ဘယ်လိုပဲဖြစ်ဖြစ် အများအတွက်ခရီးသွားဗီဒီယိုကလစ်လေးတွေဖန်တီးပြီး လူမှုကွန်ယက်ကနေ ထုတ်လွှင့်တင်ဆက်ဖို့ဆိုတာကလည်း ငွေကြေးရယ် အချိန်တွေရယ်ပေးပြီး လုပ်ရတဲ့ကိစ္စတစ်ခုလည်းဖြစ်တာမို့ မပိုးဥတို့လိုဝါသနာအရလုပ်နေသူတွေအတွက်သူတို့ရဲ့ခရီးသွားဘလော့ဗီဒီယိုလေးတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ကြော်ငြာလေးတွေထည့်ပေးရင်တော့ ၂ဦးနှစ်ဖက်အဆင်ပြေသလို ဒေသန္တရ ဗဟုသုတရမယ့်ခရီးသွားဗီဒီယိုလေးတွေကို ကြည့်ရှုခံစားမဲ့ ပရိသတ်အတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်။
အလုပ်ကထွက်ပြီးစုထားတဲ့ပိုက်ဆံလေးတွေနဲ့ခရီးထွက်ရင်း ဗီဒီယိုလေးတွေဖန်တီးနေသူ
မပိုးဥပံု
အလုပ်လုပ်ရင်းပိုက်ဆံစုထားပြီးနောက် အလုပ်ထွက်ခါ ဝါသနာပါတဲ့ခရီးသွားခြင်းနဲ့ အတူ အဲ့ဒေသက အလှတရားတွေရယ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေကို အတတ်နိုင်ဆုံး နိုင်ငံခြားကလူတွေထိပါသိရှိပြီး မြန်မာနိုင်ငံကိုလာလည်ချင်အောင် ဗီဒီယိုလေးတွေဖန်တီးတာ ဝါသနာပါတဲ့ ခရီးသွားဘလော့ဂါလေးဟာ မပိုးဥဖြစ်ပါတယ်။
အသက်၂၆နှစ်အရွယ်သူမဟာ စကားပြောနူးညံ့ယဉ်ကျေးခြင်း၊ရိုးသားပွင့်လင်းဖော်ရွေပြီးတော့ သူမသွားလာခဲ့တဲ့ခရီးတွေကို ဗီဒီယိုကလစ်လေးတွေအဖြစ်ဖန်တီးပြီး သူမရဲ့ pageကနေ ၃လအတွင်းခရီးသွားဗီဒီယို ၁၄ခုထိတင်နိုင်ခဲ့ပါတယ်။ သူမရဲ့ခရီးသွားဗီဒီယိုလေးတွေကို အင်္ဂလိပ်စာတမ်းထိုးပေးပြီး ရုပ်ကတ်များကိုလည်းလှပအောင် သေချာစနစ်တကျတည်းဖြတ်ထားတာကိုလည်း သူမရဲ့ဗီဒီယိုတွေကိုလေ့လာကြည့်ရင်းနဲ့သိရပါတယ်။
သူမဘလော့ဂါဖြစ်လာတာဟာ  ငယ်ရွယ်စဉ်မှာ ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်သွားချင်တဲ့ စိတ်တစ်ခုကြောင့်ဖြစ်မယ်ထင်ပါတယ်။
သူမရဲ့ဗီဒီယိုကလစ်လေးတွေမှာထူးခြားတာက ဆိုလိုရင်းကိုအင်္ဂလိပ်စာတမ်းထိုးပေးထားတဲ့အတွက် မြန်မာနိုင်ငံကိုလေ့လာလိုပြီး ခရီးသွားလိုတဲ့ နိုင်ငံခြားသားတွေအတွက် အထောက်ကူပြုမယ်လည်းထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အများအတွက်ခရီးသွားဗီဒီယိုကလစ်လေးတွေဖန်တီးပြီး လူမှုကွန်ယက်ကနေ ထုတ်လွှင့်တင်ဆက်ဖို့ဆိုတာကလည်း ငွေကြေးရယ် အချိန်တွေရယ်ပေးပြီး လုပ်ရတဲ့ကိစတစ်ခုလည်းဖြစ်တာမို့ မပိုးဥတို့လိုဝါသနာအရလုပ်နေသူတွေအတွက်သူတို့ရဲ့ခရီးသွားဘလော့ဗီဒီယိုလေးတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ကြော်ငြာလေးတွေထည့်ပေးရင်တော့ ၂ဦးနှစ်ဖက်အဆင်ပြေသလို ဒေသန္တရာဗဟုသုတရမယ့်ခရီးသွားဗီဒီယိုလေးတွေကို ကြည့်ရှှုခံစားမဲ့ ပရိသတ်အတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်။
အမှန်ဆိုရင်တော့ခုခေတ်မှာက ဘလော့ဂါတွေကများပြားလှပါတယ်။ ထိုများစွာထဲက  ဝါသနာအရင်းခံပြီး ငွေကြေးအကုန်ကျခံကာ ခရီးသွားသွားဘလော့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးနေတဲ့ မပိုးဥနဲ့တွေ့ဆုံစဉ် သူမရဲ့အသံတွေကို ဗီဒီယိုကလစ်အဖြစ်ဖန်တီးပြီးဖော်ပြပေးလိုက်ပါတယ်။