှိပါတယ်။ training တက်ထားတဲ့ volunteer တွေဟာ စည်းကမ်းလိုက်နာတဲ့ စံပြတွေဖြစ်လာတယ်။

သူတို့ကိုယ်တိုင်ကနေ သူတို့ရဲ့ မိသားစုဝင်တွေဆီပျံ့မယ်။ အဲ့ဒီကနေ သူငယ်ချင်းတွေဆီ။ အဲ့ဒီကနေ နေ့တိုင်းတွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ ပျံ့နှံ့သွားစေပါတယ်။

✅ Road Safety ကိစ္စမှာ ကျနော်တို့ သင်တန်းသား ၁၂၀ လောက်ကိုသင်ပေးတဲ့ အတွက် Traffic police တွေရဲ့တာဝန် အတော်ပေါ့သွားပါတယ်။

အစိုးရဟာ သူ့မှာရှိတဲ့ဝန်ထမ်းအင်အားကို လူထုအပေါ်အခြေပြုပြီး ပွားယူနိုင်ရမယ်။ သူ့ဝန်တစ်ချို့ကို လူထုလက်ထဲ မျှထည့်ပေးတတ်ရမယ်။

ဘာမှ လုပ်မရဘူးလို့ အော်နေလို့မရဘူး။ ရအောင်လုပ်ရမယ်။ ရအောင်လုပ်နည်းရှာရမယ်။

ကျနော်တို့တွေ အယောက် ၁၂၀ လောက်က တနင်္ဂနွေလည်းဖြစ် ဒေပါပလီအားလပ်ရက်လည်းဖြစ်တဲ့နေ့မှာ ကြိုးစားပမ်းစားသင်တန်းလာတက်ချိန်မှာ Singapore Police ရဲအဖွဲ့ကလည်း အားလပ်ရက်မယူပဲ လာပြီးသင်တန်းပေးပါတယ်။

သင်တန်းပေးဖို့လူရွေးချယ်ပုံလည်းကြည့်ပါအုံး။

Taxi driver တွေ၊bus driver တွေ၊ ကလေးတွေ၊ delivery company တွေဆီသွားတယ်။ သူတို့တွေကို volunteer တွေအဖြစ်မွေးတယ်။

စည်းကမ်းလိုက်နာရမည့်သူတွေက စံပြအဖြစ်လိုက်နာပြလာမှ ဘေးကလူတွေကလည်း လိုက်လုပ်ကြလိမ့်မယ်။ လူဆိုတာ ဘဲတွေလိုပဲ ရှေ့တစ်ကောင်က လမ်းဖြောင့်ဖြောင့်သွားရင် ကျန်ဘဲတွေက လမ်းဖြောင့်ဖြောင့်လိုက်မယ်။

ရန်ကုန်မှာ စည်းကမ်းအပျက်ဆုံက တက္ကဆီတွေနဲ့ အထူးသဖြင့် လိုင်းကားကြီးတွေပဲ။ သူတို့ကို volunteer တွေအဖြစ် တလေးတစားဖိတ်ခေါ်ပညာပေးတာမျိုးလုပ်ဖူးသလား။

ပညာပေးအဖွဲ့က သူတို့ အစုအဖွဲ့တွေဆီ ရောက်အောင်သွားတာမျိုးလုပ်ပြီးပြီလား။

နောက်တစ်ခုက မြန်မာပြည်မှာ ရဲတွေအရက်ကို ရေလိုသောက်တာဆိုးပါတယ်။

ယာဉ်စီးကမ်းနဲ့ဖမ်းတဲ့ ယာဉ်ထိန်းရဲက အနံ့တထောင်းထောင်းဖြစ်နေတာ ပြဿနာကြီးပါ။ အမှုသွားဖွင့်ရင်လည်း ရဲက အနံ့တထောင်းထောင်းဖြစ်နေတာတွေ ကြုံရဖူးပါလိမ့်မယ်။

နောက်တစ်ခုက လမ်းတွေအမှိုက်ကင်းစင်ရေး လုပ်သွားပုံပါ။

စင်ကာပူအစိုးရက ဟော်ကာစင်တာတွေ၊ wet market တွေဖွင့်ပြီး အမှိုက်တွေလမ်းပေါ်မှာ မညစ်ပတ်အောင် ထိန်းပါတယ်။

အဲ့ဒီကိစ္စမှာလည်း ဟော်ကာကစားသောက်ဆိုင်တွေထဲက Clean and green campaign အတွက် volunteer တွေရွေးတာတွေလုပ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲတဖက်က ယာဉ်စီးကမ်းမလိုက်နာသူတွေ၊ အမှိုက်ကို စည်းကမ်းမဲ့ပစ်သူတွေကို အရေးယူပြီး ဒဏ်ငွေဆောင်စေတာ၊ community work duty ပေးတာတွေလည်း လုပ်ဆောင်ပါတယ်။

“စည်းကမ်းလည်း တကယ်ချ၊ ပြည်သူထဲလည်း ထဲထဲဝင်ဝင် စည်းရုံး ရသမျှနည်းကိုသုံးသင့်ပါတယ်။”

ပြောရင်းနဲ့သတိရလာတာက moral courage အကြောင်းပါ။ ကျနော်တို့ကို သင်တန်းပေးနေချိန်မှာ ကျနော်တို့ကို moral courage နဲ့ပတ်သက်ပြီး တခါတည်းသင်ပေးပါတယ်။

