ရုပ်ရှင်၏ ခြေလှမ်းတိုင်းနှင့်အတူ ရန်ကုန်၏ ရင်ခုန်သံဖြင့် ရကြိမ်မြောက်ပွဲတော်ကို ဖွင့်လှစ်မည်

ရုပ်ရှင်၏ ခြေလှမ်းတိုင်းနှင့်အတူ ရန်ကုန်၏ ရင်ခုန်သံဖြင့် ရကြိမ်မြောက်ပွဲတော်ကို ဖွင့်လှစ်မည်

နိုဝင်ဘာလ ၇ရက်၊ ရန်ကုန်။ ။

ရိုးရာဓလေ့နှင့် ရုပ်ရှင် အမွေအနှစ်များကို အများပြည်သူများ ပိုမိုစိတ်ဝင်စား မှုရှိလာစေရန်ရည်ရွယ်၍ ၁ဝ ရက်တာ ကျင်းပပြသမည့် ၇ ကြိမ်မြောက် MEMORY! ပွဲတော်ကို ယနေ့ မိတ်ဆက် ခဲ့သည်။ မြန်မာနိုင်ငံတွင် ၆ ကြိမ်မြောက်အထိ ကျင်းပပြီးစီးထားသော MEMORY! ပွဲသည် ကမ္ဘာတစ်ဝှမ်းမှ အလွန်ထူးခြားကောင်းမွန်သော ရုပ်ရှင်ဇတ်လမ်းများကို အများပြည်သူအတွက် ယူဆောင်လာမည်ဖြစ်သည်။
ရန်ကုန်မြို့သည် တစ်ဖန်ပြန်လည်၍ အာရှ၏ ဖန်တီးမှု ဗဟိုဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာနှင့် မြန်မာပြည်တွင်းမှ အနုပညာရှင်များနှင့် ရုပ်ရှင်ကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များကို ကြိုဆိုလျက်ရှိသည်။ ပြင်သစ်နိုင်ငံမှ ထူးချွန်ဆုရ သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်သည့် Isabelle Huppert သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်မည်ဖြစ်ပြီး အထင်ကရ ရုပ်ရှင်ရုံတစ်ခုဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ၌ ကျင်းပမည့် ဖွင့်ပွဲသို့ မြန်မာ့အကယ်ဒမီဆုရှင် ဆွေဇင်ထိုက် အပါအဝင် အခြားသော အောင်မြင်ကျော်ကြားသူ များနှင့် တတ်ရောက်ဆင်နွဲမည်ဖြစ်သည်။
ကမ္ဘာ့အဆင့် ရုပ်ရှင်ဇတ်ကားကို ရန်ကုန်တွင်ပြသ
ကမ္ဘာတစ်ဝှမ်းမှ အမွေအနှစ် နှင့် ခေတ်ပေါ် အနုပညာများကို ဖန်တီးပုံဖော်ထားသည့် ရုပ်ရှင်ဇတ်ကားပေါင်း ၆၀ ကျော်ကို ၁၀ ရက်တာကာလအတွင်း ပြသပေးသွားမည်ဖြစ်သည်။ ယခုပွဲတော်ကို ဂုဏ်သတင်းကျော်ဇော်သည့် César ဟု လူသိများသည့် ရုပ်ရှင်မင်းသမီး Hupper ကို ၁၉၉၆ ခုနှစ်အတွက် အကောင်းဆုံး သရုပ်ဆောင် ဆုရရှိစေခဲ့သည့် La Cérémonie ဇတ်ကားဖြင့်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ယခုနှစ်တွင် တတ်ရောက်သော ဒါရိုက်တာ Tran Anh Hung၊ သရုပ်ဆောင် မင်းသမီး နှင့် costume designer တစ်ယောက်ဖြစ်သော Tran Nu Yên-Khê တို့ကို ယခုရုပ်ရှင်ပွဲတော်တွင် တက်ရောက်မည့်အတွက် လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြမည်ဖြစ်သည်။ ဒါ့အပြင် ဇတ်လမ်းဖန်တီးသူ ၃ ဦးဖြစ်သည့် Myanmar Script Fund 2019 ပြိုင်ပွဲတွင် ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်မည်ဖြစ်သော ဒါရိုက်တာနှင့် ဆရာတစ်ယာက်ဖြစ်သည့် Claude Mouriéras ၊ သြစတေးလျ နယ်ခံလူမျိုးစု အရေးကိစ္စများအတွက် လှုပ်ရှားတတ်ကြွသူတစ်ဦးဖြစ်သည့် Darlene Johnson နှင့် ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ရွေးချယ်ခံရသော ‘The Swallows of