ဆယ်ကျော်သက်အရွယ်တွေ အွန်လိုင်းမှာ ဘေးကင်းလုံခြုံစေဖို့ မိဘများ ကူညီပေးပါ

ဆယ်ကျော်သက်အရွယ်တွေ အွန်လိုင်းမှာ ဘေးကင်းလုံခြုံစေဖို့ မိဘများ ကူညီပေးပါ

ဆယ်ကျော်သက်တွေ ဆိုရှယ်မီဒီယာ အသုံးမပြုခင်မှာ နည်းပညာဆိုင်ရာ ဗဟုသုတများကို ဦးစွာ အသိပေးထားပါ။
လေ့လာတွေ့ရှိချက်များအရ ကလေးသူငယ်အများစုမှာ အသက် (၆) နှစ်အရွယ်မှာပင် စမတ်ဖုန်းများ၊ တက်ဘလက်များကို ကိုင်တွယ် သုံးစွဲခွင့် ရနေပါပြီ။

ဆိုရှယ်မီဒီယာပေါ်မှာ တစ်ခုခု မတင်ခင် အရင်စဉ်းစားပါ
Facebook ပေါ်မှာ တစ်ခုခု မတင်ခင် ဒီ ပိုစ့်ကြောင့် နားလည်မှုလွဲစရာတွေ၊ တစ်ယောက်ယောက်ကို အရှက်ရ၊ ထိခိုက်စေတာမျိုးတွေ ဖြစ်စေနိုင်လားဆိုတာ အရင် စဉ်းစားခိုင်းပါ။

ကလေးတွေအတွက် စံပြဖြစ်အောင် ကြိုးစားပါ
ကလေးတွေဟာ “ကိုယ်ပြောသလို မလုပ်၊ ကိုယ်လုပ်တဲ့အတိုင်းသာလုပ်” လို့ ပြောတတ်ကြတဲ့ စကားက အပြင်မှာတင် မှန်တဲ့စကားမဟုတ်ဘဲ အွန်လိုင်းပေါ်မှာလဲ အဲဒီ့အတိုင်းပါပဲ။ ကိုယ့်ကလေးကို ဆိုရှယ် မီဒီယာ (သို့မဟုတ်) အွန်လိုင်းသုံးတဲ့အခါ အချိန်သတ်မှတ်ပေးထားရင် (ဥပမာ – ည ၁၀ နာရီနောက်ပိုင်း စာမပို့ရတော့ဘူး ဆိုတာမျိုး) ကိုယ်ကိုယ်တိုင်လည်း အဲဒီ့ စည်းကမ်းတွေကို လိုက်နာပြသင့်ပါတယ်။

အချိန်ကောင်းကို စောင့်ပြီးမှပြောပါ
ဥပမာပြောရရင် ကိုယ့်ကလေးကို မိုဘိုင်းဖုန်း ပထမဦးဆုံးပေးကိုင်တဲ့အချိန်ဟာ အခြေခံ စည်းကမ်းတွေ သတ်မှတ်ပြီး လေ့ကျင့်ပေးရမယ့် အချိန်ကောင်းပါပဲ။ ကိုယ့်ကလေးက Facebook အပါအဝင် တစ်ခြား ဆိုရှယ်မီဒီယာတွေကို သုံးချင်တဲ့ အရွယ်ရောက်ရင်တော့ ဘယ်လိုအရာတွေကို မျှဝေသင့်တယ်ဆိုတာ ပြောပြဖို့ အချိန်ကောင်းပါ။ ကိုယ့်ကလေးက ယာဉ်မောင်းလိုင်စင်ရပြီဆိုရင်လည်း ကားမောင်းရင်း ဖုန်းနဲ့ စာမရိုက်ဖို့ အရေးကြီးတဲ့အကြောင်း နားလည်အောင် ပြောပြဖို့ အချိန်ကောင်းတစ်ခုပါ။

လိုအပ်သလို ထိန်းချုပ်ပါ
ကိုယ့်ကလေးတွေကို Facebook ပေါ်က သူတို့ရဲ့ သတင်းစဉ် (News Feed) မှာ မြင်ရတဲ့ အကြောင်းအရာတွေကို ပိုစ့်တွေရဲ့ ညာဘက်ထောင့်မှာမှာရှိတဲ့ အစက်လေး (၃) စက်ကိုနှိပ်ပြီး ထိန်းချုပ် နိုင်တယ်ဆိုတာ ပြောပြထားပါ။
● ကိုယ့်သတင်းစဉ်မှာ ပေါ်လာတဲ့ အကြောင်းအရာတစ်ခုကို မကြိုက်ရင် hide နှိပ်ပြီး ဖုံးထားလို့ ရပါတယ်။
● တစ်စုံတစ်ယောက်ရဲ့ ပို့စ်တွေကို မမြင်ချင်ဘူးဆိုရင် အဲဒီ့လူကို unfollow ဒါမှမဟုတ် snooze လုပ်ပြီး သူ့ ပို့စ်တွေကို ဆက်မကြည့်တော့တာ၊ ခဏရပ်ထားတာ လုပ်နိုင်ပါတယ်။
● တစ်ယောက်ယောက်ကို အနိုင်ကျင့်နှောင့်ယှက်တဲ့ ပို့စ်တစ်ခုတွေ့ရင်လည်း give feedback ဒါမှမဟုတ် report လုပ်ပြီး တိုင်ကြားနိုင်ပါတယ်။

Photo ‘ Internet