ဥပမာ- လူတစ်ယောက်ဟာ လက်တစ်ဖက်က ဖုန်းပြောနေရင်း ကားမောင်းနေတာတွေ့ရင် ဘယ်လိုလုပ်မလဲ။

ကျနော်တို့အနေနဲ့ ကားမောင်းနေရင်းဖုန်းမပြောသင့်ကြောင်း ချိုချိုသာသာချဉ်းကပ်ပြောဖို့။ အကယ်လို့ မလိုက်နာရင် ကျနော်တို့အပိုင်းမဟုတ်တော့ဘူး။ သက်သေ video ဖိုင်ယူပြီး Traffic Police ဆီအကြောင်းကြားဖို့ ပဲလုပ်သင့်တယ်။

ကျနော်တို့ရဲ့ လုံခြုံရေးဟာပိုအရေးကြီးတယ်။ ဒါကြောင့် public speaking skill ကိုပါသင်ပေးဖို့ လိုပါတယ်။

သဘောကတော့ စင်ကာပူရဲတပ်ဖွဲ့အတွက် ထောင့်စေ့အောင် စောင့်ကြည့်ပေးမယ့် နားမျက်စိတွေကို ပြည်သူလူထုထဲက ပြန်ငှားသုံးလိုက်ခြင်းပါပဲ။

ပြည်သူ့ရဲတပ်ဖွဲ့ကြီးကို ကျနော်တို့ကကူညီ။ ပြည်သူ့ရဲက သူ့တာဝန်သူထမ်းမယ်။ စည်းရုံးလို့မှမရရင် လိုအပ်ရင် ဒဏ်ချမယ်။ ဒါပဲ။

ဥပဒေချပြီးပြီ။ ဒါအတွက် လွှတ်တော်အမတ်တွေက အစိုးရနဲ့တွဲပြီး အလုပ်အမြန်လုပ်ကြပါတယ်။

ပြီးရင် volunteer တွေ စုဆောင်းလေ့ကျင့်ပေးမယ်။ လေ့ကျင့်ဖို့အတွက်လည်း လေ့ကျင့်ရာ သင်တန်း နေရာလေးစိတ်ဝင်စားစဖွယ် ဖန်တီးမယ်။

သင်တန်းအတွက်လည်း toyota လို ကား company ကြီးတွေဆီက စပွန်ဆာယူလုပ်တယ်။

သင်တန်းလုပ်တဲ့ ပန်းခြံထဲက 🚦မီးပွိုင့်တွေဟာ မီးတောင်မလာဘူး။ လိုမှမလိုတာ ကိုယ့်ခြံထဲပဲ။ 🚦မီးပွိုင့် မီးစိမ်းလားနီလားကို အရင်သင်တန်းဆင်းထားတဲ့ volunteer ထဲက စောင့်ပြီးအော်တယ်။

အကုန်ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာ။

ပြည်သူလူထုထဲက volunteer တွေရလာချိန်မှာ Talks တွေ၊ events တွေ၊ road show တွေကို volunteer အင်အားနဲ့ပြန်လုပ်ပါတယ်။

Anti-drink drive တို့ဘာညာ campaign တွေပေါ့။

လူထုတွေအထွက်များတဲ့ National day တို့ ဘာညာမှာ လူထု campaingn လုပ်ရင် ပိုအောင်မြင်ပါတယ်။ မျိုးချစ်စိတ် ဝင်နေချိန်ကိုး။

နောက်တစ်ချက်က စင်ကာပူဟာ ရှုပ်ပွထနေတဲ့လမ်းတွေဘဝကနေ လူထုက စည်းကမ်းရှိခြင်းကို မျိုးချစ်စိတ်တစ်ခုအဖြစ်တန်ဖိုးထားဖို့ အချိန်တစ်ခုယူခဲ့ရပါတယ်။

မဟုတ်တာလုပ်နေသူတွေကို ပြောရဲမယ့် moral courage နဲ့ ပြောနည်းကို ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် သင်တန်းပေးဖို့လိုပါတယ်။

အရေးအကြီးဆုံးက လူထု campaign တစ်ခုလုပ်မယ်ဆိုရင် အရင်ဘက်စုံထောင့်စုံ consequences အကျိုးဆက်တွေကို စဉ်းစားဖို့လိုပါတယ်။

ဒီနေ့ဒီဥပဒေထုတ်၊ နက်ဖြန်ပြန်ပြောင်းလုပ်နေရင် လုံးဝမအောင်မြင်နိုင်ပါ။

နောက်ပြီးတော့ ကိုယ်လုပ်တဲ့အလုပ်ကို လက်ဲစမသတ်နိုင်ပဲ လုပ်ချင်တာပဲသိရုံနဲ့ မအောင်မြင်နိုင်ပါ။

နောက်ဆုံးအနေနဲ့ လူထုအားကိုလျော့မတွက်ဖို့ လူထုကိုအပါခေါ်နိုင်ရန် နည်းလမ်းများရှာဖို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

ကျနော်တို့ဆီမှာ ဘယ်အစိုးရတက်တက် ပြည်သူလုထုကို အပါမခေါ်နိုင်တာက ပြဿနာပါ။

အချိန်မရ၍ ဤမှာရပ်ခွင့်ပြုပါ။ အပြင်ထွက်ရမှာမို့ ရထားပေါ်ရောက်မှ စာအမှားပြင်ပါတော့မယ်။

Richard Myo Thant
28-Oct-2019