Kabul (2019)’ အမည်ရှိ ရုပ်ကြွဇတ်လမ်း ဖန်တီးသူ Eléa Gobbé-Mévellec တို့ကိုလည်း ဝမ်းမြောက်စွာကြိုဆိုကြမည် ဖြစ်သည်။ ထို့ပြင် ဒါရိုက်တာနှစ်ဦးဖြစ်သည့် မိုးမြတ်ဇာခြည်နှင့် အောင်ဖြိုးတို့မှ စီစဉ်သည့် မြန်မာဇတ်လမ်း မဂ္ဂဇင်းတစ်ခုဖြစ်သည့် 3-ACT သည် ၎င်း၏ ၂၀၁၉ ခုနှစ်အတွက် သီးသန့် အထူးထုတ်နှင့် အတူ ကျွန်တော်တို့၏ အထူး အထူးဧည့်သည် အနေနှင့် ပါဝင်မည်ဖြစ်သည်။
(ရ) ကြိမ်မြောက်ကျင်းပမည့် MEMORY! ပွဲတော်တွင် အရွယ်စုံ ဇတ်လမ်းဖန်တီးသူများအကြောင်း ပုံဖော်ထားသည့် “Life Together” ဇတ်ကားကိုလည်း ဗဟုသုတနှင့် အတွေ့အကြုံများ မျှဝေပေးရန်အတွက် ပြသမည်ဖြစ်သည်။
ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းအနေနှင့်ယခုပွဲတော်တွင် ရုပ်ရှင်သမိုင်းကြောင်း၌ အသိအမှတ်ပြုထိုက်သော သူများအား ဂုဏ်ပြုတင်ဆက်မှုများလည်း ပြုလုပ်မည်ဖြစ်သည်။ ယခုနှစ်တွင် Agnès Varda နှင့် Lino Brocka တို့အတွက် ဂုဏ်ပြုတင်ဆက်များကို ပြုလုပ်မည်ဖြစ်သည်။ Varda သည် ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ်ပြီး ရုပ်ရှင်ကဏ္ဍကို ပိုမိုစိတ်ဝင်စားလာစေရန် လုပ်ဆောင်ပေးရုံသာမက MEMORY! ကဲ့သို့သော ပွဲတော်များ ကိုလည်း ကူညီထောက်ပံ့ပေးသူတစ်ဦးဖြစ်သောကြောင့် ဂုဏ်ပြုထိုက်သူတစ်ဦးဖြစ်သည်။ Brocka သည် တီထွင်ဖန်တီးမူကောင်းစွာဖြင့် လွတ်လပ်သော ရုပ်ရှင်ဇတ်လမ်းများကို ရေးသားသော ဖီလပိုင်လူမျိုး စာရေး ဆရာတစ်ဦးဖြစ်ပြီး ၁၉၇၀ မှ ၁၉၉၃ ခုနှစ်အတွက် ဖီလပိုင်လူမျိုးများ၏ ဆင်းရဲနွမ်းပါးမှုအကြောင်းကို မှန်ကန်စွာ ပုံဖော်ရေးသားပေးခဲ့သူတစ်ဦးဖြစ်သည်။
မတူထူးခြားသောအတွ့အကြုံများကို မတူညီသောနေရာများတွင် တွေ့မြင်ခံစားရမည်ဖြစ်
MEMORY သည် ပွဲအများစု ကျင်းပလေ့ရှိသည့် နေရာများဖြစ်သော ၁၉၂၀ တွင် တည်ထောင်ခဲ့သည့် ဝဇီရာ ရုပ်ရှင်ရုံဟောင်းနှင့် အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာဗန္ဓုလ ပန်းခြံတို့တွင် အများပြည်သူအား တင်ဆက် ပြသသွားမည်ဖြစ်သည်။
အများပြည်သူတို့သည် ပန်းခြံထဲတွင် ပြသမည့် ဂန္ဓဝင်ဇတ်လမ်းများကို ခံစားနိုင်မည့်အပြင် ထူးခြားသည့် အတွေ့ အကြုံတစ်ခုအနေနှင့် ရုပ်ရှင်နှင့် ဂီတကို ပေါင်းစပ်ဖန်တီးထားသည့် Cinémix အတွေ့အကြုံကို ခံစားနိုင်မည် ဖြစ်သည်။ Cinémix သည် ရုပ်ရှင်ဇတ်လမ်းပြသနေစဉ်အတွက် တိုက်ရိုက်တီးခတ်မည့် ဂီတသံစဉ်များဖြင့် ပေါင်းစပ်ခံစားနိုင်မည့် အတွေ့အကြုံတစ်ခုဖြစ်ပြီး ဂီတသံစဉ် ကို Itö နှင့် ဗီဒီယိုအနုပညာရှင် တစ်ဦးဖြစ်သည့် Alexandre Elkouby က တီးခတ်မည်ဖြစ်သည်။
ယခုနှစ်တွင် MEMORY! ကို လမ်းသွယ်များဆီအထိ ယူဆောင်သွားမည် ဖြစ်သည်။ လမ်းသွယ်ပရောဂျက်များ အတွက်သာမက၊ လမ်းသွယ် အနုပညာပြပွဲများကို အရှိန်မြှင့်ပေးနိုင်ရန်အတွက် ထူးခြားသည့် နေရာတစ်ခုကို ရန်ကုန်မြို့ရှိ လမ်းမတစ်ခုတွင် ထည့်သွင်းပြုလုပ်လျက်ရှိသည်။ လူကြီးမင်းတို့အနေနှင့် YGNWALLS မှ အနုပညာရှင်များ၏ ဖန်တီမှုတစ်ခုဖြစ်သည့် မြန်မာ့ရုပ်ရှင်ရွှေခေတ်မှ ဂန္ဓဝင်ရုပ်ရှင်ကား ၃ ခု၏ နံရံဆေးရေး ပန်းချီများကို ခံစားနိုင်မည်ဖြစ်သည်။
