



#Znewsမြန်မာရဲ့အကြီးဆုံးအခွန်ထမ်း ၅ဦးထဲ Grand Royal ကုမ္ပဏီပါဝင်

ဆယ်စုနှစ် ၂ခုကျော် ပြည်တွင်းဈေးကွက်မှာ အခိုင်အမာရပ်တည်နေတဲ့ Grand

Royal Group Internationalကုမ္ပဏီဟာ ၁၉၉၅ခုနှစ်မှစတင်တည်ထောင်ခဲ့တာပါ။

အစိုးရချမှတ်ထားတဲ့ နည်းဥပဒေ စည်းကမ်းတွေနဲ့ အလုပ်သမားဥပဒေများနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေတွေကို လိုက်နာပြီး အခွန်ကို တာဝန်ကျေအောင်ပေးဆောင်ခဲ့တယ်လို့ သူတို့ထုတ်ပြန်ချက်အရသိရပါတယ်။
” နိုင်ငံတော်အတွက် အခွန်အပြည့်အဝပေးဆောင်ခြင်းဟာ ကျွန်တော်တို့ကုမ္ပဏီရဲ့ လူမှုတာဝန်ကျေပွန်မှုတစ်ရပ်အဖြစ် အလေးအနက်ထားဆောင်ရွက်လျှက်ရှိပါတယ်
” ဟု Grand Royal Group ရဲ့ Co- Chairman ဦးအောင်မိုးကျော်က ပြောပါတယ်။
Grand Royal Group က Thai Beverage Company နဲ့အကျိုးတူပူးပေါင်းထားသလို Seagram Myanmar ကဲ့သို့ နိုင်ငံတကာကုမ္ပဏီများကိုလည်း အလားတူရင်းနှီးမြှပ်နှံလာအောင်ဆွဲဆောင်ထားပါတယ်။
ယမကာနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတခုရဲ့ထုတ်ပြန်ချက်အရ
ကမ္ဘာ့အင်အားအကြီးမားဆုံး ယမကာအမှတ်တံဆိပ် ၁၀၀တွင် အဆင့် ၄၁ အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။
#Znews