လမ်းသွယ်အနုပညာပြပွဲတစ်ခုဖြစ်သောကြောင့် MEMORY! ပွဲတော်သည် Myanmar 100 အမည်ဖြင့် ရုပ်ရှင် အမွေအနှစ် ထိမ်းသိန်းမှုတစ်တစ်ရပ်ကို လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင် သမိုင်းကြောင်း၏ နံရံကြော်ငြာများနှင့် ရုပ်ပုံများအကြာင်း ပြပွဲတစ်ခုကို ကျင်းပသွားမည်ဖြစ်သည်။
ထို့အပြင် မြန်မာ ဂန္ဓဝင်ရုပ်ရှင်တစ်ခုဖြစ်သည့် မှုန်ရွှေရည်ဇာတ်ကားကို ပြန်လည်အသက်သွင်း တင်ဆက်မည် ဖြစ်သည်။ ယင်းကဲ့သို့ပြန်လည်အသက်သွင်းတင်ဆက်မှုများကို MEMORY! မှ ယခင်ကလည်း လုပ်ဆောင်ခဲ့ပြီး မြဂနိုင်ဇာတ်ကား(၁၉၃၄) ကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ ပျိုချစ်လင်ဇတ်ကား(၁၉၅၀) ကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း ပြန်လည်အသက်သွင်း တင်ဆက်ပြသခဲ့ပါသည်။ ပြန်လည်အသက်သွင်းတင်ဆက်မှုတွင် ပါဝင်ခဲ့သော ပြင်သစ်၊ အီတလီနှင့် ဂျာမနီတို့မှ ပြန်လည်အသက်သွင်းတင်ဆက်ပြသထားသည့် ဇတ်လမ်းရုပ်ရှင် များကို လက်ဆောင်တစ်ခုအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ သြစတေးလျသည်လည်း ၎င်းပြန်လည်အသက်သွင်းထားသည် ၁၉၀၅ ခုနှစ်မှ ဇတ်လမ်းပိုင်းတစ်ခုကို မြန်မာ့ ရုပ်ရှင် ထိန်းသိမ်းရေးသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ချက်များကို မကြာမီတွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနားတွင်လည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်သည်။
MEMORY! သည် ၎င်း၏ Myanmar Script Fund programme မှတစ်ဆင့် ရုပ်ရှင်ဇတ်လမ်းဖန်တီးသူ လူငယ်များကို တွန်အားပေးလျက်ရှိပြီး ယခုနှစ်တွင် အဆိုပါ အစီအစဉ်မှ နောက်ဆုံး အဆင့်ရွေးချယ်ထားသော ဇတ်လမ်းဖန်တီးသူ ၆ ဦးကို ထောက်ပံ့ကူညီပေးခဲ့ပါသည်။ ယခုပွဲတော်သည် စာနယ်ဇင်းနှင့် ယဉ်ကျေးမှုအစီ အစဉ် လုပ်ဆောင်ချက်များကို မြန်မာစာနယ်ဇင်း သင်တန်းကျောင်းနှင့် ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်သည်။
“MEMORY! ဆိုတာ ကမ္ဘာ့တိုက်ကြီးမှ လူတိုင်းအတွက် အတိတ်နဲ့ ယနေ့ဖြစ်စ်စဉ်တွေအတွက်ပါ တန်ဖိုးထားရတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ သူဟာ အာရှမှာ တစ်မူထူးခြားပြီး ဒီလို ယဉ်ကျေးမှုပွဲတော်ကို ကျင်းပတဲ့အတွက်ကြောင့် အခြားသောနိုင်ငံများ အတူတကွဖြစ်လာဖို့ ရန်ကုန်က လုပ်ဆောင်ပေးလိုက်ပါတယ်” ဟု MEMORY! ပွဲတော် အား တွဲဖက်တည်ထောင်သူ Séverine Wemaere နှင့် Gilles Duval မှ ပြောကြားသွားခဲ့သည်။
“မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲတဲ့အချိန်ကစပြီးတော့ ဂျာနယ်လစ်တွေ သူတို့အလုပ်ဆောင်ရွက်ဖို့ အတွက်အ များကြီး တိုးတက်လာပါတယ်။ ဒါပေမယ့်အရေးကြီးတဲ့နောက်ပြန်ဆွဲမှုတွေရှိနေပါတယ်။ အရေးကြီးတဲ့ သူတို့ လုပ်ငန်းကို ဆောင်ရွက်ဖို့အတွက် ဂျာနယ်လစ်များက စွပ်စွဲခံရခြင်းနဲ့ ခြိမ်းခြောက်ခံရခြင်း၊ အကြောက်တရား တို့မှ ကင်းဝေးဖို့လိုအပ်ပါတယ်။ ဒါမှသာလူငယ်များဟာ တန်ဖိုးရှိတဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့နဲ့ သည်းခံနိုင်စွမ်း နဲ့ကွဲပြားမှုတို့ရဲ့ ယန္တရားစာဆောင်တစ်ခုဖြစ်လာဖို့ ရှာဖွေစူးစမ်းလာကြတော့မှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး H.E. Kristian Schmidt မှပြောကြားခဲ့ပါသည်။
“ပြင်သစ်သံရုံးနဲ့ ရန်ကုန်မှာရှိတဲ့ပြင်သစ်ယဉ်ကျေးမှုဌာနအနေနဲ့ အမြင်သစ်များကို ဖွင့်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ အရည် အချင်းရှိသူများကို အားဖြည့်ပေးဖို့နဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာ့ရုပ်ရှင်သမိုင်းကို ပြန်လည်ဂုဏ်ပြုဖို့ အခုလို MEMORY! ရုပ်ရှင်ပွဲတော်မှာ ပံ့ပိုးကူညီရတဲ့အတွက်အရမ်းဂုဏ်ယူမိပါတယ်။ ယဉ်ကျေးမှုနဲ့ တန်ဖိုးဝေမျှခြင်း၊ အနုပညာရှင်များနှင့် လူထုကြားဝေမျှမှုများ ပြုလုပ်ဖို့အတွက် ကျွန်တော်တို့ယဉ်ကျေးမှုဆိုင်ရာသံသတမန်ရေးရာ ရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်” ဟု ပြင်သစ်သံရုံး၏ယဉ်ကျေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအကြံပေး Mr. Cyprien François မှပြောကြားခဲ့ပါတယ်။
MEMORY! ရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ သတင်းပြန်ကြားရေးဝန်ကြီးဌာနာ၏ နှစ်ထောင်းအားရကူညီပေး မှုနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းအစိုးရ၊ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ ပြင်သစ်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှုဌာနာ၊ ဆွစ်ဇာလန်သံရုံး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆွစ်အင်ဂျင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောမသမဂ္ဂတို့၏ ပူးပေါင်းပါဝင်ခဲ့ကြသည်။ အမေရိကန်သံရုံးနှင့် သြစတေးလျသံရုံးတို့မှ လည်း ပံ့ပိုးကူညီပေးခဲ့သည်။
ပလပ်တီနမ်အဆင့် ပံ့ပိုးကူညီသူများမှာ Forever Group နှင့် Rosewood Yangon ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူ Michel Merkt ၏ အထူးထောက်ပံ့ကူညီမှု ရရှိခဲ့ပါသည်။ ရွှေရောင်အဆင့် ပံ့ပိုးကူညီ သူများမှာ Arte Cinema ၊ CNC၊ Junction ၊ RICE နှင့် L’immagine Ritrovata တို့ဖြစ်သည်။ ငွေရောင်အဆင့် တွဲဖက်ကူညီသူများမှာ Myanmar Journalism Institute၊ Gulliver Travels ၊ Le Planteur Retaurants နှင့် Lounge၊ SBA Wines၊ Yangoods၊ Max+ နှင့် YGNwalls. တို့ဖြစ်ပါသည်။

Close Menu